တနသာင်္ရီတိုင်း၊   ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် ထိုဒေသရှိ  ရှေးဟောင်းနယ်မြေများ   မထိခိုက်စေရေးနှင့် ပတ်သက်သော အဆိုကို အမျိုးသား  လွှတ်တော်က အတည်ပြုပေး      လိုက်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင်  ရေးထားသည်။
ထိုအဆိုကို   ကိုယ်စားလှယ် ၆ ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြကြောင်း၊  ယဉ်ကျေးမှု နယ်မြေများ   မထိခိုက်စေရေး အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနက  ဆောင်ရွက်ထားသည်ဟု   အမျိုးသားစီးမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်မှု   ၀န်ကြီး ဦးတင်နိုင်သိန်းက   ပြောဆိုကြောင်း သတင်းစာက ဆိုသည်။
ယဉ်ကျေးမှုအမွေအနှစ်များ  ကာကွယ်  ထိန်းသိမ်းရေး ဥပဒေအရ ၂၀၁၁ ခုနှစ်၊  သြဂုတ်လတွင် ရှေးဟောင်းသုတေသန  အဖွဲ့က  ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု  သတင်းစာက ဆိုသည်။
လွှတ်တော်တွင်   အဆိုတင်သွင်းခဲ့သူမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်  ဖွံ့ဖြိုးရေးပါတီ ၏   ထားဝယ်ဒေသ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေဖြစ်ပြီး  မောင်သန်းဆွေ  (ထားဝယ်)  အမည်ဖြင့် ဆောင်းပါးများ ရေးလေ့ရှိသူ ဖြစ်သည်။
လွှတ်တော်တွင် ဦးသန်းဆွေက ထိုသို့ အဆိုပြုခြင်းသည် သူ နှင့် အစိုးရတို့ နာမည်ကောင်း ရရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံတချို့က ယူဆနေကြသည်။
“တကယ်တော့   စီမံကိန်းထဲမှာပါတဲ့ ရှေးဟောင်းဘုရားတွေ၊ ရှေးဟောင်း  ယဉ်ကျေးမှု   အမွေအနှစ်တွေ အများအပြားဟာ ဖျက်ဆီးခံထားရပြီးပြီ၊ ဒီနယ်မြေကို    ယဉ်ကျေးမှုနယ်မြေ ဆိုပြီးတော့လည်း အစိုးရက ကြေညာထားပြီးသားဖြစ်လို့ သူက    မတင်ရင်လည်း ဘာမှ မဖြစ်ဘူး” ဟု ထားဝယ် ဒေသခံ သတင်းသမားတဦးက ပြောသည်။
ရှေးဟောင်းနယ်မြေ   သာဂရမြို့ဟောင်း မပျက်စီးသော်လည်း စီမံကိန်း၏  ဗဟိုကျသည့် နဘုလယ်ကျေးရွာ   အုပ်စုအတွင်းမှ ထားဝယ် သမိုင်းဝင်ယဉ်ကျေးမှု  အမွေအနှစ်များ၊ သာသနိက   အဆောက်အအုံများ ပျက်စီးပြီး၊ မုတ္တီးမြို့ဟောင်း၊  မြို့ရိုးတို့လည်း   ပျက်စီးသွားကြောင်း ထားဝယ်ဒေသခံများက ဆိုသည်။
“နဘုလယ်ဒေသဟာ   ဗုဒ္ဓမြတ်စွာဘုရားရဲ့ခြေတော်ရာရှိတဲ့ နေရာလို့ ယုံကြည်  ကိုးကွယ်ထားတဲ့   သာသနာ့ အဆောက် အအုံတွေ ရှိပြီးတော့ သာသနာ့နယ်မြေဒေသလည်း  ဖြစ်တယ်” ဟု   ထားဝယ်မြို့ခံ တဦးက ဆိုသည်။
ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့်  လယ်မြေ  သိမ်းယူခံရခြင်း၊  ကျေးရွာများပြောင်းရွှေ့ရခြင်း၊ သဘာဝပတ်ဝန်းကျင်   ပျက်စီးဆုံးရှုံးခြင်း  စသည့် ဒေသခံများက လက်ရှိ ကြုံတွေ့ ခံစားနေရသည့်  အခြေ  အနေများကို  စနစ်တကျလေ့လာ၍ အစိုးရက မည်သို့ ဆောင်ရွက်ပေးမည် ဆိုသည်ကို   ဦးသန်းဆွေက  မေးခွန်း ထုတ်သင့်သည်ဟု ထားဝယ်ဒေသခံဖြစ်သူ  ကိုတိတ်နိုင်က   ပြောသည်။
“ထိုင်းနိုင်ငံက ကုမ္ပဏီတချို့ဆိုရင် သူ့နိုင်ငံရဲ့   သဘာဝပတ်ဝန်းကျင်၊  ပြည်သူတွေရဲ့ပညာရေး၊ စီးပွားရေးတွေ ထိခိုက်မှာ စိုးလို့   ဆိုပြီး  ထားဝယ်ဒေသမှာ လာပြီးတော့ စက်ရုံ တည်ဆောက်နေတယ်၊ ဒီလို   ကိစ္စမျိုးတွေကို  ဒေသခံတွေ မထိခိုက်ရအောင် အစိုးရက ဘယ်လိုမျိုး   ဆောင်ရွက်ပေးမလဲ ဆိုတဲ့  ကိစ္စတွေကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးသင့်တယ်လို့   ထင်တယ်” ဟု  ထိုင်းနိုင်ငံအခြေစိုက်၊ နိုင်ငံရေး အကျဉ်းသားများ   ကူညီစောင့်ရှောက်ရေး  အသင်း (AAPP) ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က ဆိုသည်။
ထားဝယ်ဒေသမှ   လွှတ်တော်ကိုယ်စားလှယ် အများစုသည် ကြံ့ဖွံ့ပါတီမှဖြစ်ပြီး  ဒေသအတွက်   အရေးပါသော မေးခွန်းများ၊ အဆိုများကို လွှတ်တော်အစည်းအဝေးများ၌    တင်ပြဆွေးနွေးမှု မရှိဟု ထားဝယ်ဒေသခံများ ထုတ်ဝေသည့် ဗထူးစာစောင်တွင်    ဝေဖန်ရေးသားလျက်ရှိသည်။
No comments:
Post a Comment