Saturday, March 31, 2012

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက်၏ ယနေ့(၃၁.၃.၂၀၁၂)ရက်နေ့သတင်းများ။

ဒေးဒရဲမြို့နယ်သတင်း
ဒေးဒရဲမြို့နယ် ဆားကျင်းကျေးရွာတွင် တိုးအပိုင် (၂) မဲရုံတွင် မဲစာရင်း၌ အမည်စာရင်းထပ်သော ဦးရေစုစုပေါင်း ၁၁၅ဦးရှိနေသည်ကိုလည်း စုံစမ်းသိရှိရပါသည်။ အချို့ထပ်သူများမှာ ၄ကြိမ်ခန့်ထပ်သည်ကို တွေ့ရှိရသည်ဟု သတင်းပေးပို့သူများမှ ပြောဆိုပါသည်။ထိုမဲရုံတွင်ပင် လူမရှိသော ပြောင်းရွေ့ပြီးသား လူ၂၉ဦး အပိုပါနေသည်ကိုလည်း တွေ့ရှိရပါသည်။ ထိုမဲစာရင်းတွင် မဲပေးရမည့်သူ ၃၈ဦး၏ စရင်းပါမလာကြောင်းကိုလည်း တွေ့ရှိရသည်။ ရပ်ကွက်ကျေးရွာ ကော်မရှင် ဦးနိုင်ဝင်းကိုလည်း အသိပေးအကြောင်းကြားထားပြီး ဖြစ်သော်လည်း မြို့နယ်ကော်မရှင်မှ စာရေးမလာသေး၍ မတင်ရသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု သိရပါသည်။တံတားဦးမြို့နယ်၊ အမှတ်(၁)နယ်မြေ၊ သာဂေါင်ရပ်တွင် အိမ်ထောင်ဦးစီးဦးလှမင်းအပါအ၀င် မိသားစုဝင်(၇)ယောက်လုံး မဲပေးနိုင်သူစာရင်းတွင် ပါရှိမလာကြောင်း သတင်းပေးပို့လာပါသည်။ မဲစာရင်းပြုစုရန် လွန်ခဲ့သည့် တစ်လလောက် စာရင်းလာကောက်သည့်အချိန်က စာရင်းမှတ်သွားသော်လည်း မဲစာရင်းထွက်လာသောအခါ ကျန်ရှိနေပါသည်။ ထို့ကြောင့် မိသားစုဝင်များမှ မကျေမနပ်ဖြစ်၍ သတင်းပေးပို့လာပါသည်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ရက်သည် စေတနာ့ဝန်ထမ်းနိုင်ငံသား စောင့်ကြည့်လေ့လာသူများနှင့် စေတနာ့ဝန်ထမ်း အမာခံ ကွန်ရက်အဖွဲ့ဝင်များဖြင့်သာ လေ့လာစောင့်ကြည့်လျက်ရှိပါသည်။

မရမ်းကုန်းမြို့နယ်သတင်း
မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီ အမှတ် ၅/ ၉၅၇ ၅ရပ်ကွက် မစန်းစန်းရင်တို့ အိမ်ထောင်စုစရင်းတွင် မစန်းစန်းရင် တစ်ဦးသာ မဲပေးနိုင်သည့်စရင်းတွင် ပါခဲ့ပြီး ဦးအောင်မော်သိန်း၊ ကိုဟန်မော်သိန်းတို့ နှစ်ဦးမှာ မဲပေးမည့်စရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရသောကြောင့် မဲပေးခွင့်မရှိသည့် သဘောမျိုးဖြစ်နေလျှက်ရှိပါသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ၄င်းတို့သုံးဦးစလုံးမဲပေးခဲ့ကြောင်းလည်း သိရှိရပါသည်။ ၃၀.၃.၂၀၁၂နေ့ ညနေ ၃နာရီအချိန်မှ မဲစရင်းကပ်ထားခဲ့သောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ၄င်းလည်းမည်သို့မှ မတတ်နိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထိုအတူ ရွှေနှင်းဆီလမ်း မဲရုံအမှတ် ၄ တွင် မဲစာရင်းမပါသူ ၁၀၀ကျော်ရှိသည်ဟုလဲသိရှိရပါသည်။

မအူပင်မြို့နယ်သတင်း
၃၀.၃.၂၀၁၂နေ့တွင် မအူပင်မြို့နယ် မလက်တိုအုပ်စု ရွာတွဲမှ ၁၅ရွာအတွင်း စုစုပေါင်း ၁၃၀၆၂ဦး မဲစရင်းများရှိသည့်အနက် နောက်တိုးမဲပေးမည့်သူ ၁၅၀ခန့်ပါမလာပဲ ဖြစ်နေပါသည်။ ၄င်းတို့က ၂၁.၃.၂၀၁၂နေ ရပ်ကျေးရွာကော်မရှင်ကို အကြောင်းကြားထားသည်။ ၁ရပ်ကွက်နှင့် ၂ရပ်ကွက်တွင်လည်း အလားတူ အဖြစ်အပျက်မျိုးများ ရှိကြောင်းသိရှိရပါသည်။ ပန်းတင်အင်းကျေးရွာ ရေနက်ဆိပ်ကမ်းအနားတွင် ကိုကံဝင်ယောက္ခမ ဒေါ်မွှေးအား ကြိုတင်မဲကောက်ယူရာတွင် ပြည်ခိုင်ဖြိုးပါတီအား အမှန်ခြစ်ရန် အတင်းခိုင်းစေသွားခဲ့သည်ဟုသိရှိရပါသည်။ ခိုင်းစေသည့်သူမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်ကြောင်းလည်း သိရှိရပါသည်။

လောင်းလုံမြို့နယ်သတင်း
၃၀.၃.၂၀၁၂ နေ့လည် ၁၁နာရီခန့်က လောင်းလုံမြို့နယ်ရွာဟောင်း ၀လေရွာကော်မရှင်အတွင်းရေးမှူး ဒေါ်နွဲ့မှ လူ၂၄ယောက်အား ကြိုတင်မဲကောက်ယူခဲ့သည်။ ၁၀ယောက်အား ၄င်းစိတ်ကြိုက် ပြည်ခိုင်ဖြိုးပါတီအား ခြစ်သွားခဲ့သည် ဟုဆိုသည်။ ဒေါ်စန်းနွဲ့မှ ကော်မရှင်ရုံးသို့ တိုက်ရိုက်မပို့ပဲ အိမ်သို့ ယူသွားပြီး ခြစ်ခဲ့သည်ဟု သိခဲ့ရပါသည်။ မဲပေးသူများမှ သွားပြောသည့်အခါမှ ကော်မရှင်ရုံးသို့ သွားပို့ခဲ့သည်ဟု သိရှိရပါသည်။

နေပြည်တော်သတင်း
နေပြည်တော်၊ ဒက္ခိဏမြို့နယ် ကျားကူးအရှေ့ရွာမှ မဲရုံတွင် ဒေါ်သိန်းညွှန့် ခြေထောက်ကျိုးနေသဖြင့် ကြိုတင်မဲသွားထည့်ရာ NLD ပါတီကို ထောက်ခံမဲ့ခြစ်ခိုင်းရာတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကွက်ကော်မရှင် အဖွဲ့ဟောင်းဖြစ်သူ ဦးနိုင်အေးမှ ခြစ်ခိုင်းသည့် NLD ပါတီကို ထောက်ခံမဲမခြစ်ပဲ ကြံခိုင်ရေးပါတီသို့ ခြစ်ခဲ့ကြောင်းသိရှိရပါသည်။ ယ္ခုအခါ ရပ်ကွက်ကျေးရွာကော်မရှင်ထံသို့ တိုင်ကြားခဲ့ပြီး မြို့နယ်ကော်မရှင်သို့ ဆက်လက်တိုင်ကြား သွားမည်ဟုလဲ သိရှိရပါသည်။
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၌ မဲပေးပိုင်ခွင့်ရှိသူအရည်အချင်းနှင့် ပြည့်စုံသော်လည်း မဲစာရင်းတွင် မပါဝင်သူများစွာ ကျန်ရှိနေကြောင်း သိရှိရပါသည်။

ဒေးဒရဲမြို့နယ်သတင်း
၂၈.၃.၂၀၁၂နေ့က ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်ကျော်သူမှ ရွာလူထုကို အရှေ့ကျောင်းဓမ္မာရုံတွင် အစည်းအဝေးခေါ်ယူခဲ့သည်။ မဲပေးပုံပေးနည်းများကို ပြောကြားပြီး အခုဒီသောကြာရွာမှာ အလယ်တန်းကျောင်းခွဲချပေးဖို့ အားလုံးစီစဉ်ပြီးသွားမှ အစီအစဉ်ပျက်သွားတယ်လို့ သိရပါသည်။ အဲဒီအကြောင်းအရင်းက NLD ကိုအားပေးတဲ့ သူများတဲ့အတွက်ကြောင့် ဖြစ်ရတာ၊ ဘယ်သူတွေကြောင့် ဒီလိုပျက်သွားတယ်ဆိုတာ ပြောဖို့တောင်မလိုတော့ဘူးဟု ဒီကျောင်းခွဲပြန်ကျဖို့ ဘယ်သူကိုအားပေးရမယ်ဆိုတာ အားလုံးကသိကြမှာပါဟု ပြောဆိုပြီး အာဏာအသုံးချကာ ချိန်းခြောက်မှုများဖြင့် စည်းရုံးသွားကြောင်းသိရှိရပါသည်။
ဒေးဒရဲမြို့နယ် ဆားကျင်းကျေးရွာတွင် ဒေါ်အောင်စုကြည်အား အသရေဖျက်ထားသော ဗီဒီယိုခွေများကို ကြံ့ခိုင်ရေးစည်းရုံးရေးမှူး ကိုအောင်ဇော်ဦးမှ ရယူသော အခွေအားနီးစပ်ရာ အိမ်များ၊ လဘ္ကက်ရည်ဆိုင်များတွင် ပြသခဲ့ကြောင်းသိရပါသည်။ ထိုအခွေတွင် ဒေါ်အောင်ဆန်းစုကြည်အား အထင်အမြင်လွဲမှားစေသော စာတန်းများထိုးထားသည့် ရုံပုံသေများဖြစ်သည်။ မေးခွန်း ၂၁ခုကိုလည်းမေးထားပြီး ဖြေနိုင်သူများကို ဆုငွေချမည်ဟုလည်းပါဝင်သည်ဟု သိရှိရပါသည်။ ထိုအခွေအဖြစ် စာတန်းများတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏သားသမီးများကို မြန်မာစကားသင်မပေးဘူးလား ဆိုသည့်မေးခွန်းများလည်း ပါသည်ဟု သိရသည်။ ဒေးဒရဲမြို့ပေါ်ဆင်ခြေဖုံး ဆန်စက်တန်းတွင်လည်း အဆိုပါအခွေနှစ်ခွေ ရောက်ရှိနေကြောင်း၊ မြို့ပေါ်တွင်လည်း နေရာ ၄နေရာခန့်တွင် အခွေများဖြန့်ဝေထားကြောင်း သိရသည်။ ထိုအခွေသည် စုစုပေါင်း မိမိနစ် ၂၀ခန့််ကြာမြင့်သော အခွေဖြစ်သည်ဟု သိရှိရပါသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်သတင်း
ဒဂုံဆိပ်ကမ်းမြို့နယ် မဲရုံများ၌ ကြိုင်တင်မဲပေးသည့် မဲများအနက် မဲခြစ်ရမည့်နေရာများတွင် ဖယောင်းများ သုတ်ထားသောကြောင့် ဆန္ဒပြု မှတ်ချက်များ ရေးခြစ်၍ မရကြောင်း သိရှိရပါသည်။ပြင်ဦးလွင်မြို့တွင် ပြည်ခိုင်ဖြိုးအသင်းဝင်များအား ကြိုတင်မဲပေးခွင့်ကဒ်ပြား တစ်ဦးလျှင် ၃ ကဒ်စီထုတ်ပေးထားကြောင်း သိရှိရပါသည်။ မဲရုံနံပါတ် ၃ တွင် မဲပေးခွင့်ရသည့် ကဒ်ပြားများဖြစ်ကြောင်း သိရပါသည်။

ဖျာပုံ-နောက်ဆက်တွဲသတင်းများ
၃၀-၃-၂၀၁၂ ညနေ (၄)နာရီအချိန်တွင် ဖျာပုံမြို့ဒေါ်ငြိမ်းကျေးရွာမဲရုံအမှတ်(၂)မှ မဲပေးရမည့်အဖိုး အဖွားများ မလာရောက်နိုင်သဖြင့်  မြေးဖြစ်သူမ၀တ်ရည်မှ ကြိုတင်မဲလာယူရန် (ရပ်၊ကျေး) ကော်မတီသို့ သတင်းပို့ခဲ့သည်။ ထိုအခါအဖွဲ့ဝင်ဖြစ်သူ ကိုကျော်နိုင်ဦးမရှိသည့်အတွက် ကော်မရှင်အဖွဲ့ဝင်ကိုမင်းလွင်က ရ.ယ.ကရုံးသို့ မ၀တ်ရည်အားလာခဲ့ရန်ဖိတ်ခေါ်ပြီး စာရေးမင်းမင်းဦးနှင့် ကိုမင်းလွင်တို့က အဖိုး၊ အဖွားသုံးဦး စလုံးအတွက် ကိုယ်စားမဲပေးသွားရန် မ၀တ်ရည်အားပြောခဲ့သည်။ ထို့ကြောင့်မ၀တ်ရည်က သုံးဦးစလုံးအတွက် အန်အယ်လ်ဒီကို မဲပေးခဲ့သည်။ ထိုအခါ မဲစာအိတ်ကိုပိတ်မည့်အချိန်တွင် ကိုမင်းမင်းဦးနှင့် ကိုမင်းလွင်တို့က စာအိတ်ကိုမပိတ်ခိုင်းပဲ “ဒီအတိုင်းထားလိုက်ပါ” ဟုပြောခဲ့ပြီးယူသွားခဲ့ကြသည်။ ထို့ကြောင့် မ၀တ်ရည်က (ရပ်၊ကျေး)ကော်မရှင်ဥက္ကဌ ကိုမင်းဦးကိုပြောသည့်အခါ ကိုမင်းဦးက ၎င်းလည်းနားမလည်ပါဟု ပြန်လည် ဖြေကြားခဲ့သည်။ ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာ၏ စုစုပေါင်းမဲရုံ(၉)ရုံတွင် ကြိုတင်မဲသွားရောက်ကောက်ခံစဉ် NLD ၏ ပုံစံ(၈)၀င် တရားဝင်မဲရုံကိုယ်စားလှယ်များ လိုက်ပါစောင့်ကြည့်ခွင့် လုံးဝမပြုဟု (ရပ်၊ကျေး) ကော်မရှင်က ငြင်းဆိုသည်။
ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွင်အမည်ပါသော်လည်း မှတ်ပုံတင်မရှိပါက မည်သည့်အထောက်အထား ရှိသည်ဖြစ်စေ မဲပေးခွင့်လုံးဝမရှိကြောင်း ညွှန်ကြားထားသည်။ ထို့ကြောင့် ကျေးရွာလေးတစ်ရွာတွင်ပင် မှတ်ပုံတင်မရှိသူဦးရေမှာ ၅၀နှင့်၁၀၀ကြားခန့်ရှိနေသည်။

မဲရုံကိုယ်စားလှယ်များ မဲရုံအတွင်းသို့ ၀င်ခွင့်မရ
ရွေးကောက်ပွဲကော်မရှင်က မဲရုံကိုယ်စားလှယ်နှင့် အရန်ကိုယ်စားလှယ်စုစုပေါင်း(၂)ဦးကို သက်ဆိုင်ရာမဲရုံများသို့ ၀င်ခွင့်ပြု ထားသော်လည်း (၃၀.၃.၂၀၁၂)ရက်နေ့က ဖျာပုံမြို့နယ်၊ မြို့ကုန်းရပ်ကျေးရွာကော်မရှင်က မဲရုံအတွင်းသို့ မဲရုံကိုယ်စားလှယ်များကို လုံး၀၀င်ခွင့်မပြုဘဲ မဲရုံအပြင်ဖက်ဝရန်တာမှာသာ နေခွင့်ရှိသည်ဟု ပြောကြားခဲ့ပါသည်။
ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာတွင်လည်း မဲရုံအမှတ်(၉)၊ ကမန္တကျေးရွာတွင်လည်း မဲရုံအတွင်းသို့ သက်ဆိုင်ရာ မဲရုံကိုယ်စားများကို မဲရုံအတွင်းသို့ ၀င်ခွင့်မပြုဘဲ မဲရုံပြင်ပတွင်သာ နေခွင့်ပြုထားပါသည်။
ဖျာပုံမြို့နယ်၊ ကနိကျေးရွာတွင်လည်း ရပ်ကျေးကော်မရှင်ဥက္ကဌဦးညိုမြင့်က မဲရုံအတွင်းသို့ မဲရုံကိုယ်စားလှယ်တစ်ဦးသာ ၀င်ခွင့်ပြုမည်ဟု ပြောခဲ့ပါသည်။

မြန်မာ့သက်ရှိ သမိုင်းစာအုပ်ကြီး ဆရာဒဂုံတာရာ ကိုယ်တိုင်မဲပေးမယ်။

မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)

ရှမ်းပြည်နယ် အောင်ပန်းမြို့တွင်နေထိုင်လျက်ရှိသော အသက် (၉၀) ကျော်အရွယ် မျက်မမြင် ကဗျာဆရာကြီးဒဂုန်တာရာဟာ ကြိုတင်မဲဆန္ဒပေးခြင်း မပြုပဲ ဧပြီလ (၁) ရက်နေ့မှာ သက်ဆိုင်ရာ မဲရုံသို့ ကိုယ်တိုင်သွား မဲပေးမည်ဖြစ်ကြောင်း သိရသည်။

ဆရာကြီး ဒဂုန်တာရာ မဲပေးမည့်နေရာမှာ ကလောမြို့နယ် ရွာငံစု အမက (၁၄) တွင် ဖွင့်လှစ်ထားမည့် မဲရုံ အမှတ်(၆) တွင်ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဒဂုန်တာရာအနေဖြင့် မျက်စေ့မမြင်သည့်အတွက် ၄င်းဇ။် တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကို အကူအညီဖြင့် ခေါ်ဆောင် မဲဆန္ဒပြုဖွယ်ရှိကြောင်း စုံစမ်းသိရသည်။

ဆရာကြီး ဒဂုန်တာရာသည် သခင်ကိုယ်တော်မှိုင်းဦးစီးသည့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး တစ်သက်တာ ကာလပါတ်လုံး ငြိမ်းချမ်းရေး အယူအဆ ကိုကိုင်စွဲထားသူဖြစ်သည်။ ဆရာကြီးဒဂုန်တာရာဇ။် ထင်ရှားသော အယူအဆ တစ်ခုမှာ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ ဆိုသော အယူအဆ ဖြစ်သည်။

ဌာနေလူထုအင်အားဖြင့် မဲရုံကို ဝိုင်းပြီး တောင်းဆိုသဖြင့် ညတွင်းချင်း မဲစာရင်းထုတ်ပြန်ပေးလိုက်ရပြီ။

၃၁.၃.၂၀၁၂
ည(၁၁း၃၀)
မအူပင်မြို့နယ်တွင် မဲစာရင်းကွာဟမှုများ၊ လူစာရင်းမပါရှိမှုများရှိနေပြီး (၂၄.၃.၂၀၁၂)တွင် စာရင်းပြန်ပြင်ပေးမည်ဟု ကတိပေးထားသော်လည်း လူစာရင်းများ ကွာဟနေဆဲဖြစ်နေသဖြင့် ခရိုင်ကော်မရှင်ကို သွားရောက်အကြောင်းကြားသော်လည်း ခရိုင်ကော်မရှင်က မလုပ်ပေးနိုင်ကြောင်၊ ရပ်ကျေးကော်မရှင်သာ တာဝန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ ...
ထို့ကြောင့် (၃၁.၃.၂၀၁၂) ည(၇)နာရီအချိန်ခန့်တွင် မအူပင်မြို့နယ်မြို့ပေါ် မဲရုံအမှတ်၉နှင့်၆တို့ကို လူထုက ဝိုင်းထားပြီး၊ မဲစာရင်းမထည့်ပေးမချင်းမပြန်ဘူးဟု လူ၃၀၀ခန့်ရှိသော လူအုပ်စုဖြင့် အရေးဆိုနေခဲ့ပါသည်။ ည၈နာရီကျော်ခန့်တွင် စအဖ (စစ်ဖက်ရေးရာလုံခြုံရေးအထူးအဖွဲ့)မှ ရောက်ရှိလာပြီး မဲစာရင်းပြင်ပေးရန် ကော်မရှင်သို့ ပြောဆိုသည့်အခါတွင်မှ စာရင်းပြန်ပြင်ပေးခြင်း၊ စလစ်ပြားထုတ်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု သတင်းပေးပို့လာပါသည်။
မအူပင်မြို့နယ်နှင့် (၄)မိုင်ခန့် ဝေးကွာသော မလက်တို၊ ထနှီးကျေရွာများတွင်လည်း မဲစာရင်းမပါရှိသေးသူဦးရေ ၄၀၃ဦး ကျန်နေသေးသဖြင့် ထိုကျန်ရှိနေသော ကျေးရွာလူထုမှ မြို့ပေါ်တွင် စာရင်းပြန်ပြင်ပေးပြီး ရွာတွင် ပြန်ပြင်ပေးခြင်းမရှိသဖြင့် လူစုပြီး စာရင်းပြန်ပြင်ပေးရန် တောင်းဆိုနေကြသည်ဟု သိရှိရပါသည်။ ည(၁၁း၀၀)ကျော်သည့်အချိန်ထိ လူစုမကွဲသေးကြောင်း၊ စာရင်းလည်း ပြင်ပေးခြင်းမရှိသေးကြောင်း သတင်းပေးပို့လာပါသည်။

Friday, March 30, 2012

ဧပြီ ၁ ရက် - ကြားဖြတ်ရွေးကောက်ပွဲဝင် ပါတီများနှင့် မဲဆန္ဒနယ်အရေအတွက်

         ဧပြီ ၁ ရက် - ကြားဖြတ်ရွေးကောက်ပွဲဝင် ပါတီများနှင့် မဲဆန္ဒနယ်အရေအတွက်
 
စဉ်။
တံဆိပ်
ပါတီအမည်
ပြည်သူ့လွှတ်တော်
အမျိုးသား
လွှတ်တော်
တိုင်းဒေသကြီး
လွှတ်တော်
ပေါင်း
၁။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၄၀
၆ (-၁)
၄၈ (-၁)
၂။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၄၀
၄၈
၃။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၁၇ (-၁)
၂၃ (-၁)
၎။
အမျိုးသားဒီမိုကရေစီအင်အားစု  
၁၃
-
-
၁၃
၅။
အမျိုးသားဒီမိုကရေစီပါတီသစ်
-
-
၆။
ဒီမိုကရက်တစ်ပါတီ (မြန်မာ)
-
-
၁၇။
ခေတ်သစ်ပြည်သူ့ပါတီ

၈။
အမျိုးသား နိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်
-
-
၉။
ပြည်သူ့ဒီမိုကရေစီပါတီ
-
၁၀
ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
-
၁၁
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
-
-
၁၂
မြန်မာအမျိုးသားကွန်ဂရက်ပါတီ
-
-
၁၃
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
-
၁၄
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
-
-
၁၅
ပအို့ အမျိုးသားအဖွဲ့ချုပ်
-
-
၁၆
ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
-
-
၁၇
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
-
-


--------------------------------TOTAL ------------------------------------------------
၁၃၂
၂၂
၁၆၀

တသီးပုဂ္ဂလများ
စဉ်

အမည်
မဲဆန္ဒနယ်
၁။
ဒေါက်တာတူးဂျာ- ( ဦးမနန် တူးဂျာ)
ကချင် - မိုးကောင်း
၂။
ဒေါ်မြင့်မြင့်အေး
ပခုက္ကူ - မန္တလေးတိုင်း
၃။
ဦးခင်လှိုင် (ဇောတိက သင်္ကန်းတိုက်)
မရမ်းကုန်း - ရန်ကုန်တိုင်း
၎။

ဦးမြင့်လွင်သန်း
ပုဗ္ပသီရီ - နေပြည်တော်
၅။

ဦးဟန်ရှင်ဝင်း
ရေစကြို - မကွေးတိုင်း
၆။

ဦးစိန်လှ
မဟာအောင်မြေ- မန္တလေးတိုင်း
၇။

ဦးညွန့် ဦး - ၈၈ ပြည်သူ့အင်အားစုပါတီ
မဟာအောင်မြေ - မန္တလေးတိုင်း
၈။

ဦးကျော်ကျော် - ဒီမိုကရက်မဟာမိတ်ပါတီ
မဟာအောင်မြေ - မန္တလေးတိုင်း
၂၀၁၂ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အရေအတွက် (ပြည်သူ့ လွှတ်တော်- ၁၄၀+ အမျိုးသားလွှတ်တော်- ၂၂+ တိုင်းဒေသကြီး ၆ )  - ၁၆၈  ( ၁၆၀ နိုင်ငံရေးပါတီ- ၈ ဦးက တသီးပုဂ္ဂလ)

Wednesday, March 28, 2012

ကြံဖွံ့အစိုးရဘာလုပ်နေလဲ ? ။

တံတားဦမှာ ဖွင့်ကုန်ပြီ(အမှု့)
(၂၈.၀၃.၂၀၁၂)
တံတားဦးမြို့နယ်၊ ဇီးပင်ကွေ့ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်များမှ NLD ပါတီဝင်များကို ဆဲဆိုကြိမ်းမောင်းသည့်အမှုမှာ ယနေ့တွင် ပိုမိုပြင်းထန်လာပါသည်။ ယနေ့တွင် ဇီးပင်ကွေ့ကျေးရွာရှိ ပြည်ခိုင်ဖြိုးရုံးဖွင့်ထားရာအိမ်တစ်အိမ်တွင် လော်စပီကာများတပ်ဆင်၍ NLD ပါတီဝင်များကို မိုက်ခရိုးဖုန်းများဖြင့် ဆဲဆိုကြိမ်းမောင်းနေသည်ဟု သိရှိရပါသည်။ ယမန်နေ့ကအတိုင်း"ကော်မရှင်ဥက္ကကြီးဦးတင်အေးခင်းပေးထားတဲ့လမ်းကို လျှောက်ပြီး စည်းရုံးဆင်းရဲသေးတယ်"ဆိုပြီး တစ်နေ့လုံးဆဲဆိုကြိမ်းမောင်းနေပါသည်။
ည(၁၀)နာရီကျော်သည့်အခါတွင် ရွာသားများက သည်းမခံနိုင်လောက်အောင် မခံမရပ်နိုင် ဖြစ်လာကြသောကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပေါ်လာမည် စိုးရိမ်သောကြောင့် ရွာသားများ၏တိုက်တွန်းချက်အရ NLD ပါတီဝင်ဒေါက်တာအောင်စိုးမြင့်မှ တာဝန်ခံ၍ တံတားဦးမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပေးခဲ့ပါသည်။ သို့သော် ရဲစခန်းမှ ဤကဲ့သို့အမှုမျိုးမကိုင်တွယ်ဖူး၍ လက်မခံရဲပဲ ကော်မရှင်နှင့်သာ ညှိုနှိုင်းဆောင်ရွက်ရန် ပြောဆို၍ အမှုကို လက်ခံခဲ့ခြင်းမရှိပေ။ ရွေးကောက်ပွဲကော်မရှင်ထံ ချက်ချင်းဖုန်းဆက်သည့်အခါတွင် မနက်ကျမှ လက်ခံတွေ့ဆုံမည်ဟုပြောဆိုခဲ့သည်။ ထပ်မံပြီး တံတားဦးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ၎င်းတို့လည်း မည်သို့ကိုင်တွယ်ဆောင်ရွက်ရမည်မသိကြောင်းလည်း ပြန်လည်ဖြေကြား ခဲ့ပါသည်။ တံတားဦးမြို့နယ်ပါတီဝင်များမှ ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်သောကြောင့် ရွာသားများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များကြား ပြင်းထန်သည့်ပြသနာများ ပေါ်ပေါက်လာမည်ကိုစိုးရိမ်၍ မနက်ဖြန်တွင် ကော်မရှင်ရုံးအဆင့်ဆင့်သို့ တိုင်ကြား၍ တိုင်စာများပေးပို့မည်ဖြစ်ကြောင်း သိရှိရပါသည်။

 ပခုက္ကူမှာထိုးကုန်ပြီ (လက်သီးနဲ့)
 (၂၈.၃.၂၀၁၂)
ပခုက္ကူမြို့နယ်၊ မြင်းဝင်းကျေးရွာတွင် ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ မဲရုံတွင် မဲပေးခြင်းသရုပ်ပြ သွားရောက်လုပ်ကိုင်နေစဉ် အရက်များမူးနေသော ကိုလွင်၊ ကိုဦး၊ ကိုဟန်သိမ်းမြင့်(၃)ဦးတို့ သရုပ်ပြရာနေရာသို့ ၀င်ရောက်လာခဲ့သည်။ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်လူကြီးမင်းများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များဟု ထင်မှတ်ကြပြီး NLD မှ စည်းရုံးရေးဆင်းနေသည်ဟု ယူဆကာ ၎င်းတို့ထဲမှ တစ်ဦးက "မင်းတို့ခွပ်ဒေါင်းထဲ မဲထည့်ရင် ထည့်တဲ့သူကို ဒူးတွေ၊ ခြေထောက်တွေချိုးပစ်မယ်"လို့ ခြိမ်းခြောက်ပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးမြင့်အေးနှင့် အတွင်းရေးမှူးဦးအောင်ဌေးဝင်း တို့ကို ၎င်းတို့ထဲမှ နှစ်ဦးက လက်သီးဖြင့်ဝင်ရောက်ထိုးနှက်ခဲ့ပါသည်။ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရှေ့မှောက်တွင် ဖြစ်ပွားသော မှုခင်းဖြစ်သောကြောင့် မြစ်ခြေရဲစခန်းတွင် အမှုကို တိုင်ကြားခဲ့ပါသည်။ ရဲများရောက်လာပြီး ၎င်းတို့(၃)ဦးအား ဖမ်းဆီးမည်ပြုသောအခါတွင် ကိုဟန်သိမ်းမြင့်နှင့် ပြည်ခိုင်ဖြိုးကျေးရွာစည်းရုံးရေးမှူးဦးသိန်းဇော်လှိုင်းတို့မှ မြို့နယ်ပြည်ခိုင်ဖြိုးရုံးမှ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းဦးကျော်တင့်နှင့် ပြောဆိုပြီးဖြစ်ကြောင်း၊ ၎င်းမှ ရှင်းလင်းပေးမည်ဟု ပြောဆိုပြီးဖြစ်ကြောင်း ပြောဆိုကြ၍ မြစ်ခြေရဲစခန်းမှ ရဲများမှ ဖမ်းဆီးခြင်းမရှိဘဲ ပြန်သွားခဲ့ကြပါသည်။ ထိုအဖြစ်အပျက်ကို ကျေးရွာလူထုမှ မကျေမနပ်ဖြစ်နေကြ၍ ရွာသူရွာသားအချို့မှ စိုးရိမ်လျှက်ရှိနေကြပါသည်။ ရွေးကောက်ပွဲနီးလာလျှင် ပြည်ခိုင်ဖြိုးပါတီဝင်များ၏လုပ်ရပ်သည် ပိုမိုဆိုးရွားလာမည်ဟု သုံးသပ်နေကြပြီး အိမ်ထဲကနေ အိမ်အပြင်မထွက်ရဲအောင်ဖြစ်နေကြပါသည်။ ရွာသားများမှ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ဒီအမှုအားတရားစွဲဆိုခြင်းမရှိပါက ပြည်ခိုင်ဖြိုးပါတီဝင်များက ပိုမိုအတင့်ရဲလာကြပြီး ဥပဒေချိုးဖောက်မှုများ ပိုမိုပြုလုပ်လာကြမည်ဖြစ်သည့်အပြင် ရွေးကောက်ပွဲသည်လည်း မည်သို့မှ တရားမျှတမှုရှိနိုင်မည်မဟုတ်ကြောင်း သုံးသပ်ဝေဖန်ပြောဆိုနေကြသည်ဟု နယ်မြေခံများမှ သတင်းပေးပို့ ခဲ့ပါသည်။

ပခုက္ကူမြို့နယ်၊ မြစ်ကျေးရွာမှာ အုပ်ချုပ်ရေးမှုးကလဲ တစခန်းထဆိုဘဲ။
(၂၈.၀၃.၂၀၁၂)
ပခုက္ကူမြို့နယ်၊ မြစ်ကျေးရွာတွင် ကိုကျော်လွင်သည် တိုင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ်ခန့်ထားခြင်းခံခဲ့ရသည်။ ၎င်းသည် ပြည်ခိုင်ဖြိုးမြို့နယ်ကိုယ်စားလှယ်လောင်းဦးကျော်တင့်၏ ဆန်ပွဲရုံမှ ဆန်များကို ၀ယ်ယူရောင်းချခြင်းလုပ်ငန်းကိုလည်း လုပ်ကိုင်နေသူဖြစ်သည်။ (၂၄.၃.၁၂)နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ကိုကျော်လွင်သည် ကျေးရွာတွင်းတွင် ရွာလူထုအစည်းအဝေးခေါ်ယူပြီး ပြီးခဲ့သည့်ပခုက္ကူရေဘေးကယ်ဆယ်ရေးတွင် ဝေငှခဲ့သည့်ဆန်များမှာ ပြည်ခိုင်ဖြိုးမှ ဝေခြမ်းထားသောဆန်များဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ခိုင်ဖြိုးကိုသာ မဲပေးကြရန် ပြောကြားခဲ့သည်။ အကယ်၍ ပြည်ခိုင်ဖြိုးကို မဲမပေးပါက ရွေးကောက်ပွဲနေ့ရောက်လျှင် ကျေးရွာတွင် အဓိကရုဏ်းများဖြစ်ပေါ်လာနိုင်ကြောင်း၊ ကျေးရွာသားများ ထမင်းငတ်၍ ဒုက္ခရောက်သွားနိုင်ကြောင်း ခြိမ်းခြောက်ပြောဆို၍ မာန်မဲခဲ့ပါသည်။
ကိုကျော်လွင်သည် ၂၅.၃.၂၀၁၂နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်စေသော ညစ်ညမ်းစာများကို ရွာထဲမှအိမ်များကို ကိုယ်တိုင်ကိုယ်ကျ အိမ်တိုင်ရာရောက် လက်လံဝေငှခဲ့ပါသည်။ (ထိုစာတွင် အချက်အလက်ပေါင်း (၂၁)ချက်ပါဝင်ပြီး လျှောက်လွှာစာရွက်ကျောကပ်(၂)မျက်နှာပါဝင်ကြောင်း သိရှိရပါသည်။)
၂၆.၃.၂၀၁၂ နေ့တွင်လည်း ကိုကျော်လွင်သည် ၎င်းအိမ်တွင် ဘောလုံးပွဲပြသမည်ဟု ကျေးရွာလူထုကို စည်းရုံးခေါ်ဆောင်ပြီး အမှန်တကယ်ဘောလုံးပွဲပြသခြင်းမရှိဘဲ ဒေါ်အောင်ဆနးစုကြည်အား ပုံမှားရိုက်ထားသည့်၊ ကွန်ပျူတာနည်းပညာဖြင့် ပြုပြင်ထားသည့် ဆင်ဆာမဲ့ညစ်ညမ်းဗွီဒီယိုအခွေကို ရွာသားများအားပြသခဲ့သည့်အတွက် ရွာလူထုမှ မကျေမနပ်ဖြစ်ခဲ့ကြရပါသည်။
၂၈.၃.၂၀၁၂ရက်နေ့၊ ည(၉)နာရီအချိန်တွင် ကိုကျော်လွင်မှ ဦးဆောင်၍ ကျေးရွာကော်မရှင်ဝင်များကို ခေါ်ယူ၍ လျှို့ဝှက်အစည်းအဝေးတစ်ခု လုပ်ခဲ့ပါသည်။ ထိုအစည်းအဝေဒတွင် ရွာတွင် မဲပေးနိုင်သူ ၉၅၈ဦးရှိပြီး ခရီးလွန်နေသူ ၄၄ဦးခန့်ရှိရာ ထို၄၄ဦး၏ မဲစာရွက်များကိုယူ၍ ပြည်ခိုင်ဖြိုးပါတီသို့ပေးမည့်ကိစ္စကို ဆွေးနွေးခဲ့ကြပါသည်ဟု အစည်းအဝေးတွင်ပါဝင်သူများထံမှ သိရှိနေကြရပါသည်။ ကိုကျော်လွင်၏ လုပ်ရပ်များကို ကျေးရွာလူထုမှ နေ့စဉ်ရက်ဆက် မကျေမနပ်ဖြစ်နေကြသည်ဟု သတင်းပေးပို့လာပါသည်။

Friday, March 23, 2012

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကားဖြစ်မြောက်ရေးအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အလှူငွေကျပ် သိန်းတထောင်လှူဒါန်း။

အလှူငွေများလက်ခံအပြီး ဦးငှက်ပျောကြော်၊ မထွန်းအိန္ဒြာဗိုနှင့် ဦးဇာဂနာတို့အားအလှူငွေများနှင့်အတူတွေ့ရစဉ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ရုပ်ရှင်ဖြစ်မြောက်ရေးနာယကဒေါ်အောင်ဆန်းစုကြည်မှ တဆင့် အလှူငွေကျပ် သိန်းတစ်ထောင် ကို ယနေ့ ၂၀၁၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင်ပေးပို့လှူဒါန်း ခဲ့ရာ ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီဝင်များဖြစ်သော ဦးဇာဂနာ ၊ မထွန်းအိန္ဒြာဗို ၊ ဦးငှက်ပျောကြော် တို့မှ လက်ခံရယူခဲ့ကြောင်း သိရပါတယ်။

Wednesday, March 14, 2012

တရုတ်ပြည်သို့ ပင်လယ်ရေအောက်မှ သွယ်တန်းမည့် ဂတ်(စ်)ပိုက်လိုင်းပြုလုပ်ရန် ပင်လယ်ရေအောက်ရှိ သန္တာကျောက်တန်းအား မိုင်းခွဲရာမှ ရှာပါး ပင်လယ်ရေအောက်မျိုးစိတ်များ ပျက်စီးလျှက်ရှိ။



တရုတ်သို့ သွယ်တန်းမည့် ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရန် အတွက် သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချနေမှုကြောင့် ရခိုင်ကမ်းရိုးတန်းတွင် ကျက်စားနေသော အဖိုးတန် ရေနေသတ္တ၀ါများ သေဆုံးမှုများ ရှိနေကြောင်း သတင်း ရရှိသည်။

မတ်လ ၇ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်းတွင် ပင်လယ်ကမ်းခြေ တစ်နေရာတွင် သေဆုံး၍ တွေ့ရှိခဲ့သော ဝေလ ငါးမန်းကြီး နှစ်ကောင်မှာ ဂတ်စ် ပိုက်လိုင်း တည်ဆောက်ရန် ကျောက်တန်းများကို မိုင်းခွဲရာမှ ဒဏ်ရာရရှိပြီး သေဆုံး သွားသော ငါးများ ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ် သူများက ပြောသည်။

သေဆုံးသွားသည့် ဝေလငါးမန်းများမှာ အဖိုတစ်ကောင်နှင့် အမတစ်ကောင်ဖြစ်ပြီး အဖိုကောင် မှာ အလျှား ၂၁ ပေ၊ လုံးပတ် ၁၂ ပေ ရှိပြီး အမကောင်မှာ အလျှား ၁၈ ပေ ၈ လက်မနှင့် လုံးပတ် ၈ ပေရှိကြောင်း သိရသည်။

“နစက အရာရှိတွေက ဒီငါးကိစ္စကို အထက်ကို အစီရင်ခံဖို့ မောင်တောငါးလုပ်ငန်း ဦးစီးဌာနကို လာမေးပါတယ်။ ငါးလုပ်ငန်း ဦးစီးဌာနကပြောတာက ဒီငါးတွေက ဒီဘက် မောင်တော ပင်လယ်ပြင်မှာ ကျက်စားတဲ့ ငါးတွေ မဟုတ်ဘူး။ ကျောက်ဖြူနဲ့ သံတွဲဘက်မှာ ကျက်စားတဲ့ငါးတွေ ဖြစ်တယ်။ ဒီငါးတွေဟာ အဲဒီဘက်က အကြောင်း တခုခုကြောင့် နယ်ပြောင်းလာတာ ဖြစ်နိုင်တယ်ဆိုပြီး မှတ်ချက်ပေးလိုက်ပါတယ်” ဟု မောင်တော ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုအခါ ကျောက်ဖြူမြို့နယ်အတွင်း ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရန် အတွက် ရေအောက် သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုဖျက်နေရာ အဆိုပါ ကျောက်တန်းများနှင့် အနီးတ၀ိုက်တွင် ခိုအောင်း ကျက်စားနေသော ငါးအများအပြား သေဆုံးနေပြီး တစ်ချို့ငါးများမှာ သူတို့ ကျက်စားရာ နေရာများကို စွန့်ခွာထွက်ပြေး နေကြသည်ဟု သိရသည်။

“မောင်တော ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနကတော့ ဘာကြောင့် ဒီလို ငါးကြီးနှစ်ကောင် တပြိုင်တည်း သေဆုံးသွားတယ်ဆိုတာ တိတိကျကျ မှတ်ချက် မပေးနိုင်ဘူး။ သူတို့ပြောတာကတော့ ဒီငါးတွေဟာ ကျောက်ဖြူ- သံတွဲ ပင်လယ်ပြင်မှာ ကျက်စားတဲ့ ငါးတွေ ဖြစ်တယ်။ ရေလုပ်သားတွေ ပိုက်မှာ ဖမ်းမိပြီး ပြန်လွှတ်လိုက်လို့ သောင်တင်သေဆုံးတာလို့ ယူဆရတယ် ဆိုပြီး ပြောပါတယ်။
ဒီလောက်ကြီးတဲ့ ငါးကြီးတွေ ပိုက်မှာ မိပြီး ပြန်လည် လွှတ်ပေးဖို့ဆိုတာ ဖြစ်နိုင်ခြေမရှိပါဘူး။  ဒီကောင်တွေ ဒဏ်ရာ ရပြီး သေသွားတာက ဖြစ်နိုင်ချေများပါတယ်” ဟု မောင်တောမြို့မှ ငါးဖမ်းသမား တစ်ဦးက ပြောသည်။

၎င်းအပြင်အဆိုပါ ဝေလ ငါးမန်းများကို ငါးလုပ်ငန်းဦးစီးဌာနမှ ဖမ်းဆီးခြင်းပိတ်ပင် ထားကြောင်းကိုလည်း သိရသည်။

“ဒီငါးကြီးတွေဟာ ကျောက်ဖြူနှင့် သံတွဲ ပင်လယ်ပြင်တွေမှာ ကျက်စားတဲ့ ငါးအမျိုးအစားတွေ ဖြစ်တဲ့အတွက် ဒီဘက်မှာက ငါးတွေ မိုင်းဒဏ်ကြောင့်သေဆုံးမှုများ ရှိနေတဲ့အတွက် မိုင်းခွဲမှုကြောင့် သေဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ သန္တာကျောက်တန်းတွေကို အခု မိုင်းခွဲနေတာကြောင့် နေ့စဉ်လိုလို ပင်လယ်ပြင်မှာ ငါးတွေ အများအပြား သေဆုံးနေတာကို တွေ့နေရပါတယ်။ အထူးသဖြင့် သံကျောက်ကျေးရွာတို့၊ စွန်ပန်းချိန်ရွာနဲ့ စိုင်ခြုံဘက်မှာ ဖြစ်ပါတယ်” ဟု ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နှင့် တဘက်ကမ်း စွန်ပန်းချိန်တွင် ဂတ်စ်ပိုက်လိုင်း ရေအောက်ကို ချရန်အတွက် မညီမညာ ဖြစ်နေသော သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချနေပြီး မဇရိုင်းကျွန်းတွင် တည်ရှိသော မင်းကန်ကျေးရွာခေါ် သံကျောက်တွင်လည်း သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချနေကြောင်း သိရသည်။

သံကျောက်ကျေးရွာမှာ ရခိုင်ဘုရင်များ လက်ထက်က သံချက်ခဲ့သောနေရာ ဖြစ်ပြီး ရခိုင်ပြည်နယ် (၁၀) နှစ်မြောက် အထူးထုတ် ဆောင်းပါး တစ်ပုဒ်တွင် အဆိုပါ နေရာမှာ ရခိုင်ဘုရင်များသံချက်ခဲ့သော နေရာ ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု ကျောက်ဖြူဒေသခံများက ဆိုသည်။

ယခု သေဆုံးနေသော ဝေလငါး ငါးမန်းကြီး နှစ်ကောင်ကို မောင်တောမြို့နယ် တောင်ပိုင်း နစက နယ်မြေ ၈၊ အင်းဒင်ကျေးရွာအနီး ပင်လယ်ခြေ တနေရာတွင် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရေလုပ်သားများမှ တွေ့ရှိခဲ့ပြီး ယခုအခါ ငါးများ၏ အရိုးစုများကို ရန်ကုန်ကို ယူဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်းတွင် ဝေလငါးများ၊ ဝေလငါးမန်းများ ကျက်စားမှုများ ရှိခဲ့သော်လည်း အဆိုပါ ငါးများကို စနစ်တကျ ကာကွယ်စောင့်ရှောက်ခြင်း မရှိသဖြင့် ယခုအခါ ရှားပါးသွားပြီးဖြစ်ကြောင်း သိရသည်။