စက်တင်ဘာ ၂၀၊ ၂၀၁၁ (YPI) - ရန်ကုန်မြို့ရှိ ဆင်ဟွာ  တရုတ်သတင်းဌာနရှေ့တွင် ဧရာဝတီမြစ်ဆုံ  စီမံကိန်းကိုရပ်ဆိုင်းရန်ပေးရန်  အမျိုးသားတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြခဲ့သည်။
ယနေ့  နေ့လည် ၁၂ နာရီခွဲခန့်တွင် 'Irrawaddy Electricity Project  ချက်ချင်းရပ်'ဟုစာတန်းရေးသားထား သည့် အေဖိုးစာရွက်ခြောက်ရွက်ကို  ကိုင်ဆောင်ထားပြီး  ဆင်ဟွာသတင်းဌာနရှေ့တွင် မတ်တပ် ရပ်လျှက် တိတ်ဆိတ်စွာ  ဆန္ဒပြခဲ့သူ အသက် ၄၆  နှစ်အရွယ်အမျိုးသားအား လုံခြုံရေးရဲများက  ထိန်းသိမ်းပြီး စစ်ဆေး လျှက်ရှိသည်။
၎င်းပုဂ္ဂိုလ်မှာ  မည်သည့်အတွက်ကြောင့် ဆင်ဟွာသတင်းဌာနရှေ့တွင်  သွားရောက်ဆန္ဒပြကြောင်းနှင့်   မည်သည့်အဖွဲ့အစည်းမှပုဂ္ဂိုလ်ဖြစ်သည်ကိုမသိရှိရသေးပေ။
ယမန်နေ့ကလည်း  တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမည်ဟု  အွန်လိုင်းမှသတင်းများထွက်ပေါ်လာသောကြောင့်  ဆန္ဒပြသူများကို တားဆီးရန်  လုံခြုံရေးတင်းကျပ်စွာချထားခဲ့သော်လည်း   ဆန္ဒပြမည့်သူတစ် ဦးတစ်ယောက် မျှရောက်မလာဘဲ ဆန္ဒပြသူများကို မေတ္တာရပ်ခံရန် NLD   အဖွဲ့ဝင် လေးဦးနှင့် သတင်းသမား ဟုယူဆ ရသူများ သာ ရောက်ရှိလာခဲ့သည်ဟု   အမည်မဖော်လိုသည့် လုံခြုံရေးဝန်ထမ်းတစ်ဦးကပြောသည်။
No comments:
Post a Comment