မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လာရောက်သူများ အား  အင်ဒိုနီးရှားနိုင်ငံက ဗီဇာကင်း လွတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း  သတင်းထုတ်ပြန်ချက် တစ်ရပ်အရသိရှိ ရပါသည်။ 
ယင်းသို့ ဗီဇာကင်းလွတ်ခွင့်ပြု လိုက်သည့် နိုင်ငံများမှာ မြန်မာ၊  ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ချီလီ၊ အီကွေ ဒေါ၊ ဟောင်ကောင်၊ လာအို၊ မကာအို၊  မလေးရှား၊ မော်ရိုကို၊ ပီရူး၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်  နမ်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါနိုင်ငံများသည် ဗီဇာမ လိုအပ်ဘဲ အင်ဒိုနီးရှားနိုင်ငံတွင်း ရက် ၃၀  ကြာနေထိုင်ခွင့်ရှိသည်ဟု  စင်ကာပူနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ၂၀၁၁  ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။
အင်ဒိုနီးရှားနိုင်ငံသည်အာဆီယံ အဖွဲ့အစည်း၏ဥက္ကဋ္ဌအဖြစ်ယခုနှစ်တွင်  ဆောင်ရွက်နေပြီး အာဆီယံအဖွဲ့အစည်း ကနှစ်စဉ်ကျင်းပလေ့ရှိသော ထိပ်သီး  ဆွေးနွေးပွဲနှင့် အစည်းအဝေးများကို လည်း လက်ခံကျင်းပလျက် ရှိသည်။
အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံအနေဖြင့်   ယခုနှစ်တွင် လက်ခံကျင်းပ ရသော အစည်းအဝေးများ၊ ဆွေးနွေး ပွဲများ၊  ပြပွဲများသို့ လာရောက်သူများလည်း များပြားခဲ့ကာ ကျန်ရှိနေသေးသည့်  အခမ်းအနားများသို့လည်း တက်ရောက်သူ ပိုမိုနိုင်သည် ဟု အင်ဒိုနီးရှားနိုင်ငံ  Antara News က ထုတ်ပြန်ထားသည်။
(၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်  အစည်းအဝေးများကို အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းတွင် နိုဝင်ဘာလ၌  ပြုလုပ်မည်ဖြစ်သည်။ နိုဝင်ဘာလ အတွင်းတွင်ပင် (၂၆)ကြိမ်မြောက်  အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ (ဆီးဂိမ်းစ်)ကိုလည်း ကျင်းပမည် ဖြစ်ရာ  ဒေသတွင်းနိုင်ငံများမှ နိုင်ငံသားများ ရောက်ရှိမှု ပိုမိုလာနိုင်သည် ဟု  သိရှိရသည်။
အာဆီယံအတွင်းရေးမှူးချုပ် ရုံးတည်ရှိသည့်အတွက်လည်း  အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအရာရှိများ လာရောက်မှုများမှာ ယခင်ကတည်းက  ရှိနေသည်။၂၀၁၁ ခုနှစ် မတ်လအတွင်း  အာဆီယံဒေသတွင်း နိုင်ငံများမှ ခရီး သွားဦးရေ  ၂၁၀၀၀၀ ကျော် အင်ဒို နီးရှားနိုင်ငံသို့ ၀င်ရောက်ခဲ့ကာ စင် ကာပူ၊ မလေးရှား၊  ဖိလစ်ပိုင်၊ ထိုင်း နိုင်ငံတို့ အဓိက ပါဝင်ခဲ့သည်ဟု သိရှိရသည်။  အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအနက်  ခရီးသွားများပြားသော အနေအထားဖြင့် ရပ်တည်နေပြီး ဘာလီကျွန်းမှာလည်း  အာရှ၏ကျော်ကြားသော ခရီးသွားဒေသတစ်ခုလည်း ဖြစ်နေသည်။
မြန်မာနိုင်ငံသည် ကမ္ဘောဒီးယား နိုင်ငံသို့ သွားရောက်ပါကလည်း ဗီဇာကြိုတင်  လျှောက်ထားရန် မလိုအပ်ဘဲ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ခွင့် ရရှိထားသည်။
No comments:
Post a Comment