Thursday, December 22, 2011

အသစ်ထပ်မံချထားပေးမည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများ၏ နည်းပညာပိုင်းမှာ ပိုမိုကောင်းမွန်မည်။

အသစ်ထပ်မံချထားပေးမည့် ကျပ်သုံးသိန်းဝန်းကျင် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ၏ နည်းပညာပိုင်းမှာ ယခင်ချထားပေးခဲ့သည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများထက် နည်းပညာပိုင်းအရ ပိုမိုအားသာမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ အဆိုပါ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအား ကျပ်သုံးသိန်းထက် မကျော်သော ဈေးနှုန်းဖြင့် ချထားပေးမည်ဖြစ်ပြီး လက်ရှိမိုဘိုင်းဖုန်းများနှင့် အထွက်ခေါ်ဆိုခ တူညီကာ အဝင်ခေါ်ဆိုခ ကောက်ခံမည် မဟုတ်ကြောင်း သိရသည်။ “အသစ်ချပေးမယ့် ဖုန်းတွေရဲ့ ဖုန်းခေါ်ဆိုခတွေ တက်ဖို့မရှိသလို ချပေးဖို့လည်း မရှိပါဘူး။ အသစ်ချပေးမယ့် ဖုန်းတွေမှာဆို System ပိုင်း မြှင့်လိုက်တာ မဟုတ်ဘဲ System ပိုင်း ပိုကောင်းလာတာ။ အရင်တုန်းက နည်းပညာနဲ့ အခုထပ်ဝယ်တဲ့ နည်းပညာက မတူတော့ဘူး။ တော်တော်များများ BTS တွေဆို သေးသွားတယ်။ Transmission စက်လေးတွေဆို DVD Player တွေထက် သေးသေးတယ်။ ဒါတွေက အခုနောက်ပိုင်း Generation မှာ သူ့ဟာသူ နည်းပညာ အပြောင်းအလဲကြောင့် ဖြစ်လာတာ။ ဆိုလိုချက်တာက အဲဒါပါပဲ။ သပ်သပ်မြှင့်လိုက်တာ မဟုတ်ဘူး။ အရင်တုန်းက အရင်ပေါ်ခဲ့တဲ့ပစ္စည်းတွေ ဝယ်တပ်ခဲ့ရသလို အခုက ခုခေတ်ပေါ်ပစ္စည်းတွေ ဝယ်တပ်ရတယ်။ အဲဒီသဘောပါပဲ” ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဇော်မင်းဦးက ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment