ကမ္ဘာငြိမ်းချမ်းရေးနေ့ ဖြစ်သော ၊ စက်တင်ဘာလ ၂၁ ရက်နေ့ တွင် ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံ၊ တပ်ရင်း ၉ သည် မူဆယ် – လားရှိုး လမ်းမပေါ်ရှိ နမ်အွမ် နှင့် ဒီမာ ကျေးရွာကြားရှိ ရွေပြည်သစ် ရဲဘက်စခန်းမှ နိုင်ငံရေးနှင့် ပက်သတ်မှုကြောင့် မြန်မာအစိုးရမှ ထိန်းသိမ်းထားသူများ အပါအ၀င် အကျဉ်းသား ၅၅ ဦးကို လွတ်ပေးလိုက်ကြောင်း သိရသည်။ ကေအိုင်အေတပ်များ နမ်အွမ်နှင့် ဒီမာကြား ရဲဘက် စခန်းအနီး မှ ဖြတ် သန်း သွားလာ နေစဉ် ရဲဘက်စခန်းတာဝန်ကျ ရဲများမှ စတင်ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် ကေအိုင်အေ တပ်များသည် မိမိအသက်လုံခြုံရေးအရ ရဲဘက် စခန်းကိုဝင်ရောက် စီးနင်းခဲ့ရာ တာဝန်ကျရဲများအပါအ၀င်၊ ပြည်သူ့စစ်များ သည် ရဲဘက်စခန်းကို စွန့်ခွာထွက်ပြေးသွားကြကြောင်းသိရသည်။
ရဲတပ်သားများ နှင့် စခန်းမှူး အေးသန်း အပါအ၀င် ရဲအရာရှိ စုစုပေါင်း ၈ ဦးကို M 22 လေးလက်၊ ပစ္စတိုလေးလက် စုစုပေါင်း လက်နက် ၈ မျိုးနှင့် တကွ အရှင်ဖမ်းဆီးရမိကြောင်းသိရသည်။ ယင်းရဲဘက်စခန်းတွင် အကျဉ်းကျနေသော နိုင်ငံရေးနှင့် ပက်သတ်မှုကြောင့် မြန်မာအစိုးရမှ ထိန်းသိမ်း ထား သူများအပါအ၀င် အကျဉ်းသား ၅၅ ဦးကိုလည်း ကေအိုင်အေ မှ လွတ်ပေးခဲ့ကြောင်းသိရသည်။ ထို့ပြင် ယင်းရဲဘက်စခန်းတွင် တာဝန်ကျသော ရဲဝန်ထမ်းများသည်အနီးနားဝန်းကျင် ရွာရှိ ပြည် သူလူထု များ ကို ခြိမ်းခြောက်ငွေညစ်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ တို့ကို ပြုလုပ်လေ့ ရှိကြောင်း ဒေသခံ ရွာသားများ ပြောပြချက် အရသိရသည်။ ဖမ်းဆီးရမိသည့် သုံပန်းများကို ကေအိုင်အေမှ ကျင့်သုံးလျက်ရှိသည့် နိုင်ငံတကာ သုံ့ပန်း ဥပဒေနှင့် အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment