တိုင်းပြည်တွင် တည်ရှိနေသမျှ ပြဿနာ အားလုံးမှာ အဆောတလျင် ဖြေရှင်းရမည့်ပြဿနာများ ချည်း ဖြစ်ပြီး တခုနှင့်တခု ဆက်နွှယ်နေသည်ဟု သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်သည်။
“ဘယ်ဟာ အဆောတလျင်လုပ်ရမယ်ဆိုတာ တခုတည်း ကွက်ပြီးပြောလို့ မရနိုင်ဘူး။ လုပ်စရာရှိတာတွေ
အကုန်လုံးက အဆောတလျင် လုပ်ရမှာတွေချည်း ဖြစ်နေတယ်” ဟု ဦးကိုကိုလှိုင်က မဇ္ဈိမကို ပြောသည်။
အကုန်လုံးက အဆောတလျင် လုပ်ရမှာတွေချည်း ဖြစ်နေတယ်” ဟု ဦးကိုကိုလှိုင်က မဇ္ဈိမကို ပြောသည်။
“Issue တွေက အရမ်းများပါတယ်။ အကုန်လုံးကလည်း တခုနဲ့တခုက နွယ်နေကြတာ။ ဥပမာ စီးပွားရေး ဆိုပါတော့… Exchange rate unification နိုင်ငံခြားငွေ လဲလှယ်မှုကိစ္စပေါ့။ အဲဒါကို ကိုင်ရင် ဘဏ်နဲ့ ပတ်သက်ပြီးပြုပြင်စရာတွေ ပါလာတာပေါ့။ Commercial tax တွေ ချပစ်လိုက်တာတို့”

“လက်ရှိ ပြောင်းလဲလာတဲ့ အခြေအနေလေးနဲ့ ရှေ့ကိုဆက်သွားချင်တဲ့ ဖွံဖြိုးတိုးတက်ရေး အတွက် ဘယ်လို လုပ်ကြမလဲဆိုတာ လက်ရှိအခြေအနေကို ထင်ဟပ်ပြီးတော့ ကျနော့်အယူအဆလေးတွေ ပြောချင်တာပါပဲ” ဟု သူက ဆက်ပြောသည်။
စစ်မှုထမ်းဟောင်း ဦးကိုကိုလှိုင်မှာ စက်တင်္ဘာ ၁ဝ ရက်နေ့ ရန်ကုန်မြို့ Orchid ဟိုတယ်၌ ပြုလုပ်မည့် ‘၂ဝ၁၁မြန်မာ့နိုင်ငံရေး အခြေအနေ’ ဟောပြောပွဲတွင်စာရေးဆရာ မောင်စူးစမ်းနှင့်အ တူ ဟောပြောမည်ဖြစ်သည်။
တိုင်းပြည် တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ လွတ်လပ်မှုတို့အား ဟန်ချက်ညီညီ သွားရမည်ဟု ယူဆသူ ဦးကိုကိုလှိုင် အနေဖြင့် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးကိစ္စတွင် အကြွင်းမဲ့ လွှတ်ပေးရေးမှာ မဖြစ်နိုင်သေး ကြောင်း “ကျနော့်သဘောဆန္ဒအရကတော့ (ထောင်)အထဲမှာ ဘယ်သူမှ မရှိတာ အကောင်းဆုံးပဲ။ သို့သော်လည်း လူအကုန်လုံးကို အကြွင်းမဲ့ တခါတည်း လွှတ်ပေးဖို့ဆိုတာကျ လက်တွေ့မှာ ဖြစ်ချင်မှလည်း ဖြစ်နိုင်မယ်။ သူတို့မှာ technical issue လေးတွေ၊ ဖြေရှင်းကြရတာလေးတွေ ရှိလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
စနေ့နေ့ နေ့လည် ၁၂ နာရီတွင် စတင်ပြုလုပ်မည့် ဟောပြောပွဲတွင် အသက် ၈၄ နှစ်အရွယ် စာရေးဆရာ
မောင်စူးစမ်းလည်း ပါဝင်ဟောပြောမည်ဖြစ်သည်။“နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေကို လုပ်တာ” ဟု ယုံကြည်သော မောင်စူးစမ်းမှာ နိုင်ငံရေး ‘စပေ့’၊ နိုင်ငံရေး ‘အရွေ့’ များကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဆောင်းပါးများ ဆက်တိုက်ရေးသားလာခဲ့ရာ ဖေဖော်ဝါရီ ၄ ရက် မြန်မာ့အလင်းပါ
ဆောင်းပါးတွင် ‘ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်သုံးရပ်တို့မှာ လုံလောက်သော အင်စတီကျူးရှင်းများ
ဖြစ်သည်’ဟု ရေးသားခဲ့သည်။
မောင်စူးစမ်းလည်း ပါဝင်ဟောပြောမည်ဖြစ်သည်။“နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေကို လုပ်တာ” ဟု ယုံကြည်သော မောင်စူးစမ်းမှာ နိုင်ငံရေး ‘စပေ့’၊ နိုင်ငံရေး ‘အရွေ့’ များကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဆောင်းပါးများ ဆက်တိုက်ရေးသားလာခဲ့ရာ ဖေဖော်ဝါရီ ၄ ရက် မြန်မာ့အလင်းပါ
ဆောင်းပါးတွင် ‘ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်သုံးရပ်တို့မှာ လုံလောက်သော အင်စတီကျူးရှင်းများ
ဖြစ်သည်’ဟု ရေးသားခဲ့သည်။
ဆရာမောင်စူးစမ်းမှာ စီးပွားရေး၊ ဂလိုဘယ်လိုက်ဇေးရှင်းတို့နှင့်ပတ်သက်၍ ဟောပြောပွဲများ ပြုလုပ် ခဲ့သော်လည်း ယခုဟောပြောပွဲတွင် ထည့်သွင်းဟောပြောမည့် အကြောင်းအရာများနှင့် ပတ်သက်၍ မဇ္ဈိမက မောင်စူးစမ်းအား ဆက်သွယ် မေးမြန်းခဲ့ရာ အကြားအာရုံ မကောင်းတော့သဖြင့် ဖုန်းလက်ခံ မပြောနိုင်တော့ကြောင်း ဇနီးဖြစ်သူဒေါ်ခင်ချစ်က ပြောသည်။
ဟောပြောပွဲအား လျှပ်တပြက် ဂျာနယ်နှင့် Orchid ဟိုတယ်တို့က စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး ပရိသတ်အား လူဦးရေ ကန့်သတ်ဖြင့်သာ လက်ခံထားရာ သတ်မှတ်ဦးရေ ၁ဝဝ ဝန်းကျင် ပြည့်ပြီဖြစ်ကြောင်း ဂျာနယ်ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။
“ပရိသတ်ကတော့ ကုမ္ပဏီတွေက ဒါရိုက်တာအဖွဲ့ဝင်မျိုးတွေ၊ ရှေ့နေတွေ၊ ကျောင်းသားလေးတွေ၊ နည်းပညာတက္ကသိုလ်က ကျောင်းသားတွေ ပါတယ်ရှင့်။ လူက ပြည့်သွားပြီရှင့်” ဟု သူက ပြောသည်။
မောင်စူးစမ်းနှင့် ဦးကိုကိုလှိုင်တို့ နှစ်ဦးမှာ သဘောထားကွဲလွဲကြသူများ မဟုတ်ကြသဖြင့် ၎င်းတို့၏ ‘၂ဝ၁၁ မြန်မာ့ နိုင်ငံရေး အခြေအနေ ဆွေးနွေးပွဲ’ မှာ စိတ်လှုပ်ရှားဖွယ်သိပ်မ ရှိလှကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
သမ္မတ အကြံပေးအနေဖြင့် ယခုကဲ့သို့ ဟောပြောပွဲများပြုလုပ်ခြင်းဖြင့် မည်သူမဆို မိမိအယူအဆအား လွတ်လပ်စွာဟောပြောခြင်းအား ကြိုဆိုသော်လည်း အယူအဆမတူသူများနှင့် စကားစစ်ထိုးခြင်းအား မလိုလားကြောင်း “ဗုဒ္ဓရဲ့ အဆုံးအမအရ ငြင်းခုန်ခြင်းဆိုတာ ဘယ်တော့မှ အကျိုးမရှိဘူး။ တယောက်နဲ့ တယောက် ငြင်းကြခုန်ကြ၊ အနိုင် လုကြတာတွေထဲမှာ ကျနော် ပါမှာမဟုတ်ပါဘူး။ အရေးကြီးတာက တိုင်းပြည်ကောင်းစားစေချင်တဲ့ စေတနာတူရင် common ground မှာ အတူတူအလုပ်လုပ်ကြဖို့ အဆင်သင့်ပါပဲ” ဟု စစ်ဦးစီးမှူး (ပထမတန်း) တာဝန်ဖြင့် အနားယူခဲ့သော ဦးကိုကိုလှိုင်က ပြောသည်။
No comments:
Post a Comment