မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဘဏ်တိုးနှုန်းတစ်နှစ်အတွင်းဒုတိယအကြိမ်  လျှော့ပေါ့  ပြင်ဆင်သတ်မှတ် လိုက်ကြောင်း ယခုလ ၂၃ရက်နေ့တွင် ပြုလုပ်သည့် ဘဏ်များ အသင်း  အမှုဆောင် အဖွဲ့၏ ၁၃၅ ကြိမ်မြောက် အစည်းအဝေးတွင် ဘဏ္ဍာရေး  ၀န်ကြီး  ဦးလှထွန်းကပြောကြားလိုက်သည်။ 
ယခုကဲ့သို့ ဘဏ်တိုးနှုန်း  ပြင်ဆင်သတ်မှတ်လိုက်ရာတွင် ယခင်  ဗဟိုဘဏ်အတိုးနှုန်းကို ၁၂ ရာခိုင်နှုန်းမှ  ၁၀ရာခိုင်နှုန်းသို့၎င်း၊  ပုဂ္ဂလိကဘဏ်များမှ အပ်ငွေ အပေါ်ပေးသည့် အတိုးနှုန်းကို  ၁၀ ရာနှုန်းမှ ၈  ရာနှုန်းသို့ ၎င်း၊ ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေများကို  ၁၅ ရာနှုန်းမှ ၁၃  ရာနှုန်းသို့ အသီးသီး လျှော့ချလိုက်သည်။
ထို့တူ  အစိုးရငွေတိုက် စာချုပ်ချေးငွေများ အပေါ် အတိုးနှုန်းကိုလည်း ၂  ရာနှုန်းစီ  အသီးသီး လျော့ချလိုက်သည်ဟု သတင်းစာဖေါ်ပြချက်များအရ သိရသည်။   ယင်းသို့လျှော့ချသည့် အတိုးနှုန်းသစ်များမှာ လာမည့် ဇန်န၀ါရီလ ၁ ရက်နေ့မှ   စတင် အကျုံးဝင်မည်ဖြစ်သည်။
အတိုးနှုန်းလျှော့ချရခြင်း  အကြောင်းရင်းနှင့် ပတ်သက်၍ ဘဏ္ဍာရေး ၀န်ကြီးက  စီးပွားရေး တိုးတက်မှုနှုန်း  တုံ့ဆိုင်းနေသေးသည့် အချက်၊ ဘဏ်များတွင်ငွေကြေး  အပ်နှံမှု  လစဉ်များတိုးမြင့်လာနေသည့် အချက်ကြောင့်ဟု  ရည်ညွှန်းပြောဆိုသွားကြောင်း  နိုင်ငံပိုင်သတင်းစာများတွင် ဖေါ်ပြထားသည်။
ကမ္ဘောဇဘဏ်  ဒုတိယဥက္ကဋ္ဌ (၂) ဦးသန်းလွင် “ ပထမအကြိမ် ဘဏ်တိုးနှုန်းများ   လျှော့ချပေးခဲ့စဉ်က အတိုးနှုန်းမှာ ကွာဟမှုမှာ   သိသာထင်ရှားခြင်းမရှိသဖြင့်ဘဏ်များတွင်  ချေးငွေသိသိသာသာ တက်လာခဲ့ခြင်း   မရှိသော်လည်း ယခုလို အတိုးနှုန်းများ ဒုတိယအကြိမ် လျှော့ချပြင်ဆင်   လိုက်သည့်အခါတွင် ပုဂ္ဂလိကဘဏ်များတွင် ယခင်ကထက် ချေးငွေတက်လာနိုင်သည် ”  ဟု   ပြောသည်။
“အတိုးနှုန်းတွေကလျှော့မှရမှာ။ ဒါမှ  အသက်ရှုချောင်မှာလေ၊  မြန်မာနိုင်ငံရဲ့ဘဏ်တိုးနှုန်းက အရှေ့တောင်အာရှရဲ့   အတိုးနှုန်းအမြင့်ဆုံးနိုင်ငံထဲမှာပါတယ်လေ၊ စကာင်္ပူရဲ့အတိုးနှုန်းတောင် ၃   ရာခိုင်နှုန်းအောက်ပဲရှိတယ်” ဟု ၄င်းကဆိုသည်။
ပို့ကုန်သွင်းကုန်  စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့်  ဦးလှမောင်ရွှေကမူ  ယခုကဲ့သို့ဘဏ်တိုးနှုန်းများ တစ်နှစ်အတွင်း  နှစ်ကြိမ်လျှော့ချမှုကို  လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ကြိုဆို  ၀မ်းမြောက်ကြောင်း၊ သို့သော်  ချေးငွေအပေါ်တောင်းခံသည့်  ဘဏ်တိုးနှုန်းပြင်ဆင်သတ်မှတ်လိုက်ခြင်းသည်  စီးပွားရေးလုပ်ငန်း  လုပ်ကိုင်သူတချို့အတွက်သာ အဆင်ပြေစေနိုင်ပြီး၊  တချို့သော အင်အားသေးငယ်သည့်  စီးပွားရေး လုပ်ငန်းရှင်များအတွက်  ယခုသတ်မှတ်လိုက်သော ဘဏ်တိုးနှုန်းဖြင့်  လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေ  သေးကြောင်း ပြောဆိုခဲ့သည်။
“အခုပြင်ဆင်လိုက်တဲ့အတိုးနှုန်းကြောင့်  ငွေဖောင်းပွတဲ့နှုန်းမှာ  အလုပ်မလုပ်နိုင်တဲ့ မလုပ်လိုတဲ့  ငွေစု သူတွေအ တွက်တော့ ဆက်ပြီးစုမှာလား  အလုပ်လုပ်မှာ လားလို့မေး စရာရှိလာ ပါတယ်။  ချေးငွေသမားတွေအနေနဲ့ကတော့  အဆင်ပြေတာပေါ့။ ချေးငွေသ မားကတော့  လျှော့လေကြိုက်လေ ပါပဲ”ဟု  ဦးလှမောင်ရွှေကဆိုသည်။
စီးပွားရေးပညာရှင်  ဒေါက်တာဒေါ်ရီရီမြင့် ကတော့ ယခုပြင်ဆင်လိုက်သည့်  ဘဏ်တိုးနှုန်းများသည်  စီးပွားရေး လုပ်ငန်းရှင်များအတွက်  အခွင့်အရေးတစ်ရပ်ဖြစ်သော်လည်း  ယခုလက်ရှိအချိန်သည် စီးပွားရေးလုပ် ငန်းများ  အေးနေ ချိန်ဖြစ် သဖြင့်  လက်တွေ့တွင် စီးပွားရေးတိုးတက်မှုကို   ပံ့ပိုးနိုင်ခြင်းရှိမ ရှိကိုမူ  စောင့်ကြည့် သွားရဦး မည်ဖြစ် ကြောင်း  သုံးသပ်ပြောဆိုသည်။
ယခုတကြိမ်  လျှော့ချခြင်းမ ပြုမီ လွန်ခဲ့သည့် စက်တင်ဘာလက ၁ ရက်နေ့ကလည်း   ဗဟိုဘဏ်တိုးနှုန်းမှလွဲ၍ ကျန်အတိုးနှုန်းများကို ၂ ရာခိုင်နှုန်း   အသီးသီးလျှော့ချခဲ့သေးသည်။
 ဘဏ်တိုးနှုန်းမြင့်မားနေခြင်းကြောင့်  မြန်မာစီးပွားရေးနယ်ပယ်သို့  ပြည်ပမှ ရင်းနှီးမြှုပ်နှံငွေများ  ၀င်ရောက်လာကာ ဘဏ်အပ်ငွေအဖြစ် အပ်နှံပြီး  အတိုးနှုန်းကွာဟမှု  အပေါ်အကျိုးအမြတ်ခံစား လျှက်ရှိသည်ဆိုသည့် သတင်းများ  ထွက်ပေါ်လျှက်ရှိသည်။  သို့ရာတွင် မြန်မာစီးပွားရေး နယ်ပယ်တွင်  တရားမ၀င်ငွေလွှဲမှုနှင့်  သက်ဆိုင်သည့် ကိန်းဂဏန်းအချက်အလက်များ  မရရှိနိုင်သဖြင့်   ပြည်ပမှ  ငွေကြေးပမာဏ မည်မျှစီးဝင်သည်ကို  တိကျစွာပြောဆိုနိုင်ခြင်း မရှိပေ။
No comments:
Post a Comment