ဧရာဝတီမြစ်ဆုံတွင်  ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်  ကိစ္စနှင့်ပတ်သက်ပြီး  အစိုးရအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုရှိနေသောကြောင့်  မြစ်ဆုံဆည် ဆက်လက်  တည်ဆောက်     ခြင်းပြု၊ မပြုကိစ္စ မတင်မကျ ဖြစ်နေကြောင်း  သတင်း ရရှိသည်။
သမ္မတ  ဦးသိန်းစိန်အပါအ၀င်  အစိုးရ၀န်ကြီးဌာန တချို့က မြစ်ဆုံစီမံကိန်းနှင့်  စပ်လျဉ်း၍  ဆန်းစစ်လေ့လာမှုများ ပြုလုပ်ပြီးမှ ပြန်လည်  ဆောက်လုပ်ခွင့်ပြုသင့်၊  မပြုသင့် ဆုံးဖြတ်ရန် လိုလားနေကြသော်လည်း ဒုတိယ  သမ္မတ သီဟသူရ  ဦးတင်အောင်မြင့်ဦး အပါအ၀င် အစိုးရ၀န်ကြီး တချို့ကမူ  မြစ်ဆုံစီမံကိန်း  မူလရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်သွားရန် ဆန္ဒ  ရှိနေကြကြောင်း  သိရသည်။
နေပြည်တော်တွင် စက်တင်ဘာလ ၁၇ ရက်နေ့က   ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု   ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရ   ၀န်ကြီးတချို့၏ သဘောထား ကွဲလွဲမှုများကို သိသိသာသာ တွေ့မြင်ခဲ့ရကြောင်း   တက်ရောက်ခဲ့သည့် သတင်းထောက်များ ထံမှ သိရသည်။
“အလုပ်ရုံ  ဆွေးနွေးပွဲ  နောက်ဆုံးမှာ စက်မှု ၂ ၀န်ကြီးဦးစိုးသိန်းက အကြံပြုချက်တခု  တင်ပြတယ်။  ဒီအကြံပြုချက်မှာ စည်းလုံးညီညွတ်မှု မပြိုကွဲချင်တဲ့ အကြောင်း၊  ပြည်သူကို  အလေးထားတဲ့ အကြောင်းပြောတယ်။ ဒါပေမယ့် အဲဒီ အကြံပြုချက်ကို  အစိုးရ  သတင်းစာတွေမှာ မဖော်ပြဘူး” ဟု ဆွေးနွေးပွဲ တက်ရောက်ခွင့် ရခဲ့သည့်   ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။
ဧရာဝတီမြစ်နှအလုပ်ရုံ   ဆွေးနွေးပွဲတွင် အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သဘာဝ ပတ်ဝန်းကျင်   လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်သော်လည်း မြစ်ဆုံစီမံကိန်းကို   ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ပြောသည်။
ပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက် အပါအ၀င် ဒုဝန်ကြီးတချို့ကမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် နိုင်ငံအတွက်အကျိုးဖြစ်ထွန်း စေမည်ဖြစ်သောကြောင့် ဆက်လက် ဆောင်ရွက် သင့်သည်ဟု ဆိုကြသည်။
“မြစ်လက်တက်တွေမှာ   ဆည်တွေ များများ ဆောက်တာဟာ မြစ်ကြောင်း ထိန်းသိမ်းရေး အထောက် အကူ  ပြုပါတယ်။  ဆည်တွေက နုန်းတွေကို တားဆီးထားပြီး မြစ်ကြောင်း တလျှောက်  နုန်းကျတာ  နည်းစေတယ်” ဟု ၀န်ကြီး ဦးဉာဏ်ထွန်းအောင်က ဧရာဝတီမြစ်ဆုံ  စီမံကိန်းတည်ဆောက် ရန် ထောက်ခံ ရသည့် အကြောင်းအရင်း တရပ်ကိုပြောသည်။
အမှတ်  ၁  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးကလည်း “စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှု   စိစစ်ချက်” ဆိုသော စာတမ်းတစောင်ကို တင်သွင်းခဲ့ပြီး မြစ်ဆုံစီမံကိန်းမှအမေရိကန်ဒေါ်လာ ဘီလျံချီ အမြတ်ရမည်ဟု ဆိုသည်။
“စီမံကိန်းကြောင့်   အကျိုးဖြစ်ထွန်းမှုကို ကြည့်ရင် မြန်မာဘက်က အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း   ၁၇. ၆၇ ရမယ်။ တရုတ်ဘက်က အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၁.၆၇ ရမယ်။  နှစ်ဘက်  အကျိုးဖြစ်ထွန်းမှုကို နှိုင်းယှဉ်တဲ့ အခါမှာ မြန်မာဘက်က  အမေရိကန်ဒေါ်လာ  သန်းခြောက်ထောင်ကျော် အသာရတယ်” ဟု ဦးကြီးစိုးက ရှင်းပြသည်။
စက်မှု  ၁  နှင့် စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်း၊ သဘာဝပတ်ဝန်းကျင်နှင့်  သစ်တောဝန်ကြီး  ဦးဝင်းထွန်းတို့ကမူ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်ပြီး  ပြန်လည်  စဉ်းစားသုံးသပ်ကာ ပြည်သူ့သဘောထားကို လိုက်နာမည်ဟု ပြောဆိုသွားသည်။
“တိုင်ပင်ခြင်း   မရှိတဲ့ စီမံကိန်းက ပျက်စီးတတ်တယ်။ များများတိုင်ပင်ရင်   အောင်မြင်နိုင်တယ်။ အားလုံးဝိုင်းဝန်း တိုင်ပင် ဆွေးနွေးနိုင်မှ   အကျိုးများများရမယ်” ဟု ဦးစိုးသိန်းက ပြောသည်။
နေပြည်တော်တွင်   စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့်   အလုပ်ရုံ ဆွေးနွေးပွဲ၌ ဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတရုံးမှ   ထောက်ခံသော ကြေညာချက်တရပ် ထုတ်ပြန်လိုက်ရာ အဆိုပါ ကြေညာချက်တွင်   မြစ်ဆုံစီမံကိန်းအား ပြန်လည် စိစစ်သင့်ကြောင်း ပါရှိသည်။
ရာထူး   အာဏာများသည် တခဏတာမျှသာ ဖြစ်ပြီး ပြည်သူလူထု ထာဝရတည်တံ့ရေးနှင့်   မြစ်ဆုံစီမံကိန်းကြောင့် စည်းလုံး ညီညွတ်မှု မပြိုကွဲရေး   အလေးထားသင့်ကြောင်း၊ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ပြန်လည်   စိစစ်သွားမည်ဖြစ်ကြောင်း၊ ဆည်ဆောက်ခြင်းသည် နောက်နောင် ပြင်ဆင်ရန်ခက်ခဲသော   ကိစ္စဖြစ်သည်ကို နားလည်ကြောင်း ၎င်းက အကြံပြု ပြောသည်။
“Environmental   Impact Access (EIA)၊ Social Impact Access (SIA) တွေကို ပြန် Review   လုပ်သင့်ပါ တယ်။ ပြီးရင်ချပြ၊ ပွင့်ပွင့်လင်းလင်းပေါ့။ ပညာရှင်တွေ   အပြုသဘောနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ဝေဖန်သုံးသပ်သင့်တယ်” ဟု   ဦးစိုးသိန်းက ဆိုသည်။
သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး   ဦးဝင်းထွန်းကလည်း သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေ ထွက်ရှိနိုင်စေရန်   ဆောင်ရွက်နေပြီး မြစ်ဆုံဆည်ကြောင့် သဘာဝ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးရှိ၊   မရှိ ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ပြောသည်။
“သစ်တောက  တာဝန်ရှိလို့  မှန်မှန်ကန်ကန် ဆောင်ရွက်မယ်။ ဒီစီမံကိန်းက  နိုင်ငံတော်စီမံကိန်းဖြစ်လို့  မပြည့်စုံတဲ့ ဗဟုသုတတွေနဲ့ ဝေဖန်ဖို့ထက်  သေသေချာချာ စိစစ်လေ့လာပြီးမှ  ပြောမယ်။ လေ့လာပြီးမှ အရှိကို အရှိအတိုင်း၊  အမှန်ကို အမှန်အတိုင်း လုပ်မယ်။  ဘာကိုမှ မငဲ့ညှာဘူး။ မျက်နှာလိုက်တာ၊  အခွင့်ရေးပေးတာ မလုပ်ဘဲ  ဆောင်ရွက်သွားမယ်” ဟုဦးဝင်းထွန်းက ဆိုသည်။
ပြည်သူ့လွှတ်တော်   ကိုယ်စားလှယ်တဦးက လွှတ်တော်တွင်း မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊  မလုပ်သင့်  မဲခွဲဆုံးဖြတ်မှုများ ဖြစ်ပေါ်လာနိုင်သော်လည်း ပြည်ထောင်စု  ကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) နှင့် စစ်တပ်  ကိုယ်စားလှယ်များက  မြစ်ဆုံစီမံကိန်း တည်ဆောက်ရန် ထောက်ခံခဲ့လျှင်  ပြည်သူနှင့် အစိုးရအကြား  သေချာပေါက် တင်းမာမှုများ ဖြစ်ပေါ်လာမည်ဟု  ထင်မြင်ချက်ပေးသည်။
ဧရာဝတီမြစ်ကြီးပျက်စီးသွားနိုင်သောကြောင့် မြစ်ဆုံစီမံကိန်းကိစ္စ   ပြန်လည်သုံးသပ်စဉ်းစားရန် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် ပြည်သူလူထု   အလွှာသီးသီးက အစိုးရကို တောင်းဆိုလျက်ရှိသည်။
No comments:
Post a Comment