အမှတ်(၁)   လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းက   ဧရာဝတီမြစ်ဆုံ   ရေကာတာကို ဆက်လက် တည်ဆောက်သွားမယ်လို့ ပြောဆိုလိုက်တာနဲ့   ပတ်သက်ပြီး   အများပြည်သူရဲ့ သဘောထားကို အစိုးရ အနေနဲ့ လက်ခံစဉ်းစား     ညှိုနှိုင်းဆောင်ရွက် သင့်တယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်     ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် ပါတယ်။
 မနေ့က   သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က     တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်     ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။
ဧရာဝတီ   မြစ်ဆုံရေကာတာ ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က   အစိုးရထံကို   ပန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ အဲဒီ ပန်ကြားချက်မှာ   သတင်းစာဆရာ၊   စာရေးဆရာ၊ အနုပညာရှင်တွေ အပါအ၀င် အများပြည်သူတွေကလည်း   ၀ိုင်းဝန်း လက်မှတ်   ရေးထိုးနေကြကြောင်း၊ ဒီလက်မှတ်တွေကို စုစည်းပြီး   ဖြန့်ဝေဖို့ အစီအစဉ်   ရှိကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်။
No comments:
Post a Comment