အမေရိကန် ဂီတဝိုင်း မြန်မာပြည်လာရန် စီစဉ်။
ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ရေး စာရင်းတင်သွင်းနိုင်။
ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့ရန် အတည်ပြု။
အပြန်အလှန် ကူးလူးဆက်ဆံရေး ကြိုးပမ်းမှုအနေဖြင့် အမေရိကန် တေးဂီတအဖွဲ့တခုကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ ၅ ခုသို့ စေလွှတ်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။ Earth String အမည်ရှိ ဂီတဝိုင်းသည် ဗီဇာရရှိပါက မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၁ မှ ၂၅ ရက်နေ့အထိ လာရောက်ဖျော်ဖြေမည်ဟု သိရသည်။ Earth String သည် လာအို၊ ထိုင်း၊ အရှေ့တီမောနှင့် တောင်ကိုရီးယားတို့တွင်လည်း ဖျော်ဖြေမည်ဖြစ်သည်။ ၂၀၀၉ တွင် The Student Loan နှင့် ၂၀၀၈ တွင် Maya Azucena ဂီတဝိုင်းများလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် လာရောက်ဖျော်ဖြေဖူးသည်။
ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ရေး စာရင်းတင်သွင်းနိုင်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို စက်တင်ဘာ ဒုတိယပတ်အတွင်း ဆွေးနွေးရန် ဆုံးဖြတ်သည့်အတွက် ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာတို့ကို ဖော်ပြ၍ အောက်လွှတ်တော်သို့ တင်သွင်းနိုင်ကြောင်း သိရသည်။ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က လွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့ရန် အတည်ပြု။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ထာဝရ ငြိမ်းချမ်းရေးပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက်ထိမ်းသိမ်းရေး အမြဲတမ်း ကော်မတီ ဖွဲ့စည်းရန် ယမန်နေ့က လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။ ယင်း အဆိုကို ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလွင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမြဲတမ်း ကော်မတီကို မည်သည့် ကာလတွင် ဖွဲ့စည်းမည်ကိုမူ မသိရသေးကြောင်း ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောသည်။
No comments:
Post a Comment