အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့်  လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက်  ပါတီဝင်သစ်များလက်ခံရေး ၊ ပါတီရုံးခန်များ ဖွင့်လှစ်နိုင်ရေးတို့   ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့  နယ် ဒေသများသို့    ယခင်ပါတီဝင်ဟောင်းများဦးဆောင်ကာ ခရီးစဉ်အသီးသီးကို ယခုသီတင်းပါတ်အတွင်း  စတင်ထွက်ခွာနေကြပြီဟုသတင်းရရှိပါသည်။ 
အဆိုပါလစ်လပ်နေရာများဖြစ်သောကချင်ပြည်နယ်ပြည်နယ် တွင်းရှိ (ဖားကန့် ၊ မိုးကောင်း ၊ဗန်းမော် ) ၊  စစ်ကိုင်းတိုင်းအတွင်းရှိ  (စစ်ကိုင်း ၊ ပုလဲ ၊ မင်းကင်း) ၊  တနင်္သာရီတိုင်းအတွင်းရှိ ( ကျွန်းစု ၊ လောင်းလုံ ) ၊ ပဲခူးတိုင်းအတွင်း ရှိ (  တောင်ငူ ၊ သနပ်ပင်၊  လက်ပံတန်း ) ၊ မကွေးတိုင်အတွင်းရှိ (မကွေး ၊ ရေစကြို  ၊မြိုင် ၊ ပခုက္ကူ ၊ ပွင့်ဖြူ ) ၊ မန္တလေးတိုင်း နှင့် နေပြည်တော်တိုင်း  အတွင်းရှိ (ဇဗ္ဗူသီရိ ၊ပုဗ္ဗသီရိ ၊ဒက္ခိဏသီရိ ၊ ဥတ္တရသီရိ ၊ ကျောက်ပန်းတောင်း  ၊နွားထိုးကြီး ၊ မဟာအောင်မြေ ၊ တံတားဦး ၊မိထ္တီလာ ၊ ပြင်ဦးလွင် )  ၊ရန်ကုန်တိုင်း အတွင်းရှိ ( ကော့မှုး ၊သုံးခွ ၊ ဒဂုံဆိပ်ကမ်း ၊   မဂ်လာတောင်ညွှန့်  ၊လှည်းကူး ၊ မရမ်းကုန်း ) ၊ ရှမ်းပြည်နယ်ရှိ ( ကလော )  ၊ဧရာဝတီတိုင်းအတွင်းရှိ ( ပုသိမ် ၊ မအူပင် ၊မြောင်းမြ ၊ ၀ါးခယ်မ ၊မြန်အောင်  ) စသည့်ဒေသများသို့  ယခုသီတင်းပါတ်အတွင်းစတင်ကာခရီးစဉ်များကို ပဏာမ  အနေဖြင့် ဒေသခံ များနှင့် တွေ့ ဆုံးနိုင်ရန် ခရီးစဉ်များ  စတင်ထွက်ခွာနေပြီဟုသိရပါသည် ။
No comments:
Post a Comment