မှတ်ပုံတင်   သက်တမ်း ကြာမြင့် ယာဉ်တွေကို ပယ်ဖျက်ခြင်းနဲ့ အစားထိုး   ယာဉ်တင်သွင်းတဲ့   လုပ်ငန်းကို  လာမယ့် စက်တင်ဘာလ (၁၉)ရက်နေ့မှ စတင်ကာ   (၂၀၁၂)ခုနှစ်  မတ်လအထိ  (၆)လတာ ကာလအတွင်း ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့    နေပြည်တော်ရှိ  ရထားပို့ဆောင်ရေး ၀န်ကြီးရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့    ပြောကြား ချက်အရ  သိရပါတယ်။ ဒီလို ဆောင်ရွက် ပေးရာမှာ နှစ်(၄၀)ကျော်    သက်တမ်းရှိ  ယာဉ်များအဖြစ် “ စ၊ ဆ၊ ဇ” အက္ခရာတန်း ယာဉ်များကို စက်တင်ဘာလ    (၁၉)ရက်နေ့မှ  အောက်တိုဘာလ အထိ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
နှစ်(၃၀)နဲ့   နှစ်(၄၀)ကြာ သက်တမ်းရှိ ယာဉ်များအဖြစ် “ ဈ၊ ည” အက္ခရာတန်း   ယာဉ်များကိုတော့  နိုဝင်ဘာလမှ ဒီဇင်ဘာလ အထိ  ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။   နှစ်(၂၀)မှ  နှစ်(၃၀)ကြား သက်တမ်းရှိ ယာဉ်များ  ကိုတော့ “ ဏ၊ ထ၊ ဒ၊ ဓ၊ န၊   ပ” အက္ခရာတန်း  ယာဉ်များ သတ်မှတ်ထားပြီး  (၂၀၁၂)ခုနှစ် ဇန်န၀ါရီလမှ မတ်လအထိ   ဆောင်ရွက်  ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို  ယာဉ်အို၊ ယာဉ်ဟောင်း   အပ်နှံခြင်းကို  သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်  အသီးသီးရှိ   ပို့ဆောင်ရေး  ၀န်ကြီးဌာနများက ဦးဆောင်ကာ သက်တမ်းလွန် ယာဉ်များ  စစ်ဆေး   လက်ခံကြီးကြပ်ရေး  အဖွဲ့ ဖွဲ့စည်း ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။
ယာဉ်အို၊    ယာဉ်ဟောင်း ပယ်ဖျက်ပြီး အစားထိုး ယာဉ်တင်သွင်းခြင်း  လုပ်ငန်းသို့   လာရောက်   အပ်နှံမှု မရှိဘဲ သိမ်းဆည်း ထားလိုသူများ  ရှိပါကလည်း သိမ်းဆည်း    ထားနိုင်တယ်လို့ သိရပါတယ်။ ယာဉ်အို၊ ယာဉ်ဟောင်း  အပ်နှံထားတဲ့ သူတွေကို    သက်ဆိုင်ရာ သက်တမ်းလွန် ယာဉ်များ စစ်ဆေး လက်ခံကြီး  ကြပ်ရေး အဖွဲ့က  ယာဉ်အို၊   ယာဉ်ဟောင်း အပ်နှံခြင်းနဲ့ အစားထိုး ၀ယ်ယူခွင့်  ပါမစ်များကို  One-Stop   Service နဲ့ပါမစ် ထုတ်ပေး သွားမှာ ဖြစ်ပါတယ်။  ဒီလို ရရှိလာတဲ့  ၀ယ်ယူခွင့်   ပါမစ်နဲ့ ယာဉ်တင်သွင်း လိုတဲ့သူတွေဟာ  ယာဉ်တင်သွင်းခြင်း  လုပ်ငန်းအတွက်   နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ထားမှု  မရှိတဲ့သူတွေ  အနေနဲ့ ပို့ကုန်၊   သွင်းကုန် လုပ်ကိုင် ခွင့်ရှိတဲ့ ကုမ္ပဏီ  အားလုံးကနေ  ၀န်ဆောင်ခ နှုန်းထား   တစ်ခုရယူကာ ဆောင်ရွက် ပေးဖို့လည်း  ရှိတယ်လို့လည်း  သိရပါတယ်။
ဒီလို   ကြားကနေ ၀န်ဆောင်ခ ရယူကာ ယာဉ်တင်သွင်း  ပေးမယ့် ပို့ကုန်၊  သွင်းကုန်၊   လုပ်ကိုင်ခွင့် ရှိတဲ့ ကုမ္ပဏီတွေဟာ  ယာဉ်အမျိုးအစား၊ မော်ဒယ်၊  ယာဉ်အရောင်   စတာတွေကို ယာဉ်ဝယ်ယူလိုသူ တွေ  ရွေးချယ်ထားတဲ့  ပုံစံအတိုင်းသက်ဆိုင်ရာသို့   တင်ပြပြီးမှ တင်ပြထားတဲ့  အတိုင်း တင်သွင်း  ပေးရမှာ ဖြစ်ပါတယ်။   ဒီလိုတင်သွင်း လာတဲ့ ယာဉ်တွေကို  အခွန်ကောက်ခံရာမှာ  လမ်း၊ တံတား   လုံခြုံရေးနဲ့ ပြုပြင် ခြင်းများ အတွက်  ကောက်ခံတဲ့ ယာယီ  မှတ်ပုံတင်ခကို   လူစီးယာဉ်များ အတွက် (၁၀၀)ရာခိုင်နှုန်း  အခွန်ကောက်ခံမှာ  ဖြစ်ပါတယ်။   ဒါ့အပြင် လူစီးယာဉ် တင်သွင်းတဲ့ ယာဉ်များကို  အကောက်ခွန်  ကောက်ခံရာမှာ   ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံကာ တင်သွင်းတဲ့  ယာဉ်အတွက်တော့    (၄၀)ရာခိုင်နှုန်းသာ အကောက်ခွန် ကောက်ခံဖို့ လျာထားတယ်လို့  သိရပါတယ်။    ကုန်သွယ်ခွန် ကတော့ အများဆုံး (၂၅)ရာခိုင်နှုန်း ကောက်ခံမှာ  ဖြစ်ပါတယ်။
ဒါကြောင့်   ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံကာ  အစားထိုး တင်သွင်းတဲ့ ယာဉ်တွေ  အတွက် အခွန်   စုစုပေါင်းမှာ အများဆုံး  (၁၆၅)ရာခိုင်နှုန်း ရှိနိုင်မှာ  နေပါတယ်။ ဒါ့အပြင်   အဆိုပါ  အခွန်စုစုပေါင်း ရာခိုင်နှုန်းကို ယာဉ်ပိုင်ရှင်  ကိုယ်တိုင်  လာရောက်   အပ်နှံပြီး တင်သွင်းခြင်းနဲ့ ယာဉ်ပိုင်ရှင် မဟုတ်ဘဲ   တင်သွင်းခြင်းစတဲ့   ပေါ်မူတည်ပြီး (၁၀)ရာခိုင်နှုန်းမှ (၃၀)ရာခိုင်နှုန်းအထိ   လျှော့ပေးသွားမှာ   ဖြစ်ပါတယ်။ဒါ့အပြင် လူစီးယာဉ် တင်သွင်းခြင်း မဟုတ်ဘဲ   ဘတ်စ်ကား၊   မီးသတ်ယာဉ်နဲ့ အခြားယာဉ် အမျိုးအစား တင်သွင်း ရာမှာတော့   ယာဉ်အမျိုးအစား   ပေါ်မူတည်ပြီး ယာယီ မှတ်ပုံတင်ခ၊ အကောက်ခွန်နဲ့   ကုန်သွယ်ခွန်စတဲ့  အခွန်တွေဟာ  ရာခိုင်နှုန်း အသီးသီး ထပ်မံ လျော့ကျသွားမှာ   ဖြစ်ပါတယ်။  ယာဉ်အို၊  ယာဉ်ဟောင်း လာရောက် အပ်နှံရာမှာ လူစီးယာဉ်များမှ   လာရောက်  အပ်နှံပါက  ဘတ်စ်ကား၊ Light Truck  ယာဉ်အပါအ၀င် ယာဉ်မျိုးစုံ    ၀ယ်ယူနိုင်ပြီး  စစ်ကျန်ဘတ်စ်ယာဉ်များ ကတော့ ဘတ်စ်ကားများသာ ၀ယ်ယူတင်သွင်း    ရမှာဖြစ်တယ်လို့  သိရပါတယ်။
No comments:
Post a Comment