ပြည်သူ့လွှတ်တော်   ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး  ဦးအေးသာအောင်သည်   နိုင်ငံခြားသားများ၊ သံတမန် များနှင့်  တွေ့ဆုံနေခြင်းကို စစ်ဖက်ရေးရာ   လုံခြုံရေးအဖွဲ့ (စရဖ) က မကြာခဏ  လာရောက်မေးမြန်းခြင်း၊ ၎င်းသွားရာ နောက်သို့   အမြဲတမ်း  လိုက်လံစောင့်ကြည့်ခြင်း ရှိနေသည်ဟု သိရသည်။ ယနေ့ နံနက်က စရဖ   တချို့ ၎င်း၏  နေအိမ်သို့ လာရောက်၍ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ   ဒဲရက်မစ်ချယ်နှင့်  ဆွေးနွေးချက်များအား သိလိုသည်ဟု လာရောက် မေးမြန်း   ကြောင်း၊ ၎င်းက  ဖြေဆိုခြင်းမပြုဘဲ ဖမ်းဆီးလိုက ဖမ်းနိုင်သည်ဟု   ပြောဆိုလိုက်ကြောင်း  ဦးအေးသာအောင် က ဧရာဝတီကို ပြောသည်။
No comments:
Post a Comment