Sunday, December 11, 2011

ဟိမ၀န္တာရေခဲပြင် အရည်ပျော်မှု တောင်အာရှကို ခြိမ်းခြောက်။

ရေခဲပြင်များ အရည်ပျော်ကျနေသော ဟိမဝန္တာတောင်တန်းတစိတ်တဒေသအား တွေ့ရစဉ်။


ကမ္ဘာ့ သိပ္ပံပညာရှင်များက ကမ္ဘာ့ကြီးပူနွေးလာမှုကြောင့် ဟိမ၀န္တာရှိ ရေခဲပြင်ကြီး အရည်ပျော်မှုသည် နှစ် ၃၀ အတွင်း ငါးရာခိုင်နှုန်းထိ ရှိကြောင်း ပထမဆုံးထုတ်ဖေါ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ခန္တမန္ဒူမြို့ အခြေစိုက် ( International Center for Integrated Mountain Development-ICIMOD) မှပြောဆိုရာတွင် နှစ် ၃၀ အတွင်း နီပေါနိုင်ငံတွင် ရေခဲပြင်အရည်ပျော်မှု ၂၁ ရာခိုင်နှုန်းနှင့် ဘူတန်နိုင်ငံတွင် ၂၂ ရာခိုင်နှုန်းထိရှိကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် မှတ်တမ်းတွင် ဟိမ၀န္တာရှိ ရေခဲပြင်သည် ၂၀၃၅ ခုနှစ်အရောက်တွင် လုံးဝပျောက်ကွယ် သွားနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုအကြိမ်သည် ဒုတိယအကြိမ် အဖြစ်ထွက်ပေါ် လာခြင်းဖြစ်သည်။

ယခုထုတ်ပြန်ချက်သည် နေရာဒေသအလိုက် စနစ်တကျ သုတေသနလုပ် တင်ပြထားခြင်းဖြစ်သည်။ ဟိမ၀န္တာဒေသတွင် ရေခဲပြင်အရည်ပျော်မှုကို လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက သိပ္ပံပညာရှင်များ တွေ့ရှိခဲ့သည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ဟိမ၀န္တာအောက်ပိုင်းတွင် နေထိုင်ကြသည့် လူဦးရေ သန်းပေါင်း (၁၃၀၀) အား အစားအစာထုတ်လုပ်မှုတွင် အကြီးအကျယ် ထိခိုက်မည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များမှ ပြောဆိုခဲ့သည်။

သဘာဝ ပတ်ဝန်းကျင်လှုံ့ဆော်သများမှ ဟိမ၀န္တာရေခဲပြင်အား တတိယ ၀င်ရိုးစွန်းဟု တင်စား ခေါ်ဝေါ် ခဲ့ကြသည်။ ရေခဲပြင် အရည်ပျော်မှုသည် ပင်လယ်ရေ မြင့်တက်လာမှု၏ အဓိကအကြောင်း အရင်း ဖြစ်သည်။

ဟိမ၀န္တာတောင်တန်းရှိ ရေခဲပြင်ပျောက်ကွယ်သွားပါက တောင်အာရှဒေသသည် သဲကန္တရ အဖြစ် ပြောင်း လဲ သွားနိုင်ကြောင်း ပြောဆိုခဲ့သည်။

No comments:

Post a Comment