Sunday, September 18, 2011

မလေးရှားရောက်မြန်မာများနှင့် အိုဗာစတေးသမားများအတွက် ပက်စ်ပို့  ဈေးနှုန်းနှင့်လျှောက်ထားရန်သတင်းတချို့။

မလေးရှားရောက် မြန်မာများအတွက် တရားဝင် မြန်မာနိုင်ငံကူး လက်မှတ် ရှောက်ထားရေးနဲ့ ပါတ်သက်ပြီး (Burma Daily News) ဝိုင်းတော်သားတယောက်မှ ပေးပို့လာသော အချက်အလက်အချို့ကို တင်ပြလိုက်ပါတယ်။
ထူးခြားသတင်း အနေနဲ့ 6P စီမံချက်ရဲ့ ဒုတိယအဆင့် နဲ့ တတိယအဆင့်ဖြစ်တဲ့Legalization & Amnesty  မြန်မာလို ပါမစ်ပြန်လည်ချထားပေးခြင်းနှင့် ပြန်ပို့ရန် ဆုံးဖြတ်ခြင်း အဆင့် 2 ဆင့်ကို
15.9.2011 မှစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရပါတယ် ။

ပါမစ်လျှောက်ထားသူများအားလုံး *အထူးသတိပြုရန်မှာ* မိမိတို့ ယာယီပါမစ်ပေါ်ရှိနာမည် ၊ မွေးနေ့ ၊ Passport နံ့ပတ် အစရှိတဲ့ အလုပ်သမားကိုယ်ရေးအချက် (Bio Data)များမှားယွင်းခြင်း ၊ သူဌေးပြောင်းလဲခြင်း ၊ ပါမစ် Sectorများပြောင်းလဲခြင်းကို အချိန်မှီ အမြန်ဆောင်ရွက်ထားရန်အလွန် အရေးကြီးပါတယ်။ထိုသို့ပြောင်းလဲရန် အတွက် မလေးရှားလူဝင်မှု့ကြီးကြပ်ရေးမှ ပြောင်းလဲရမည့်ပုံစံ ( Form ) များကို ထုတ်ပေးထားပြီဖြစ်ပါတယ် ။
မိမိတို့လက်ဗွေ နှိပ်ထားသော အေးဂျင်းများ ၊ ကုမဏီများ နှင့်လူဝင်မှု့ကြီးကြပ်ရေးဌာနများ စသဖြင့် မိမိတို့ လက်ဗွေ နှိပ်တဲ့နေရာမှာကိုယ်တိုင်သွားရောက်ပြောင်းလဲ ရမှာဖြစ်ပါတယ် ။
သို့မှသာ Approval ရရှိပါက ပါမစ် နှင့် စာအုပ် အချက်အလက်များမှန်ကန်မှု့ရှိမည်ဖြစ်ပါတယ်  မမှန်ကန်ပါက ပါမစ်ကပ်ရန် အခက်ခဲရှိနိုင်ပြီးကြန့်ကြာ နိုင်ပါတယ် ။
Approval ( မလေးရှားအစိုးရမှ ပါမစ်ပေးမည့်အကြောင်း စာရွက်စာတန်း ) ရရှိပြီးမှသာ မြန်မာနိုင်ငံ ကူးလက်မှတ် ( Passport ) ရရှိမှာဖြစ်ပါတယ် ။ ထိုသို့Approval ရရှိမှလည်း Levy ကြေး သွင်းခြင်းနှင့် ကျန်သော အဆင့်များကိုထုံးစံအတိုင်ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ် ။
 မလေးရှား နိုင်ငံ မြန်မာ သံရုးမှလည်း စာအုပ်ဖိုး ကုန်ကျငွေအစုစု နှင့် လျှောက်ထားရမည့် လိုအပ်သော အချက်အလက်များ ၊ ဈေးနှုန်းများ နှင့် လျှောက်ထား ရန် နေရာများကို ကြော်ငြာပြီးဖြစ်ပါတယ်။
သိုဖြစ်ပါ၍ ယာယီပါမစ်စတင် ပြုလုပ်ချိန် က ပါတ်စပို့မိတ္တူသာ ပေးထားသော သူများမှတ်ပုံတင် ၊ သန်းခေါင် စာရင်း နှင့် ရပ်ကွက်ထောက်ခံစားများ ထပ်မံ ပြင်ဆင်ထားရန်အထူးအရေးကြီးပါတယ် ။မိမိတို့ လက်ဗွေ နှိပ်ထားသော ကုမ္မဏီ အေးဂျင်းများထံတွင်လည်းပါတ်စ ပို့စာအုပ်များလျှောက် ထားနိုင်ပါတယ် ။ 
တစ်ချို့သော တရုတ် အေဂျင်စီများ သည်စာအုပ်ရရှိရန်အတွက် 2000 တိတိ တောင်းပါတယ်။ သို့ကြောင့်မိမိတို့မသိရှိပါက နီးစပ်ရာ မြန်မာများထံ (သို့)တတ်ကျွမ်း နားလည်သူတို့ထံ မေးမြန်းစုံစမ်းပြီးမှ လုပ်ဆောင်ကြဖို့ အသိပေးအပ်ပါတယ်။







No comments:

Post a Comment