လွတ်လပ်တဲ့အာရှအသံ(RFA)ပင်တိုင်ဆောင်းပါးရှင်ဦးစိန်ကျော်လှိုင်ဟာ ၂၀၁၁သြဂုတ်လ၂၈ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံရန်ကုန်မြို့သို့ ပြန်သွားခဲ့ရာ မြန်မာအာဏာပိုင်များက မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးပြီး အောင်သပြေစစ်ကြောရေးစခန်းသို့ ပိုဆောင်စစ်ဆေးနေကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းများထွက်ပေါ်လျှက်ရှိပါတယ်။
ဦးစိန်ကျော်လှိုင်ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်တဲ့အာရှအသံတွင် တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်သလို ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက်ခေတ်ပြိုင်သတင်းစာတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူတဦးလည်းဖြစ်ပါသည်။
ယ္ခုလက်ရှိအချိန်တွင် လွတ်လပ်တဲ့အာရှအသံ သတင်းဌာန မြန်မာပိုင်းအစီအစဉ်တွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် လုပ်ကိုင်လျှက်ရှိပါတယ်။ ဦးစိန်ကျော်လှိုင်ဟာ မြန်မာအာဏာပိုင်များက ပြည်ပတွင်နေထိုင်သူများအား ပြည်တွင်းသို့ပြန်လာနိုင်ကြောင်း သတင်းထုတ်ပြန်ချက်နဲ့ ဆက်နွယ်ပြီး မြန်မာပြည်သို့ ပြန်သွားခဲ့သူတဦးဖြစ်ပါတယ်။
အခြားသတင်းတပုဒ်တွင် ဦးစိန်ကျော်လှိုင်ဟာ စက်တင်ဘာ(၄)ရက်နေ့က မြန်မာပြည်သို့ပြန်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ အထက်ပါအဖြစ်အပျက်များအား တိကျခိုင်လုံမှု့ရှိရန် ဆက်လက်စုံစမ်းလျှက်ရှိပါတယ်။
No comments:
Post a Comment