မိုးသည်းထန်စွာ   ရွာသွန်းမှုကြောင့် ယမန်နေ့က ရန်ကုန်မြို့တွင်းမြို့နယ်အများစုတွင်   ရေကြီးရေ လျှံခဲ့ပြီး နေအိမ်များအတွင်း ရေနှင့်အတူ  အဆိပ်ရှိသတ္တဝါများ   မျောပါလာသောကြောင့် လူအများ     သတိထားနေရကြောင်း  ဒေသခံများထံမှ သိရသည်။
ရန်ကုန်မြို့   ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊  ရွှေပြည်သာမြို့နယ်၊   မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ သာကေတမြို့နယ်၊    မြောက်ဥက္ကလာပမြို့နယ်နှင့် တောင်ဥက္ကာလာပ မြို့နယ်များရှိ လူနေရပ်ကွက်    တချို့တွင် ရေကြီး ရေလျှံခဲ့ပြီး ကျောင်းတချို့ပိတ် လိုက်ရကြောင်း၊    နေအိမ်များထဲသို့ ရေနှင့်အတူ မြွေများ၊ ကင်းများ စသည့် အဆိပ်ရှိ
သတ္တ၀ါများ   ၀င်လာသောကြောင့် နေအိမ်ထဲများထဲတွင် သဲအိတ်များခင်းပြီး  သတိဖြင့် သွားလာ   နေထိုင်နေရကြောင်း အရှေ့ဒဂုံမြို့နယ် ရပ်ကွက် ၁၀၈ တွင်  နေထိုင်သူ   ဦးဖုန်းမြင့်က ပြောသည်။
“ဘေးအိမ်က အဘွားနဲ့ ကလေးတွေကို   ကုတင်ပေါ်မှာပဲ တနေကုန်  ထိုင်ခိုင်းထားရတယ်။ မီးဖိုဆောင်ရော၊   အိပ်ခန်းတွေထဲပါ ရေ၀င်တော့ လူတွေ  နေစရာမရှိဘူး။ ဆိုးတာက ရေနဲ့အတူ မြွှေတို့   ကင်းတို့ပါလာတာပဲ” ဟု သူက  ဆိုသည်။
ဒဂုံမြို့သစ်တောင်ပိုင်း  ၁၉  ရပ်ကွက်၊ အမှတ် ၅၀၂ နံ့သာမြိုင်လမ်းတွင်  နေထိုင်သော မီးသတ်တပ်ဖွဲ့ဝင်   မောင်ဝေယံဇော် ဆိုသူမှာ ရေမြောင်းများအား  ရှင်းလင်းရင်း ရေစီးဖြင့်   မျောပါသွားခဲ့ကြောင်း၊ ၎င်းကို  ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်တွင်   နေထိုင်သူ အသက် ၁၇ နှစ်အရွယ်  အရန်မီးသတ်တပ်ဖွဲ့ဝင် တဦးက   ကယ်တင်လိုက်သောကြောင့် အသက်အန္တရာယ်မှ  လွတ်ကင်းခဲ့ကြောင်း ကြားသိရသည်။
“မိုးရွာပြီးရေလျှံတော့   ကျနော်တို့ အရန်မီးသတ် တပ်ဖွဲ့ဝင်တွေက  ရေမြောင်းတွေထဲက အမှိုက်တွေကို   လိုက်ဆယ်ပေးရင်း မြောင်းထဲ ကျသွားတာပါ။  ကယ်ဆယ်တဲ့သူ ရှိလို့   အသက်မသေဆုံးရတာ” ဟု တာဝန်ခံ မီးသတ်ရဲဘော်က ဆိုသည်။
မိုးစရွာသည်နှင့်   ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်  အရှေ့ဒဂုံ မြို့နယ်အတွင်းရှိ   လူနေရပ်ကွက်များ၊ လမ်းများ  အားလုံး  နီးပါးမှာ ရေမြုပ်ပြီး   နေအိမ်များအတွင်းသို့  ရေ၀ င်လေ့ ရှိကြောင်း  ဒေသခံများက ပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း၊   ဒဂုံမြို့သစ်အရှေ့ပိုင်း စသည့်ဒေသများသည်  ငမိုးရိပ်ချောင်းနှင့်   နီးသော်လည်း ရေထုတ်မြောင်းများ ပိတ်နေသောကြောင့်  ရေစီးဆင်းနိုင်ခြင်းမရှိဘဲ   လူနေရပ်ကွက်များအတွင်းသို့ ရေများ  ၀င်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကကတော့   ရေထုတ်မြောင်းတွေ ပိတ်ပြီး မိုးရွာတဲ့အချိန် ရေတွေက    လမ်းတွေမှာလျှံတက်လာတာ။ အိမ်ဝန်းတွေထဲ ရေတွေဝပ်ပြီး ခြင်တွေကလည်း ပေါတော့    ကလေးတွေလည်း ခဏခဏ ဖျားကြတယ်” ဟု ဒေသခံ တဦးဖြစ်သူ ကိုသားထွေးက ပြောပြသည်။
ရန်ကုန်မြို့လယ်တွင်လည်း   မိုးရွာသွန်းချိန် အနည်းငယ်ကြာမြင့်ရုံဖြင့်  လမ်းများရေလျှံခြင်း၊     နေအိမ်များအတွင်း   ရေ၀င်ခြင်း  ဖြစ်ပေါ်နေသောကြောင့် အစိုးရအနေဖြင့်   ဖြေရှင်းပေးရန် လူအများက  မျှော်လင့်နေကြသည်ဟု သူက ဆိုသည်။
“မနေ့က   မိုးရွာတော့ ရေတွေက ဒူးခေါင်းလောက်အထိ ၀င်လာတယ်။ တနေကုန်ပဲ  ရေတွေ   တက်တက်လာတာ။ ရေတွေ ခပ်ထုတ်နေရတော့ ရုံးမတက်နိုင်ဘဲ  ခွင့်ယူလိုက်ရတယ်” ဟု   ကိုသားထွေးက ဆက်ပြောသည်။
တချို့အိမ်များမှာ လမ်းများ၊   ရေမြောင်းများထက် အမြင့်တွင်  ဆောက်လုပ်ထားကြသော်လည်း မိုးရွာသည့်အခါ   မိုးရေများမှာ ရေမြောင်းများနှင့်  အပြည့်ဖြစ်လာပြီး လမ်းများမှတဆင့်   နေအိမ်ထဲအထိ စီးဝင်လာသည်ကို  တွေ့မြင်ရသည်။
“လမ်းပေါ်မှာ ရေတွေက ဒူးလောက်ရောက်ပြီဆိုရင် ကျနော်တို့ အိမ်ထဲ ရေ၀င်ပြီ” ဟု ကိုသားထွေးက ဆိုသည်။
၎င်းအိမ်ရှေ့တွင်   ရေမြောင်းရှိနေသောကြောင့် ရေမြုပ်သည့်အချိန်တွင်  ရေမြောင်းနေရာကို   မှတ်သားကာ သတိဖြင့် သွားလာနေရကြောင်း၊ မိုးရွာသည့်အခါ  ရေမြောင်းတွင်းသို့   မကြာခဏ ပြုတ်ကျကြသူများ ရှိကြောင်း သူကပြောပြသည်။
ရန်ကုန်မြို့တော်   စည်ပင်သာယာအနေဖြင့် ရေထုတ်မြောင်းများအား  ပြန်လည်ပြင်ဆင်ခြင်း၊  အမှိုက်များ  ရှင်းလင်း ဖယ်ရှားခြင်းတို့ကို  မိုးတွင်းမတိုင်မီ ကတည်းက   ပြုလုပ်ပေးထားသင့်သည်ဟု  ရန်ကုန်မြို့ခံများက  ပြောဆိုနေကြသည်။
No comments:
Post a Comment