ဧရာဝတီကို ကယ်တင်ဖို့  အားလုံးပါဝင် ဆောင်ရွက် စို့ လို့  ရေးထားတဲ့ တိုက်တွန်း နှိုးဆော်စာတွေကို ဒီကနေ့  မနက်ပိုင်း၊နေ့လည်ပိုင်းနဲ့  ညနေပိုင်းအချိန်တွေမှာ လူစည်ကားရာ နေရာတွေမှာ လူငယ်ကျောင်းသားတွေက ဖြန့်ဝေခဲ့တယ်လို့  မျက်မြင်တွေ့ရှိ သူတွေက FNG ကို ပြောပါတယ်။
ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ် (ဗကသ) က လည်း ဒီနေ့  ထုတ်ပြန်တဲ့ ကြေငြာချက် မှာ ဧရာဝတီ မြစ်ကို ကယ်တင် နိုင် ဖို့  မြစ်ဆုံ ဆည် နဲ့  ရေအား လျှပ် စစ် တည်ဆောက် မှု လုပ်ငန်း တွေ ကို ကျယ်ကျယ် ပြန့်  ပြန့် ဆက် လုပ် သွား မယ် လို့  ဆို ပါတယ်။
ဧရာဝတီ ကို ကယ်တင် ဖို့  တိုက် တွန်း နှိုးဆော် စာ ဖြန့် ဝေ ခြင်း ကို ဗကသ ၊ ၂၀၀၇ မျိုးဆက် ကျောင်းသား လူငယ် ၊ ရန်ကုန် အခြေစိုက် လူငယ် နိုင်ငံ ရေး လှုပ် ရှား သူ တွေ က ဦးဆောင် ပြု လုပ်တာ လို့  ၈၈ မျိုးဆက် ကျောင်း သား များ အဖွဲ့  က တာဝန် ရှိ သူ တစ်ဦး က FNG ကိုပြောပါတယ်။

လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ကွန်းချောင်းဆည် တည်ဆောက် မှု ကို ကြည့် ရှု နေစဉ်
မြန်မာ နိုင်ငံ ရဲ့ မြောက်ဖျား ကချင် ပြည်နယ် မှာ တည်ဆောက် ဧရာဝတီ မြစ်ဆုံ ဆည် တည်ဆောက် မှု ကို ပြည်သူတွေ က အပြင်း အထန် ကန့် ကွက် မှု တွေ ရှိ နေစဉ်မှာ ပဲ မနေ့ က နေပြည်တော် မှာ ပြု လုပ် တဲ့ သတင်းစာ ရှင်းလင်း ပွဲ မှာ လျှပ်စစ် ၀န် ကြီး ဗိုလ်မှုးကြီး ဇော်မင်းက ” ဘယ်လို အတား အဆီး တွေ ပဲ ရှိ ရှိ နောက် မဆုတ် ပဲ ဆက် လုပ် သွား မယ် ” လို့ ပြောလိုက် တာ ကြောင့် ပြည်သူ တွေ ရဲ့  အမျက် ဒေါသ ကို နှိုးဆွ လိုက် သလို ဖြစ်သွားတယ်လို့  ရန်ကုန် အခြေစိုက် စာနယ်ဇင်း သမား တစ်ဦး က ပြောပါတယ်။
မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် က လည်း မြစ်ဆုံ ရေကာတာအများပြည်သူရဲ့ သဘောထားကို အစိုးရ အနေနဲ့ လက်ခံစဉ်းစား ညှိုနှိုင်းဆောင်ရွက်သင့်တယ်လို့ RFA သတင်း ဌာန ကို ပြောပါတယ်။
ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းဖြင့် တောင်းဆိုနေသည်ကို လျစ်လျူရှုပြီး လုပ်ချင်ရာ ဆက်လုပ်ပါကပြည်သူလူထုအနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက သတိပေးပြောကြားလိုက်သည် ဟု လည်း မြန်မာ နိုင်ငံ အခြေစိုက် အပတ်စဉ် ထုတ် ၀ီကလီ အဲလီဗင်း သတင်း စာ တွင် ဖော် ပြထား ပါတယ်။
ယမန်နေ့ က ရန်ကုန် မြို့ တွင် ဖြန့် ဝေ ခဲ့ သည့် စာများ အနက် အချို့  တွင် မြစ်ဆုံ ရေကာတာ တည် ဆောက်မှု ကန့် ကွက် ရေး လူထု ဆန္ဒ ထုတ် ဖော် ရေး အတွက် ပြည်ပရောက် မြန်မာ့ များ လည်း အခွင့် သင့် သည့် အချိန် အမြန် ဆုံး ပြန်လာ ပူး ပေါင်း ပါ ကြ ပါ လို့  ဖော် ပြထား ပါတယ် ။
ပြည်ပရောက် နိုင်ငံရေး လှုပ်ရှား သူတွေ မှာ အတွေ့ အကြုံ ရှိ တဲ့ လူတွေ ရှိ တယ်။ သူတို့ က ပြန်လာ ပြီး ကျွန်တော် တို့  နဲ့  လက်တွဲ ဖို့  ကမ်းလှမ်းတာ တွေ ရှိ တယ်။ ဖြစ်နိုင်ရင် ပြန်လာ ပြီး အားလုံး ပူး ပေါင်း လိုက် ရင် ပို ကောင်း တဲ့ အင်အား တစ်ခု ဖြစ် လာမယ် လို့  ရန်ကုန် အခြေစိုက် နိုင်ငံ ရေး လှုပ်ရှား သူ တစ်ဦး က ပြောသည်။
အမေရိကန် ရောက် မြန်မာ နိုင်ငံ ရေး လှုပ်ရှား တက်ကြွသူ တစ်ဦး က လည်း ကျွန်တော် လည်း မကြာခင် ပြန် ပြီး ဒီလှုပ်ရှား မှု မှာ ပါဝင် မယ် ဟု ပြောသည်။
No comments:
Post a Comment