မွန်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင် (ခေါ်) နိုင်မြင့်ဆွေ  ဦးဆောင်ပြီး အခြားသော မွန်ပြည်သစ် ခေါင်းဆောင်ဟောင်း နှစ်ဦး၊  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ထိပ်ပိုင်းခေါင်းဆောင်တဦးနှင့် သြဇာတိက္ကမ ရှိသည့် ဆရာတော်တပါး ပါဝင်ကြောင်း ကိုယ်စားလှယ်များနှင့် သွားရောက် ညှိနှိုင်းရာတွင် ပါဝင်သူတဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ  ဦးဆောင်သော ယခင် စစ်အစိုးရ လက်ထက် အပစ်ခတ်ရပ်စဲမှု သဘောတူညီချက် စတင်  ရရှိခဲ့သည့် ၁၉၉၅ ခုနှစ်နှင့် အပစ်ရပ်ပျက်သွားခဲ့သော ၂ဝ၁ဝ ခုနှစ်အတွင်း  မွန်ပြည်သစ် ပါတီခေါင်းဆောင် ၂၀ ခန့် အနားယူသွားခဲ့ကြသည်။ ထိုသူများအနက်  နိုင်လဝီအောင်မှာ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရက ၂၀၁၁ ခုနှစ်တွင်   ပြည်နယ်အစိုးရ ပြောင်းလဲ ဖွဲ့စည်းရာတွင် ပါလာခဲ့သည်။
သီးခြား အတည်မပြုနိုင်သော်လည်း ပြည်နယ် အစိုးရဘက် ကိုယ်စားလှယ်အဖွဲ့တွင် မွန်ပြည်သစ် ပါတီ ခေါင်းဆောင်ဟောင်း  ဖြစ်သူ နိုင်တင်အောင်ကိုလည်း ရွေးချယ်ထားသည်ဟု ဆိုသည်။ ကိုယ်စားလှယ်  အဖွဲ့ဝင်များကို နေပြည်တော်မှ အတည်ပြုပေးရန် လိုအပ်သည်။
“အခု  လောလောဆယ် တရားဝင် မကြေညာရသေးဘူး ဆိုတော့ ပြောလို့မ ရသေးဘူးပေါ့နော်။  နေပြည်တော် က အတည်ပြုပေးဖို့ ကျန်ပါသေးတယ်” ဟု နိုင်တင်အောင်က ပြောသည်။
“အခြေအနေကို ကြည့်ရတာ ကောင်းတဲ့ လက္ခဏာ ရှိတယ်။ ဒီဆွေးနွေးပွဲကနေ တဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲပေါ်လာနိုင်တယ်”   ဟု ဆိုကာဗဟိုအစိုးရ၊ ဒေါ်အောင် ဆန်းစုကြည် ခေါင်းဆောင်သော  ဒီမိုကရေစီလိုလားသည့် အတိုက်အခံ အင်အားစုနှင့် တိုင်းရင်းသားအဖွဲ့များ၏  ဆွေးနွေးမှု ပေါ်ပေါက်လာနိုင်သည်ဟုပင် သူက ညွှန်းဆိုပြောသည်။
နိုင်တင်အောင်သည်  ၁၉၅၈ ခုနှစ်က ဦးနု အစိုးရထံ လက်နက်အပ်ခဲ့သည့် မွန်ပြည်သူ့တပ်ဦး ဥက္ကဋ္ဌ နိုင်အောင်ထွန်း၏  သားဖြစ်သည်။ ၁၉၈ဝ နှောင်းပိုင်းတွင် နှစ်ခြမ်းကွဲသွားသော  မွန်ပြည်သစ်ပါတီကို ပြည်လည် ပေါင်းစည်းရန် စွမ်းဆောင်ရာတွင် ပါဝင်ခဲ့သူတဦး  ဖြစ်သည်။  ယခင်စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက် ၂ဝဝဝ ပြည့်နှစ်တွင် ပါတီမှ အနားယူခဲ့သည်။
No comments:
Post a Comment