ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို မဲဆန္ဒနဲ့ ရွေးကောက်  တင်မြှောက်မှာမဟုတ်ဘဲ ဒေသ အာဏာပိုင်တွေက တိုက်ရိုက် ခန့်အပ်တဲ့ စနစ်ကို  ကျင့်သုံးဖို့ နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူလွှတ်တော်  ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်  ဦးသိန်းညွန့် က ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လူထုဆန္ဒမဲနဲ့  ရွေးချယ်ဖို့ အဆို တင်သွင်းခဲ့ပေမယ့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး  ဦးကိုကို က အဲဒီ အဆိုကို လက်မခံဘဲ ဆန့်ကျင်ဘက် အဆိုတင်သွင်းပြီး မဲခွဲ  ဆုံးဖြတ် ပယ်ချ ခဲ့တယ်လို့ သိပါတယ်။ 
ဒါ့အပြင် ညအိပ် ဧည့်သည်တွေကို ဧည့်စာရင်း တိုင်တဲ့အခါမှာ ငွေကြေးမယူဖို့  ဦးသိန်းညွန့်က ဆက်လက် တင်သွင်းခဲ့တာကိုလည်း ပြည်ထဲရေးဝန်ကြီးက  သဘောမတူကြောင်း ပြန်လည်ဆွေးနွေးပြီး မဲခွဲကာ ပယ်ချ ခဲ့တယ်လို့ သိရပါတယ်။ 
No comments:
Post a Comment