Monday, October 31, 2011

လူကုန်ကူးခံခဲ့ရသည့် မြန်မာအလုပ်သမ၂ဦးပြန်ပြီ။

လူကုန်ကူးခံခဲ့ရပြီး ထိုင်းအစိုးရ ကယ်ဆယ်ရေးစခန်းနှင့် အချုပ်ခန်းတို့တွင် ၆လနှင့် ၆ရက် ကြာမြင့်ခဲ့သည့်
မြန်မာ အလုပ်သမ၂ဦး မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်လိုက်ပြီး ဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာ ၂၆ ရက်နေ့က ပြန်ပို့ခံရသူ နှစ်ဦးမှာ မသွယ်နှင့် မဇင်မာ တို့ဖြစ်သည်။ ၎င်းတို့မှာ ပြီးခဲ့သည့်
မြန်မာအစိုးရ အပြင် ဘန်ကောက်မြို့ BAT က ဦးကျော်သောင်း နဲ့ အချုပ်ခန်းထဲကို အပတ်စဉ် လာပြီးကူညီ ပေးတဲ့ ပင်လယ်ပျော်များ သမဂ္ဂ ဥက္ကဌ ဦးအောင်သူရ တို့ကို ကျေးဇူးတင်ပါတယ်။ သမီးတို့ပြောမှားတာ၂၀၁၁ ခု ဧပြီလ ၁၉ ရက် နေ့က ဘန်ကောက်မြို့ဒင်းဒဲန် အရပ်တွင် လူကုန်ကူး ခံရပြီး လပေါင်းများစွာအခန်း ပိတ်လှောင် ခိုင်းစေ ခံနေရသည့် မြန်မာ အလုပ်သမား ၄၃ ဦးထဲမှ ဖြစ်သည်။၎င်းတို့အား ထိုင်းအ စိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ နှင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောကမြန်မာနိုင်ငံသားများအဖွဲ့ (BAT ) တို့ ပူးပေါင်း ကယ်ထုတ်ခဲ့ကြသည်။ယနေ့ မြန်မာပြည်သို့ ရောက်ရှိခဲ့ကြပြီဖြစ်သော မသွယ်က “ ကျမတို့ ကို ကူညီ စောင့်ရှောက်ပေးခဲ့ကြတဲ့တော့ ကျမတို့ လိုအပ် တာတွေကို လာ ရောက် ပေးပို့နေတဲ့ ကိုစိုင်းအေး၊ပြီးတော့ သမီးတို့ကို ထောက်ပံ့တွေရှိခဲ့ရင် ဖုန်းထဲက ကန်တော့ ခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။

အတူတူ ဖမ်းဆီး ကယ်ထုတ်ခံခဲ့ရသူများ အထဲမှ ၂၂ဦး အား ဇွန်လ၉ ရက်နေ့ တွင်စတင်ပို့ ဆောင်ခဲ့ပြီး
ကျန် သူ များ အား သြဂုတ်လ နှင့် စက်တင်ဘာလ တို့တွင် အသုတ်ခွဲပြီး မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်
ပေးခဲ့သည်။
ယခု လူကုန်ကူးမှုအား ကူညီခဲ့သည့် BAT တာဝန်ခံ ဦးကျော်သောင်းက “ လူကုန်ကူးခံရတဲ့လူကုန် ကူးခံရသူ တွေကို ထိုင်းနိုင်ငံ အတွင်းမှာ တစ်နှစ်တာ တရားဝင် နေထိုင် အလုပ် လုပ်ကိုင်ခွင့်ပြုတယ်ဒီအလုပ်သမား တွေဟာ ဘတ်လုပ်တဲ့ အချိန်မှာလည်း ဘတ်လုပ်ခွင့် မရရှိခဲ့ကြဘူး၊ ဒါကြောင့် သူတို့အလုပ် သမားတွေဟာ အခန်း ပိတ်လှောင် ခိုင်းစေခံရာက လွတ်မြောက်တာ တစ်ခုကလွဲရင် အခွင့်အရေးတေအကုန်ဆုံးရှုံးပါတယ်။
အဆိုးဆုံးက ထိုင်းအစိုးရ ကိုယ်တိုင် ၂၀၁၁ ခုနှစ် ဧပြီလက ထုတ်ပြန်ထားတဲလို့ ပြဌာန်း ထားတဲ့ ဥပဒေကို ထိုင်းအာဏာပိုင်တွေ ကိုယ်တိုင် အကောင်အထည် မဖေါ်ခဲ့တာကြောင်တရားဝင် အလုပ် သမား ဖြစ်ခွင့် ထပ်မံ ဆုံးရှုံးရပြန်တယ်” ဟုပြောသည်။
 
ရသည့် အတွက် လူကုန်ကူးခံရသည့် မြန်မာ အလုပ်သမားများမှာ အထူးနစ် နာကြောင်း အလုပ်သမားကယ် တင် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်၊ ကယ်ဆယ်ရေးစခန်းနှင့် လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်တို့ တွင် ၆လ ကျော် ကြာမြင့်ခဲ့ပြီး ၎င်းတို့ အတွက် မည့်သည့် လုပ်အားခ မှ မရရှိပဲ ပြန်သွားခဲ့ကြအရေး ဆောင် ရွက်သူများက ပြောဆိုကြသည်။


လူကုန်ကူးခံရသည့် မြန်မာ အလုပ်သမားများအား ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်း ကယ်တင်ပြီးနောက်
မြန် မာအဖွဲ့အစည်းတို့ အနေဖြင့် အလုပ်သမားများအတွက် ကူညီခွင့်နှင့် အရေးဆိုခွင့် အထူး နည်းပါးသွား တတ်သည်။ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ကလည်း ၎င်းတို့ ဖမ်းဆီး ကယ်ထုတ်ပြီးနောက်ပိုင်း ကယ်ဆယ်ရေးစခန်းနှင့် လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတို့တွင် လုပ်ပိုင်ခွင့် မရှိတော့ကြောင်းပြောပြ သည်။


ထို့ကြောင့် လူကုန်ကူး ခံရသူများမှာ လူကုန်ကူးမှု၊ အမှုရင်ဆိုင်နေရသည့် ကာလအတွင်း ၀င်ငွေ တစ်ပြားမှ
မရှိပဲ လပေါင်းများစွာ အချိန် ကြာမြင့်သဖြင့် လူကုန်ကူး ခံရသူများအား ကယ်တင်သည်နှင့် မတူပဲ ထပ်မံဒုက္ခ ပေးသည်နှင့် တူကြောင်း BAT မှ တာဝန်ရှိသူများက ပြောသည်။

ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လျှို့ဝှက် သတိပေးချက်။

ရုရှားမှ နောင်တခေတ်ရဲ့ အောင်စစ်သည်များ စည်းမဲ့၊ ကမ်းမဲ့ စည်းပျက်၊ ကမ်းပျက် နေထိုင်မှုကြောင့် အဆောင်မှ ထွက်ပေးရန် တောင်းဆိုခံရမှုနှင့် ၂၀၁၀သြဂုတ်လက ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လျှို့ဝှက် သတိပေးချက်။
 

ကုလအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနံဘီးယာ မြန်မာနိုင်ငံသို့ရောက်ရှိ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် အောက်တိုဘာလ ၃၁ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။  
မြန်မာနိုင်ငံသို့ မစ္စတာ ဗီဂျေးနမ်ဘီယာ ရောက်ရှိလာခြင်းကို ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။ 
ထိုသို့ပြောကြားခဲ့ရာတွင် ဗီ ဂျေးနမ်ဘီယာ၏ မြန်မာနိုင်ငံခရီးစဉ် သည်ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း နှင့် အသေးစိတ်အချက်အလက်များ ကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။ 
၂၀၁၀ပြည့်နှစ်မှ စတင်ပြီး  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သော ဗီဂျေးနမ်ဘီယာသည် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့ပြီး ၂၀၁၁ခုနှစ် မေလတွင် ဒုတိယအကြိမ် လာရောက်ခဲ့ပါသည်။ ထိုသို့လာရောက်စဉ်က နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ သုံးရက်ကြာ လာရောက်ခဲ့ခြင်းဖြစ်ပါသည်။ 
အိန္ဒိယ နွယ်ဖွားဖြစ်သူ မစ္စတာဗီဂျေးနမ်ဘီယာသည် ၂၀၀၇ခုနှစ် ဇန်န၀ါရီလမှစတင်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ၂၀၁၀ ခု၊ ဇန်န၀ါရီလတွင် ကုလသမဂ္ဂ အရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဘရာဟင်မ်ဂမ်ဘာရီ ရာထူးက နှုတ်ထွက်ခဲ့ပြီး နောက်မစ္စတာဂမ်ဘာရီ၏ နေရာကို ဆက်လက်တာဝန်ယူခဲ့ခြင်း ဖြစ်ပါသည်။ 
ကုလသမဂ္ဂ အရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရာဇာလီအစ္စမေးလ်နှင့် မစ္စတာအီဘရာဟင်မ်ဂမ်ဘာရီတို့က တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မစ္စတာဗီဂျေးနမ်ဘီယာက် တတိယမြောက် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ 
အောက်တိုဘာလ နောက်ဆုံး ပတ်အတွင်းက မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး  Mr.Marty Natalegawa  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးနှင့်ပတ်သက်ပြီး အချက်အလက် ရှာဖွေလေ့လာမှုပြုလုပ်ရန် လာရောက်ခဲ့ပါသည်။ 
အောက်တိုဘာလ ၂၄ရက်နှင့် ၂၅ရက်နေ့တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Mr.Derek Mitchell က  မြန်မာနိုင်ငံသို့ အချိန်နှစ်လအတွင်း ဒုတိယအကြိမ် လာရောက်ခဲ့ပါသည်။ 
ထို့ပြင် Mr.Derek Mitchell သည် နိုဝင်ဘာလ ၁ရက်နေ့တွင် မြန်မာနိုင်ငံသို့ တတိမြောက်ခရီးစဉ် လာရောက်မည်ဟု သတင်းထွက်ပေါ်လျှက်ရှိပြီး အတည်ပြုချက် မရရှိသေးပေ။ မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်မည့် Mr.Derek Mitchell  ၏ ခရီးစဉ်သည် လေး ရက်ကြာမြင့်နိုင်ကြောင်း သိရှိရကာ Mr.Mitchell နှင့်အတူ အမေရိကန်လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Michael Posner လည်း လိုက်ပါလာမည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိနေပါသည်။

Sunday, October 30, 2011

ဗုံး သတင်း နောက်ဆုံးရ အချက်အလက်များ၊

 ယမန်နေ့ည က ဖောက်ခွဲလိုက်သည့် ဗုံးအမျိုးအစားမှာ အမေရိကန်လုပ် မင်းဂွတ်သီးပုံ M 75 လက်ပစ်ဗုံးအမျိုးအစားဖြစ်ပြီး ညနေ ၃း၃၀ အချိန်ခန့်ကတာဝန်ကျလုံခြုံရေးများက အမှတ် ၄ ရဲဒေသမှူး ရဲမှူးကြီးဝင်းထွန်း၏ ကားအောက်တွင် စတင်တွေ့ရှိခဲ့သည်။ လက်ပစ်ဗုံးမှာ လုံခြုံရေးပင်ဖြုတ်ထားပြီး မပေါက်ကွဲသေးသဖြင့် အထဲတွင်ယမ်းပါ၊ မပါကိုဆုံးဖြတ်ရန်ခက်...ခဲသောကြောင့် အင်ဂျင်နီယာတပ်ကိုအကူအညီတောင်းခဲ့သည်။ ညနေခြောက်နာရီခွဲတွင် မြို့တော်ခန်းမအနီးလမ်းများကိုပိတ်ဆို့လိုက်ပြီး ၄င်းဗုံးအား အန္တရာယ်ကင်းစွာဖောက်ခွဲနိုင်ရန်စီစဉ်ခဲ့သည်။
ထို့နောက် Water canon များဖြင့် ရေအားသုံးပြီးဗုံးသီးကိုတုန်ခါပေါက်ကွဲစေခဲ့သည်။ ည ၇ နာရီအချိန်တွင် ဗုံးသီးမှပေါက်ကွဲသံထွက်ပေါ်ခဲ့သော်လည်း အပြီးသတ် မပေါက်ကွဲခဲ့သောကြောင့် ဗုံးသီးပတ်လည်တွင် C4 ယမ်းပြင်းများချိတ်ပြီး ကားတာယာများ၊ သဲအိတ်များကာရန်ကာ ထပ်မံဖောက်ခွဲခဲ့သည်။ ည ၉ နာရီတွင် ဗုံးသီးမှာအပြီးသတ်ပေါက်ကွဲသွားခဲ့သည် ဟု အခင်းဖြစ်ပွားချိန်က တာဝန်ယူခဲ့သည့် ရဲဝန်ထမ်းတစ်ဦးကပြောသည်။
ဗုံးသီးမဖောက်ခွဲမီ လုံခြုံရေးတာဝန်ရှိသူများက မြို့တော်ခန်းမအနီးတစ်ဝိုက်တွင်နေထိုင်သူများသို့ လိုက်လံအသိပေးခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်တစ်စုံတစ်ရာမရှိခဲ့ပေ။ ၄င်းလက်ပစ်ဗုံးမှာ မည်သည့်အဖွဲ့အစည်း၏လက်ချက်ဖြစ်သည်ကိုမူ လက်ရှိအချိန်ထိမသိရှိရသေးပေ။

မြန်မာအလုပ်သမား တသောင်းကျော် ထိုင်းရေဘေးကို တိမ်းရှောင်။

ယမန်နေ့က ဘန်ကောက် နှင့် အနီးတ၀ိုက် ခရိုင်များတွင် ရေဘေးမှ တိမ်းရှောင်ပြီး ပြည်တော်ပြန်သူ မြန်မာပြည်သားပေါင်း တသောင်းထက်မနည်း ရှိသည်ဟု သိရသည်။

အဝေးပြေးဘတ်စ်ကား ၅၀ ကျော်၊ ဗင်ကား ၁၀၀ ကျော်သည် တရားမ၀င် နှင့် တရားဝင် မြန်မာအလုပ်သမားများကို တင်ဆောင်ပြီး မဲဆောက်မြို့သို့ သွားကြကြောင်း သိရသည်။

ကားအများစုမှာ မြန်မာပြည်သားအလုပ်သမားတို့၏ ပစ္စည်းများဖြင့် ပြည့်နှက်နေသည်ဟု နယ်စပ် အာဏာပိုင်တို့က ပြောသည်။မဲဆောက်ဒေသသည် မြန်မာပြည်သား အများစု ထိုင်းနိုင်ငံကို အ၀င်အထွက်ပြုရာဒေသဖြစ်သည်။

ဘန်ကောက်နှင့် ထိုင်းအလယ်ပိုင်းဒေသ စက်ရုံများ ရေဘေးဒဏ်သင့်ချိန်မှ အစပြုပြီး မြန်မာပြည်သားများ နေ့စဉ်   ပြည်တော်ပြန်နေကြသည်။ယမန်နေ့က ပြည်တော်ပြန်ပမာဏမှာ အကြီးများဆုံးဖြစ်သည်။

ပြည်တော်မပြန်မီ အလုပ်သမားတို့၏ အချက်အလက် အသေးစိတ်ကို မှတ်တမ်းတင်ထားကြောင်း မဲဆောက်မြို့ လ၀က စစ်ဆေးရေးဂိတ် ရဲဗိုလ်မှူး Yos Waneesorn က ပြောသည်။

မြန်မာပြည်ရှိ ၎င်းတို့၏ မိသားစု ဆွေမျိုးများကလည်း ၎င်းတို့ပြည်တော်ပြန်ရေး တွန်းအားပေးနေကြသည်။
ဒုတိယမြောက်ဗုံးကွဲအပြီး ရန်ကုန်မြို့တော်ခန်းမအနီးတဝိုက်အား လုံခြုံရေးတိုးမြင့်ထားပုံ။

ယနေ့(၃၀.၁၀.၂၀၁၁)ည ၉ နာရီကျော်ခန့်တွင် ရန်ကုန်မြို့ တော်ခန်းမတွင် ဒုတိယအကြိမ်မြောက် ဗုံးတလုံးထပ်မံပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ မြို့ တော်ခန်းမရဲ့  ဆင်ဝင်နားမှာပေါက်တာဖြစ်ပြီး ပေါက်ကွဲတဲ့အသံတော်တော်ကျယ်၍ မီးခိုးလုံးတွေ ထွက်လာတာကိုပါ မြင်ရတယ်လို့ ဟေမာနွေလ ခရစ်ယာန်ဘုရားကျောင်းနေရာမှနေ ရပ်ကြည့်နေတဲ့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။ပထမတစ်လုံးက ည ၇ နာရီကျော်ခန့်မှာ ပေါက်သွားတာဖြစ်ပြီး ပေါက်ကွဲတဲ့အသံ သိပ်မကျယ်ဘူးလို့ သိရပါတယ်။အခုအချိန်တွင် မြို့ တော်ခန်းမအနီးတစ်ဝိုက်ကို လုံခြုံရေးတွေလည်း ပိုမိုတိုးမြင့်ချထားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောဆိုခဲ့ပါတယ်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ယနေ့တွေဆုံပွဲမှ ပူတွဲကျေဌာချက်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ ဆွေးနွေး။

အမျိုးသားဒီမိုကရေစီ ​ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကိုယ်စားလှယ် ဦးအောင်ကြည်တို့ ဒီနေ့(၃၀.၁၀.၂၀၁၁) တွေ့ဆုံရာမှာ တိုင်းရင်းသား​ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ ကိစ္စနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ပါတယ်။
 

တခြား အသေးစိတ်အချက်အလက်တော့ ထုတ်ပြန်ချက်မှာ မပါပါဘူး။စိမ်းလဲ့ကန်သာမှာ နေ့ခင်းတနာရီက စတင်ပြီး တနာရီနီး ပါးကြာမြင့်တဲ့ ဒီဆွေးနွေးပွဲဟာ ​ ​ပြည်ထောင်စု​ သမ္မတမြန်မာနိုင်ငံ​ အစိုးရ​ အဖွဲ့ရဲ့​​ ​ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်မြောက်​ ဖိတ်ကြားချက် ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ အရင်ဆွေးနွေးပွဲတွေအပေါ် နိုင်ငံတော်က ကူညီ ဆောင်ရွက်ပေးတဲ့ အခြေအနေ၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်လာဖို့လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနဲ့ လွတ်လပ်စွာ ငွေကြေး လည်ပတ်သုံးစွဲခွင့် ရရှိရေးတို့၊ အရေးကြီးမှုနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။
အစိုးရသစ်လက်ထက်မှာ တတိယအကြိမ်  တွေ့ဆုံအပြီး နှစ်ဖက် ပူးတွဲ ကြေညာချက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတက စဉ်းစားနေတဲ့ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ရေး၊ ဥပဒေပြင်ပ လက်နက်စွဲကိုင် ဆန့်ကျင်သူများ ဥပဒေဘောင်တွင်း ဝင်ရောက်ပြီးထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးဖို့ အစိုးရက ကြိုးပမ်းနေတဲ့ ကိစ္စနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးမှာ ပူးတွဲဆောင်ရွက်ဖို့ကိစ္စနဲ့ဆက်လက်ဆွေးနွေးဖို့သဘော တူခဲ့ကြပါ တယ်။
ဝန်ကြီးဦးအောင်ကြည်နဲ့ နှစ်ကြိမ်တွေ့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ဩဂုတ်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီနောက် မကြာသေးခင်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပြန်လွတ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်အစိုးရလက်ထက် ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်ကို ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၅ ကစလို့ ၉ ကြိမ် တွေ့ခဲ့ပေမယ့် သိသာထင်ရှားတဲ့ ရလဒ်တစုံတရာ မထွက်ပေါ်ခဲ့ပါဘူး။

အဆောက်အဦးပြိုကျ တဦးသေဆုံး။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် လွတ်လပ်ရေး ရပ်ကွက်အတွင်းရှိနှစ်ထပ်တိုက်တလုံး၏ နောက်ဖေး ဆောင် (၂၉.၁၀.၂၀၁၁)စနေနေ့ ညပိုင်းက ပြိုကျခဲ့ရာ တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ သွားသည်။

လေးခန်းတွဲ နှစ်ထပ်တိုက်အဆောက်အဦး၏ ညာဘက်ခြမ်း အပေါ်ထပ် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုခန်း တွဲဆက်ထားသည့် နောက်ဖေးဆောင် ည ကိုးနာရီခွဲ ဝန်းကျင်အချိန်တွင် ပြိုကျခဲ့ခြင်းကြောင့် မြေညီထပ်တွင်နေထိုင်သည့် အမျိုးသားတဦး သေဆုံးခဲ့ပြီး နေအိမ်အပေါ်ထပ်တွင် နေထိုင်သည့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၁၉၆၄ ခုနှစ်က ဆောက်လုပ်ထားသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၉၆ လမ်း၊ အိမ်အမှတ် (၂၆) ရှိ အဆိုပါ အဆောက်အဦးကို ရန်ကုန်မြို့တော်စည်ပင်က သက်တမ်းရင့် အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်ထားပြီး လူနေထိုင်ခြင်း မပြုရန် တားမြစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ဦးခေါင်းခွံကြေမွ ဒဏ်ရာဖြင့် သေဆုံးနေသည့် မြေညီထပ်တွင် နေထိုင်သူ ဦးသောင်း (၄၉နှစ်) ၏ ရုပ်အလောင်းကို ည ၁၂ နာရီအချိန်တွင် အဆောက်အဦး အပျက်အစီးပုံများ၏ အောက်မှ တူးဖော်တွေ့ရှိခဲ့သည်။


တိုက်ပြိုကျသည့်နေရာသို့ မီးသတ်ကယ်ဆယ်ရေး၊ ကြက်ခြေနီ များ လာရောက်ခဲ့ကြသည်။ ဓါတ်ပုံ (မဇ္ဈိမ)

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်စုတွေ့ဆုံ။





မြန်မာနိုင်ငံကို အလည်အပတ်သွားရောက်တဲ့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ဟာ စနေနေ့ညပိုင်း သူ့ရဲ့ ခရီးစဉ် အဆုံးမသတ်ခင်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

နှစ်ရက်ကြာ မြန်မာပြည်မှာနေထိုင်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်အတွင်း မစ္စတာ မာတီနာတာလီဂါဝါ ဟာ နေပြည်တော်ကို သွားရောက်ပြီး သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် အပါအ၀င် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးအပ်ရေးနဲ့ ပတ်သက်ပြီး လေ့လာဖို့ သွားရောက်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ အပြုသဘော ဆောင်ပြီး အရေးပါတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတာ တွေ့ခဲ့ရတယ်လို့ မြန်မာနိုင်ငံက မထွက်ခွာခင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ ပြည်တွင်းထုတ် Eleven News ဂျာနယ်ရဲ့ အွန်လိုင်းသတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ်အတွေ့အကြုံတွေကို အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုယူနို နဲ့ တခြားအာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို မျှဝေသွားမှာဖြစ်တယ်လို့ မစ္စတာ နာတာလီဂါဝါက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားကြောင်း သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျ လက်ရှိ ဥက္ကဋ္ဌတာဝန် ယူထားတဲ့နိုင်ငံ ဖြစ်ပါတယ်။
အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရတဲ့ တိုင်းပြည်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးကို ကိုယ်စားပြုရမှာဖြစ်သလို အမေရိကန်ပြည်ထောင်စုက ပါဝင်တက်ရောက်မယ့် အရှေ့အာရှညီလာခံ အပါအ၀င် အရေးပါတဲ့ ညီလာခံတွေ၊ အစည်းအဝေးတွေကို တာဝန်ယူကျင်းပပေးရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ဒဲရက် မစ်ချဲဟာ မြန်မာနိုင်ငံကို ၂ လအတွင်း ဒုတိယအကြိမ်အဖြစ် လည်ပတ်ခဲ့ပါတယ်။

NLD ပါတီ တရားဝင် မှတ်ပုံပြန်တင်ဖွယ်ရှိ။

မြန်မာအစိုးရက ရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်ဖို့ မကြာသေးခင်ကပဲ စီစဉ်လာတာကြောင့် တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံထားရတဲ့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ပါတီမှတ်ပုံတင်ဖို့ ဖြစ်နိုင်ချေတွေ ပိုပြီးတော့ နီးစပ်လာနေပါပြီ။

သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံထဲမှာ ပါဝင်တဲ့ ပါတီမှတ်ပုံတင်ခြင်း ဥပဒေတချို့ကို တရားဝင် ပြင်ဆင်ပြဌာန်းပြီးသွားရင်တော့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအနေနဲ့ မှတ်ပုံတင်မယ် မတင်ဘူးဆိုတာကို ဆုံးဖြတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ပါတီ တာဝန်ရှိသူဦးဥာဏ်ဝင်းက အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

 “ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေတွေ ပြုပြင်ပြောင်းလဲနေတယ်။ အဲဒီ ပြုပြင်ပြောင်းလဲနေတဲ့အပေါ်မှာ မူတည်ပြီးတော့ ပြန်လည်မှတ်ပုံတင်ဖို့ကို အဖွဲ့ချုပ်က စဉ်းစားမယ်။ ကျနော့်အမြင်ကတော့ ပါတီမှတ်ပုံတင်ဖို့ ဖြစ်နိုင်ချေရှိတယ်။ သို့သော်လည်း အဲဒါဟာ ပါတီရဲ့ သဘောတူညီမှုနဲ့မှဖြစ်မှာပါ။”
လို့ပြောကြားသွားပေမဲ့ ဘယ်အချိန်မှာ ပါတီမှတ်ပုံပြန်တင်ဖြစ်မယ် ဆိုတာနဲ့ပတ်သက်လို့တော့ တိတိကျကျပြောကြားသွားခြင်း မရှိပါဘူး။


 NLD ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါဝင်တဲ့ ထောင်ဒဏ်ကျခံနေရသူများဟာ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုတဲ့ ကန့်သတ်ချက်ကြောင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ပါတီမှတ်ပုံတင်ရမယ် ဆိုတာကို ငြင်းဆန်ပြီး မှတ်ပုံမတင်ဘဲ ယ္ခုအထိ ရပ်တည်လာခဲ့တာပါ။ ဒါကြောင့် အဲ့ဒီအချိန်ကအစိုးရက NLD အပါအ၀င် မှတ်ပုံတင်ခြင်းမရှိတဲ့ နိုင်ငံရေးပါတီ များကို တရားဝင် နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးခင်ကပဲ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်စလုံးကနေ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ အပါအ၀င် အချက်တချို့ကိုပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်းကို အတည်ပြုလိုက်ပြီး လွှတ်တော်တွေက အတည်ပြုခဲ့တဲ့ ဒီပြင်ဆင်ချက် ဥပဒေမူကြမ်းကို သမ္မတဦးသိန်းစိန်ကနေ လက်မှတ်ရေးထိုးပြီးရင်တော့ တရားဝင်ဥပဒေတစ်ရပ်အနေနဲ့ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

Saturday, October 29, 2011

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာပြည်သွားမည်။

အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦး နောက်တပတ်ထဲမှာ မြန်မာပြည်ကိုသွားဖို့ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စု ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာ (Michael Posner) မြန်မာပြည်ကို ၄ ရက်ကြာခရီးနဲ့ သွားမယ်ဆိုတာ သေချာတယ်လို့ သူ့ရဲ့ရုံးက ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။
မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီးလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ပိုပြီးလုပ်လာဖို့ တိုက်တွန်းမယ့်ခရီးစဉ်လို့လည်း ဆိုပါတယ်။
အေပီသတင်းမှာ ဒီကနေ့ဖော်ပြထားတာကတော့ မြန်မာပြည်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) ကလည်း မြန်မာပြည်ကို တတိယအကြိမ်အဖြစ် ထပ်သွားဖို့ရှိပြီး လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာ နဲ့ ဒဲရက်မစ်ချဲလ်တို့ မြန်မာပြည်မှာ ဆုံကြမယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေက သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒဲရက်မစ်ချဲလ် မြန်မာပြည်ကနေ ၀ါရှင်တန်ဒီစီကို ပြန်ရောက်လာတာပါ။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒဲရက်မစ်ချဲလ်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိပြီး လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ရော မြန်မာပြည်က နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စတုထ္ထအကြိမ်တွေ့ဆုံမည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် စတုထ္ထအကြိမ်မြောက် အဖြစ် အောက်တိုဘာလ ၃၀ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံ ဆွေး နွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည် စက်တင်ဘာလ ၃၀ရက်နေ့က တတိယအကြိမ်မြောက် အဖြစ် နောက်ဆုံးတွေ့ဆုံထားခဲ့ပြီး အဆိုပါဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်း သာခွင့်ပေးရန် စဉ်းစား ဆောင်ရွက်နေသည့် ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ၊ ဥပဒေပြင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် ကိစ္စများနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

အစိုးရသစ်လက်ထက်၌  ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည်  ၂၀၁၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့က ပထမဆုံးတွေ့ဆုံခဲ့ပြီး ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်နှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ တို့တွင် ထပ်မံတွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။ ယခင်အစိုးရလက်ထက် တွင်မူ ဦးအောင်ကြည်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ (၉)ကြိမ် တွေ့ဆုံထားခဲ့ပါသည်။

ယခုတွေ့ဆုံမှုသည် အောက်တိုဘာလ ၂၄ရက်နေ့က မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့သည့်  အမေရိကန် အထူးကိုယ်စားလှယ် စေ့စပ်ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ်၏ ဒုတိယခရီးစဉ်အပြီး ရက်သတ္တပတ် အတွင်း တွေ့ဆုံခြင်းဖြစ်ပါသည်။

အချိန်နှစ်လအတွင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခဲ့သော ဒဲရက်မစ်ချယ်သည် နေပြည်တော်၌ အစိုးရအဖွဲ့ဝင်များနှင့်လည်းကောင်း၊ ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း သီခြားစီတွေ့ ဆုံထားခဲ့ပါသည်။ ဒဲရက်မစ်ချယ်၏ ဒုတိယခရီးစဉ်အတွင်း ဆွေးနွေးမှုများ ပတ်သက်ပြီး အမေရိကန်အစိုးရမှ သီးခြားသတင်းထုတ်ပြန်ချက် မထုတ်ပြန်ခဲ့သည့်နည်းတူ ဒေါ်အောင်ဆန်းစုကြည် ဘက်မှလည်း ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိကြောင်းသိရပါသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ
၁။ ၂၀ဝ၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀ဝ၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀ဝ၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀ဝ၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်
၅။ ၂၀ဝ၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်
၆။ ၂၀ဝ၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀ဝ၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်
၁၀။  ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက် (အစိုးရသစ် လက်ထက်)
၁၁။ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်
(အစိုးရသစ် လက်ထက်)
၁၂။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
(အစိုးရသစ် လက်ထက်)

Friday, October 28, 2011

လယ်အသိမ်းခံ လယ်သမားတွေ ရန်ကုန်မှာ ဆန္ဒပြ။

ရန်ကုန်မြို့၊ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ အိုးအိမ်ဦးစီးဌာနရှေ့တွင်ဆန္ဒပြနေကြသော လယ်သိမ်းခံ လယ်သမားများ။


ရန်ကုန်မြို့မှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီခန့်က ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ အိုးအိမ်ဦးစီးဌာန အရှေ့မှာ လယ်မြေ အသိမ်းခံရတဲ့ လယ်သမား ၅၀ ခန့် ဆန္ဒပြ ကြတယ်လို့ သိရှိရပါတယ်။
မိမိတို့ လယ်ယာမြေတွေ အသိမ်းခံရတဲ့အတွက် ပြန်လည် ရလိုမှုနဲ့ တောင်ဒဂုံ နဲ့ သန်လျင်မြို့နယ်က လယ်သမားတွေ ခုလို လာရောက် ဆန္ဒပြခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောဆိုပါတယ်။ ဒါပေမယ့် လယ်သမားတွေ စုရုံးရောက်ရှိလာပြီး ဆန္ဒပြဖို့ ပြင်ဆင်နေစဉ် ခဏအတွင်းမှာပဲ လုံထိန်းရဲတွေ ရောက်လာပြီး အတင်းအကျပ် လူစုခွဲခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ဆန္ဒပြပွဲကို ဦးဆောင်သူဖြစ်တဲ့ လယ်သမားများအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ကိုဖိုးဖြူ ကို အထူးရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးကြောင်း ကိုဖိုးဖြူရဲ့ မိတ်ဆွေ တစ်ဦးက ခုလိုပြောပါတယ်။ “အခုလောလောဆယ် သူ့ကို ဒုရဲမှူး ထွန်းထွန်းဦး ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ဝင်တွေက ခေါ်ယူ စစ်ဆေး နေတယ်” ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ ရှိကြောင်း အနည်းဆုံး ၇ ဦး ကို ရဲတပ်ဖွဲ့က မေးမြန်းဖို့ ခေါ်ဆောင် ထားတယ်လို့ ရန်ကုန်က လာတဲ့ AFP သတင်းတစ်ပုဒ်မှာ အစိုးရအရာရှိများကို ကိုးကားပြီး ရေးသားထားပါတယ်။

Monday, October 24, 2011

အမေရိကန် အထူးကိုယ်စားလှယ် ဒုတိယအကြိမ် မြန်မာနိုင်ငံ ရောက်ရှိ။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell ဟာ ဒုတိယ အကြိမ်မြောက် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က RFA ကို အတည်ပြု ပြောဆိုပါတယ်။
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ပြင်ပရှိ ပုဂ္ဂလိက HIV/AIDS ကုသရေးဌာနတစ်ခုကို သွားရောက် လည်ပတ်နေသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell ကို ဝေဒနာရှင် ကလေးငယ်တစ်ဦးက ပန်းစီးကမ်းနေစဉ်။(AFP)
Mr. Mitchell ဟာ နေပြည်တော်က အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ ရှိပြီး၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိ၊ မရှိ အတည်မပြုနိုင်သေးပါဘူး။ သူဟာ မနက်ဖြန်မှာ မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။ Mr. Mitchell ဟာ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ တိုင်းရင်းသားတွေ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ တိုင်ရင်းသားတွေ အပေါ် အကြမ်းဖက်မှု ရပ်တံ့ရေး စတဲ့ ကိစ္စရပ်တွေ အကောင်အထည် ပေါ်လာအောင် တိုက်တွန်း ပြောဆိုဖို့ အခုလို မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ပထမဆုံး အကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နောက်ထပ်လည်း အကြိမ်ကြိမ် လာရောက်ဖို့ စီစဉ်ထားကြောင်း အမေရိကန် သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ရုပ်ပုံလွှာ ပန်ချီပြပွဲမှ ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပန်ချီကား(၈) ကား ရောင်းချ။

မြန်မာများရဲ့ ရုပ်ပုံလွှာလို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ The Portraits of Myanmar people အမည်ရှိ ပန်းချီပြပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရုံးချုပ်မှာ ပြသနေရာမှာ ဒီကနေ့ နေ့လည်ပိုင်း အထိ ပန်းချီကား ရှစ်ကား၊ တန်ဖိုး ၁၃ သိန်း ဖိုး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ အောက်တိုဘာလ ၂၅ ရက်နေ့က စတင် ဖွင့်လှစ်ပြသသော The Portraits of Myanmar people အမည်ရှိ ပန်းချီပြပွဲ၏ ဖိတ်စာကို အဖွဲ့ချုပ် အင်တာနက် စာမျက်နှာပေါ်တွင် တွေ့ရပုံ။(NLD)
ဒီကနေ့ ရောင်းရတဲ့ ပန်းချီကား အားလုံးဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ ပန်းချီကားတွေ ဖြစ်တယ်လို့လည်း NLD ပြောရေး ဆိုခွင့် ရှိသူ ဦးအုံးကြိုင်ကပြောပါတယ်။ မနေ့က စတင် ဖွင့်လှစ်ပြသခဲ့တဲ့ ဒီပန်းချီပြပွဲ ကို ၂၆ ရက်နေ့ အထိ ဆက်လက် ကျင်းပသွားမယ်လို့ သိရပါတယ်။

ကိုဇာဂနာနဲ့အဖွဲ့ ပြည်မြို့ ထောင်ဝင်စာခရီး သွားရောက်။

ဟာသသရုပ်ဆောင် ကိုဇာဂနာဟာ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းကျရာ မြို့တွေက ထောင်တွေကို သွားရောက်ပြီး ထောင်ဝင်စာပို့တဲ့ ပထမဆုံး ခရီးစဉ်အဖြစ် ဒီကနေ့ ပြည်မြို့ကို ရောက်ရှိ ခဲ့ပြီး ပြည်အ ကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ထောင်ဝင်စာ ပစ္စည်းပေးပို့ခဲ့ကြောင်း သိရပါတယ်။
ကိုဇာဂနာနဲ့ အတူ ကိုဂေါ်ဇီလာ၊ ကိုစိန်သီး စတဲ့လူရွှင်တော်တွေ၊ နိုင်ငံရေး၊ လူမူရေးလှုပ်ရှားသူ ကိုမျိုးရန်နောင်သိမ်း၊ ပဲခူး က ကိုကျော်ဝင်းတို့လည်း အတူ လိုက်ပါလာပါတယ်။ ပြည်မြို့က ဒေသခံ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားသူတွေနဲ့ မျက်မှောက် မြန်မာ့နိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်ပြီး သဘောထား အမြင်ဖလှယ်ကြတဲ့ စကားဝိုင်း တစ်ခုကို ပြုလုပ်ခဲ့ရာမှာ စိတ်ပါဝင်စားသူ ၂၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးတို့အတွက် ရည်စူးပြီး ညနေ ၇ နာရီလောက်မှာ ဧရာဝတီမြစ် အတွင်း ဆီမီးမျောပွဲ ကျင်းပမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင် လေလွင့်ကလေးသူငယ်များအား ကူညီထောက်ပံ့ပေးမည့် ။

မြန်မာနိုင်ငံတွင်း လေလွင့်ကလေးသူငယ်များအား ကူညီပေးမည့် အဖွဲ့အစည်းများစွာလိုအပ်နေပြီး ၎င်း တို့ အား အသက်မွေး ဝမ်းကြောင်းပညာအပြင် အတန်းကျောင်းပညာရေးကိုပါ တွဲဖက်သင်ကြား ပေး သင့် ကြောင်း လူမှုရေးကူညီမှုအဖွဲ့အစည်း အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

မိဘနှစ်ပါးလုံးမရှိသူ၊ မိဘနှစ်ပါးမှ တစ်ဦးတစ်ယောက် မရှိသောသူ၊ မိစုံ ဖစုံ ရှိသော်လည်း ဆင်းရဲနွမ်း ပါး လွန်းသောကလေးငယ်များမှာ ကျောင်းပညာရေးနှင့်ဝေးကာ  လေလွင့်ကလေးငယ်များ ဖြစ်လာကြကြောင်း သိရသည်။

လေလွင့်ကလေးငယ်အများစုသည် လက္ဘက်ရည်ဆိုင်များ၊ နေအိမ်များမှ အမှိုက်များအညစ်အကြေးများအား အမှိုက်ပုံသို့ သွားရောက်ပစ်ပေးခြင်းဖြင့်လည်းကောင်း၊ ခရီးသည်တင်ဘက်စ်ကားများ၊ သင်္ဘောများ၊ မြို့ပတ်ရထားများပေါ်၌ လက်ကမ်းစာစောင်များ အသုံးပြုတောင်ရမ်း၍လည်းကောင်း၊ ပလက်စတစ်ပစ္စည်း အစုတ်များ၊ ဘီယာဘူးခွံများ၊ သံတိုသံစများ လိုက်လံကောက်ကာ ပြန်ရောင်း၍လည်းကောင်း ဘဝအားခက်ခဲစွာ ရပ်တည်ရလျက်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ကူညီပေးနေတဲ့ ကလေးငယ်အများစုက စည်ပင်အောက်ခြေဝန်ထမ်းတွေကို ယာယီနေ ခွင့် ပေးထားတဲ့ တောင်ဒဂုံအမှတ်(၂၁) ရပ်ကွက် စည်ပင်ဝင်းထဲက ကလေးတွေပါ။ ကလေးအများစုက စာမသင်ခဲ့ရဘူး။ အကူအညီပေးနေတဲ့ ကျွန်တော်တို့ကျောင်းမှာ တစ်ပတ်နှစ်ရက် ကလေးတွေ ကို ခေါ်ပြီးစာသင်ပေးတယ်၊ ထမင်းကျွေးတယ်၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်လှုတယ်။ ဒါတောင် ကလေးတွေ ပုံမှန်မလာနိုင်ကြဘူး။ သူတို့နေ့တွက်ရမှ စာလာသင်နိုင်တယ်။ ခုကျွန်တော်တို့ဆီ စာလာသင်တဲ့ကလေးက ငါးဆယ်လောက်ရှိတယ်။ ဒီဝင်းထဲမှာတင်ကို နောက်ထပ်ကလေးငါးဆယ်လောက် ရှိနေသေးတယ်”ဟု လေလွင့်ကလေးငယ်များအား ကူညီနေသူ BG (NLD)(Blood Group) မှ တာဝန်ခံ ကိုညီညီက ပြောသည်။

လေလွင့်ကလေးငယ်များအနေဖြင့် အဝတ်အထည်ပြည့်စုံစွာမရှိခြင်း၊ နေပူမိုးရွာမရှောင် အလုပ်လုပ် ကိုင်ရ ခြင်း၊ညအိပ်ရာတွင် ခြင်ထောင်၊ စောင်လုံလောက်စွာမရှိခြင်း(အချို့လေလွင့်ကလေးများဆှိုလျှင်တွေ့ ရာလမ်းဘေး အိပ်စက်ရခြင်း) အာဟာရပြည့်မီစွာစားသောက်ရမှုမရှိခြင်းတို့ကြောင့် ကျန်းမာရေး ချို့ယွင်း ပြီး  အရွယ်မတိုင်မီ သေဆုံးမှုများရှိနေကြောင်းလည်း သိရှိရသည်။

 “သားကျောင်းမနေဖူးပါဘူး။ နောက်လည်း တက်ဖြစ်မယ်မထင်ဘူး။ သားကြီးလာရင် ဟစ်ဟော့ပ် အဆိုတော်လုပ်မယ်”ဟု အသက် ၁၂ နှစ် အရွယ် တောင်ဒဂုံစည်ပင်ဝင်း၌ နေထိုင်ပြီး အမှိုက်ပစ်၊ ပလက်စတစ်ကောက်၍ ရှင်သန်နေရသူ မောင်သံချောင်းက ပြောသည်။

မိဘများမှာ ပညာသင်ကြားရန်အတွက် ထောက်ပံမှုမပေးနိုင်ခြင်း၊ အလုပ်အကိုင်အတည်တကျ မရှိခြင်း၊ ဝင်ငွေနည်းပါးလွန်းခြင်းတို့ကြောင့် အုပ်ထိမ်းသူများကိုယ်တိုင်ကပင် ကလေးငယ်များအား ခိုင်စေ ကြခြင်းဖြစ်ကြောင်း သိရသည်။
“လက္ဘက်ရည်ဆိုင်မှာ အမှိုက်ပစ်ဖို့၊ ပလက်စတစ်ကောက်ဖို့၊ အုပ်ထိမ်းသူတွေက ကလေးတွေကို လွှတ်လိုက်တာ ပြီးမှပလက်စတစ်ဝယ်တဲ့ ဒိုင်တွေမှာ သူတို့ကိုယ်တိုင်စောင့်ပြီး ငွေ သိမ်းတာ၊ ဈေးဖြတ် တာတွေ လုပ်ကြတယ်”ဟု တွံတေးမြို့၌ လူမှုကူညီရေးလုပ်ကိုင်သူ Care For Children အဖွဲ့မှ ကိုညီညီသစ္စာက ပြောသည်။

မည်မျှပင် ဆင်းရဲကြပ်တည်းသော်လည်း၊ ယခုကဲ့သို့မိမိ၏သားသမီး၊ တူ၊ တူမ၊ ကလေးများအားပညာ သင်ကြားပေးခြင်းမရှိပဲ ဝင်ငွေရရန်ခိုင်းစေခြင်းမှာ မည်သို့မျှလက်မခံနိုင်ကြောင်း ခိုင်းစေခံရသော ကလေးများမှာ အုပ်ထိမ်သူအား ကြောက်ရွံ့ရ၍ ဝင်ငွေပြည့်မီစွာ မရသည့်နေ့များတွင် သူတပါးပစ္စည်းအား ခိုးယူမှုများရှိလာနိုင်ပြီး စာရိတ္တများပျက်ပြားသွားနိုင်ကြောင်းလည်း ၄င်းကသုံးသပ်သည်။

မြန်မာနိုင်ငံတွင် အရေးကြီးဆုံးလိုအပ်ချက်တခုအနေဖြင့် လေလွင့်ကလေးငယ်များအရေးကိုလည်း ထည့် သွင်း စဉ်း စားပေးသင့်ပြီး ၄င်းတို့ကို ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများလည်း လိုအပ်လျက် ရှိကြောင်း လူ မှုရေးအသင်းအဖွဲ့များက ပြောဆို သုံးသပ်လျက်ရှိသည်။

ထောင်နှင့်ချီသည့် ဌာနေပြန် မြန်မာအလုပ်သမားများ အဖမ်းခံရ။

ထိုင်းနိုင်ငံအတွင်း ရေကြီးမှု ဆက်လက် ဖြစ်ပွားနေခြင်းကြောင့်ဘန်ကောက်မြို့ ရေလွှမ်းမိုးရာ နယ်များ မှ မြန်မာပြည် သို့ ပြန်ကြ သည့် မြန်မာအလုပ်သမားများ ထောင်နှင့်ချီ၍ ထိုင်းလူဝင်မှုကြီး ကြပ်ရေးအ ဖွဲ့(လ၀က)၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။
လက်ရှိ မဲဆောက်မြို့တွင် အဖမ်းခံနေရသည့် ဘန်ကောက်မှ မြန်မာအလုပ်သမားဖြစ်သူ စောဖိုးချောက “အခု တောမောရုံး (ထိုင်းလ၀ကရုံး)မှာ အဖမ်းခံရတဲ့သူ တစ်ထောင်ကျော်ရှိမယ်။ အားလုံး ဟာ နိုင်ငံကူး လက်မှတ် (Passport)မရှိသူချည်းပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအနေဖြင့် အဖမ်းခံရသူများ စာရင်းတွင် နံပါတ် ၇၀၀ကျော်ဖြစ်ပြီး နောက်ပိုင်း နံပါတ်စဉ်များစွာ ကျန်နေသေးကြောင်းနှင့် ထို အထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးအချို့လည်း ပါဝင်သည်ဟု သူက ပြောပြသည်။-
-
ယခု ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ၏ ဖမ်းဆီးခြင်းကိုခံရသူ မြန်မာများမှာ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ဘတ်)များ ရှိသော်လည်း နိုင်ငံကူးလက်မှတ် မရှိသူများဖြစ်သည်ဟု သိရသည်။
အဖမ်းခံရသူများကို ထိုင်းလ၀က တာဝန်ခံများက ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတား ထိပ် မြန်မာ ပြည်ဘက်ခြမ်းရှိ နယ်ခြားစောင့်တပ်-BGF ဂိတ်သို့ ပို့ဆောင်သည်။ ထိုဂိတ်သို့ ပို့ဆောင်ခံရသူများကို BGF က တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂,၀၀၀မှ ၂,၅၀၀အထိ ဒဏ်ငွေ သဘော မျိုး ကောက်ခံလျှက်ရှိကြောင်းလည်း BGF ဂိတ်သို့ ပြန်လည် ရောက်ရှိ သွားသည့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောသည်။
-
သူမက “ဘန်ကောက်ကနေ မဲဆောက်ကို လိုင်းကားနဲ့ဆို ဘတ်ငါးရာကျော်ပဲ ကုန်တယ်။ တောမောက ဖမ်းတော့ ဒုက္ခရောက် ကြတော့တာပဲ။ လမ်းစရိတ် မလောက်တဲ့သူအတွက်တော့ အဆိုးဆုံးပဲ။ နောက် ကျမတို့ကို ပြန်လာသွန်တော့လည်း တော မောကို တစ်ယောက် ဘတ် ၈၀ ပေးခဲ့ရသေး တယ်။”ဟု ပြော သည်။
ငွေကြေးတတ်နိုင်သည့် အချို့မြန်မာအလုပ်သမားများသည် ကယ်ရီမှတဆင့် လူတစ်ဦးလျှင် ဘတ် ၄,၅၀၀မှ ၅,၀၀၀အထိ ပေး စေပြီး ကရင်ပြည်နယ် ဖားအံနှင့် မွန်ပြည်နယ် သထုံ၊ ဘီးလင်းမြို့များသို့ အရောက် ပို့ဆောင်ပေး သည်ဟု ၎င်းက ဆက်ပြော သည်။
ဘန်ကောက်မြို့ ရေကြီးမှုကြောင့် မြန်မာနိုင်ငံတွင်းရှိ ဒေသအသီးသီးမှ မိဘဆွေမျိုးများက စိုးရိမ်ပူပန်နေ ကြပြီး မိမိတို့၏ သား သမီး၊ မိသားစုဝင်များကို နေရပ်ပြန်လာကြရန် ဆက်သွယ်ခေါ်ယူလျှက်ရှိသည်။
-
မဲဆောက်မြို့အ၀င်၌ ထိုင်းလ၀ကအဖွဲ့က ယခုရက်ပိုင်းအတွင်းဘန်ကောက်မှ နေရပ်ပြန်မည့် မြန်မာ အလုပ်သမားများကို ဖမ်း ဆီးလျှက်ရှိရာ ယနေ့မှာ လူဦးရေ အများဆုံး ဖြစ်သည်။
ထိုင်းနိုင်ငံရှိ ခရိုင် ၇၇ခုအနက် ၆၁ခုမှာ ရေကြီးမှုဒဏ်ခံနေရပြီး လူဦးရေ ၈၂သိန်းကျော် ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရကာ သေဆုံးသူမှာ ၃၅၀ဦးကျော်ရှိပြီဟု သတင်းဌာနများက ထုတ်လွှင့်ဖော်ပြနေကြသည်။

Saturday, October 22, 2011

မြစ်ကြီးနားမြို့မှာ ပေါ်တာဆွဲတော့မယ်။

စစ်ဖြစ်ပွားရာ ကချင်ပြည်နယ်ဘက်ကို အစိုးရစစ်တပ်ရဲ့ရိက္ခာတွေ ပို့ဆောင်ပေးဖို့ အတွက် အထမ်းသမားတွေ လိုအပ်နေလို့ မြစ်ကြီးနားမြို့ပေါ်မှာ ပေါ်တာဆွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
-
အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ စစ်ဖြစ်ပွားရာ ရှေ့တန်း ဒေသတွေအတွက်၊ အစိုးရစစ်တပ်က ရိက္ခာ ပို့ဆောင်ဖို့နဲ့ လမ်းပြအဖြစ် အသုံးပြုဖို့ လူအင်အားတွေ လိုအပ်နေသေးတယ်လို့ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
-
မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ဒီအစည်းအဝေးမှာ အစိုးရရဲ့ စစ်ဆင်ရေးအတွက် လမ်းပြတွေ၊ အထမ်းသမားတွေ လိုအပ်လာရင် ရပ်ကွက်တခုကို လူ အယောက် ၅၀ စီ တောင်းခံသွားမယ်ဆိုပြီး၊ အသိပေး ပြောကြားသွားတယ်လို့ ဒေသခံတယောက်က ပြောပြပါတယ်။
ဘယ်နေ့ ဘယ်အချိန်မှာ ဆင့်ခေါ်မယ်ဆိုတာကိုတော့ မပြောသေးဘူးလို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ ပြည်သူလူထုတွေကတော့ ပေါ်တာဆွဲခံရမှာ စိုးတဲ့အတွက် ည (၇) နာရီ ကျော်တာနဲ့ အိမ်ပြင် မထွက်ရဲကြတော့ဘူးလို့ ပြောပါတယ်။
-
အဲဒါကြောင့် အခုဆိုရင် မြစ်ကြီးနားမြို့ပေါ်မှာ ည ၇ နာရီ အချိန်လောက် ဆိုရင် တိတ်ဆိတ် နေပြီလို့ အဲဒီဒေသခံက ပြောပါတယ်။
မြစ်ကြီးနား မြို့စွန်ရပ်ကွက်တွေဖြစ်တဲ့ တပ်ကုန်း၊ မန်ထိန်၊ ကျွန်းပင်သာ စတဲ့ရပ်ကွက်တွေနဲ့ ဝိုင်းမော်ဘက်တွေမှာတော့ အရင်ကတည်းက ပေါ်တာ ဆွဲနေခဲ့သလို အခုချိန်ထိလဲ ဆွဲနေ တုန်း ဖြစ်တယ်လို့ သိရပါတယ်။

ရွှေချောင်းအတွင်း အောက်တိုဘာ ၂၂ ရက်တွင် အလောင်း ရှစ်လောင်း ထပ်မံတွေ့ရှိ။

                                             ကျိုးကျသွားသောရွှေချောင်းတံတား



ပခုက္ကူမြို့ ရွှေချောင်းအတွင်းမှ အောက်တိုဘာ ၂၂ ရက်တွင် အလောင်းများ ထပ်မံတွေ့ရှိရကြောင်း သတင်းရရှိသည်။
 ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူအချို့က တရားဝင် စာရင်းအရ ယနေ့တွင် ရွှေချောင်း တစ်လျှောက် သဲနုန်းများအောက်မှ ရှစ်လောင်း ထပ်မံတွေ့ရှိရ သည်ဟု ပြော သည်။ အောက် တိုဘာ ၂၁ ရက်ကလည်း မနက်ပိုင်းတွင် ရှစ်လောင်းနှင့် ညနေပိုင်း တွင် နှစ်လောင်း ထပ်မံတွေ့ရှိသည်။ ထို့ကြောင့် အောက် တိုဘာ ၂၂ ရက် ညနေအထိ အလောင်း ၇၀ တွေ့ရှိပြီးဖြစ်ကြောင်း မြို့နယ်အုပ် ချုပ်ရေးမှူးရုံးမှ စာရင်းကိုကြည့်၍ ဒေသခံအချို့က ပြောသည်။
သို့သော် လူသေဆုံး၊ ပျောက်ဆုံးနှင့် ဒုက္ခသည်စာရင်းများ ပြုစုနေသော အာဏာပိုင်များထဲမှ တစ်ဦးက အထက်သို့ ၅၈ ဦးသာ ပျောက်ဆုံးသည်ဟု တင်ပြထားပြီး၊ ၂၀ ဦးဝင်းကျင်သာ အလောင်းပြန်ရသေးသည်ဟု ဆိုသည်။ ၎င်းက အောက်တိုဘာ ၂၂ ရက်တွင် ထပ်မံတွေ့ရှိရသော ရုပ်အလောင်းမှာ ရှစ်လောင်မဟုတ်ဘဲ လေးလောင်းသာ ရှိသည်ဟု ဆိုပြန်သည်။
ဧရာဝတီမြစ်အတွင်း အလောင်းများ လိုက်လံကူညီဆယ်ယူပေးနေသည်အချို့ကမူ အောက်တိုဘာ ၂၂ ရက်အထိ အလောင်း ၁၀၀ ကျော် ဆယ်ယူပေးခဲ့ပြီဖြစ်ကြောင်း ပြောသည်။
"သူတို့က ပျောက်ဆုံးစာရင်းကို ၅၈ ဦးနဲ့ ရပ်ထားတယ်။ ထပ်လာလည်း မတိုးတော့ဘူး။ သူတို့ဆီကို စာရင်းမပို့နိုင်တဲ့လူတွေ၊ မိသားစုလိုက် သေကုန်လို့ စာရင်းထဲမပါတဲ့လူတွေက အများကြီးပဲ" ဟု မြို့ခံတစ်ဦးကလည်း ပြောသည်။
ကယ်ဆယ်ရေးစခန်း သုံးခုတွင် အိမ်ထောင်စု ၃၂၀ ကျော်မှ ဒုက္ခသည် ၁၇၀၀ ကျော်ကို ဒေသခံပြည်သူများ၊ အစိုးရနှင့် အဖွဲ့အစည်းအချို့က အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်းလျှက်ရှိသည်။ သို့သော် ရေဘေးဒုက္ခသည်အများစုမှာ ရေစီးကြောင့် နေအိမ်များပါ ရေထဲမျောပါသွားကြခြင်းဖြစ်၍ ၎င်းတို့ ပြန်လည်ထူထောင်နိုင်ရန် လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။ ထို့ကြောင့် လှူဒါန်းလိုသူများအနေဖြင့် အမိုးအကာ၊ ဒန်အိုးဒန်ခွက်၊ အ၀တ်အထည် စသော ပစ္စည်းများကို လှူဒါန်းသင့်ကြောင်း ဒေသအာဏာပိုင်နှင့် မြို့ခံများက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP)မှသမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးဦးကိုကိုလှိုင်၏ နိုင်ငံရေးအကျဉ်းသားစာရင်းဆိုင်ရာ ပုတ် ခတ် ပြောဆိုမှုကို ပြင်းထန်စွာ ရှုံ့ချ။

ထိုင်းနိုင်ငံအခြေဆိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) က မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင်၏ နိုင်ငံရေးအကျဉ်းသားစာရင်းဆိုင်ရာ ပုတ် ခတ် ပြောဆိုမှုကို ပြင်းထန်စွာ ရှုံ့ချလိုက်သည်။
“ဦးကိုကိုလှိုင်ပြောတဲ့စကားပြောဗျာ လူကြီးလူကောင်းတယောက်ပြောတဲ့ လေသံမှမဟုတ်ပဲ၊ လမ်းဘေး စကားပြော သွားတာပဲ၊ ကျနော်တို့က ကျနော်တို့ AAPP က ခံယူထားတဲ့ နိုင်ငံရေးအကျဉ်းသား ရဲ့ အဓိပ္ပါယ်၊ နိုင်ငံတကာ က သတ် မှတ် ထားတဲ့ ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ခံနေရတဲ့ အကျဉ်း သား၊ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စံချိန်စံညွှန်းတွေ အပေါ်မှာ အခြေခံပြီး စုဆောင်းခဲ့ တာဖြစ်ပါတယ်”ဟု AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။
မကြာသေးမီက သမ္မတအကြံပေး ခေါင်းဆောင် ဦးကိုကိုလှိုင်က The Voice သို့ပြောခဲ့ရာတွင် “ဘန်ကောက်ကလူတွေ က စာရင်းကောက်တာက ဘာနဲ့စာရင်း ကောက်တာလဲ။ အကျဉ်းဦးစီးဌာနက သူတို့ ကို စာရင်းပို့သလား၊ မဟုတ်ဘူး။ သူတို့ လေသံကြားနဲ့ အကုန်လုံး ထည့်ထားတာတွေ အများကြီး ရှိတယ်။ တချို့ကလည်း ပွင့်ပွင့်လင်းလင်း ပြောရ လို့ရှိ ရင် စာရင်းများများရလေ ထောက်ပံ့ကြေး များများ ရလေ” ဟု ပြောခဲ့သည်။
“ဦးကိုကိုလှိုင်ပြောသွားတဲ့အထဲမှာ စာရင်းများများရလေ ထောက်ပံ့ကြေးများများရလေဆိုတာ ဘာကိုပြောတာလဲ ကျနော်တော့ နားမလည်ဘူး။ ဘာကြောင့်ရမှာလဲ၊ ဒီစာရင်းတွေ ထုတ်ပြန်လို့ ဘယ်သူက ပိုက်ဆံလာပေးမလဲ”ဟု ကိုတိတ်နိုင်က ပြောသည်။
ဆက်လက်၍ AAPP က ကိုတိတ်နိုင်က နိုင်ငံရေးအကျဉ်းသားများကိစ္စနှင့် အကျဉ်းထောင်များ၏ အခြေ အနေကို ခက် ခက်ခဲခဲ ကြိုးစားတင်ပြနေကြောင်း အကျဉ်းဦးစီးဌာန အပါအ၀င် မည်သည့် အာဏာပိုင်ကမှ နိုင်ငံရေး အကျဉ်းသား အရေအတွက်ကို တရားဝင် အသိမပေးသကဲ့သို့ အကျဉ်းဦးစီးဌာန ကိုယ် တိုင် နိုင်ငံရေး အကျဉ်းသား မည်မျှ ရှိသည်ကို မသိကြောင်း၊ မြန်မာပြည်တွင်း သွားရောက်ကာ တရားဝင်စာရင်းကောက်ခံရန် မလွယ်ကြောင်း၊လုံခြုံရေး အထပ်ထပ် ကို ကျော်ဖြတ်ပြီးမှ စာရင်းတွေကို စုဆောင်းခဲ့ကြောင်း၊ ဓာတ်ပုံနှင့်ကိုယ်ရေးအကျဉ်းများကို စုဆောင်းခဲ့ကြောင်း၊ ၄င်းတို့ မသိပဲ လွတ်သွားသူများရှိသကဲ့သို့ စာရင်းတွင် ထည့်သွင်းနိုင်ခြင်းမရှိသေးသော နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိ နေမည်ဟု ယုံကြည်ကြောင်းသူက ရှင်းပြသည်။
ထို့အပြင် သမ္မတ ဦးသိန်းစိန်၏ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ၂၂၅ ဦးရှိရာတွင် AAPP စာရင်းတွင် မပါဝင်ပဲ လွတ်မြောက်လာမှသာသိရသော နိုင်ငံရေး အကျဉ်းသား ၁၀ ဦးကျော် ပါ ၀င် လာကြောင်း၊ အလားတူ လက်လှမ်း မမှီသော စာရင်းမသွင်းနိုင်သေးသည့် အထူးသဖြင့် တိုင်းရင်းသား ဒေသများရှိ မတရားသင်းနှင့် ဆက်သွယ်သည်ဟု စွပ်စွဲ ထောင်ဒဏ်ချမှတ် ခံထားရသူများရှိနိုင်ကြောင်းလည်း AAPP က ဆိုသည်။
“အကျဉ်းထောင်တွေရဲ့ အခြေအနေတွေ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေကို နည်းလမ်းပေါင်းစုံ နဲ့ လှျှို့ လျှို့ဝှက်ဝှက် စုံစမ်းပြီး နိုင်ငံတကာသိအောင် လုပ်ဆောင်နေပါတယ်။ လူ့အခွင့်အရေး၊ အကျဉ်းသား အခွင့်အရေး ချိုး ဖောက်ခံနေရမှုတွေကိုလည်း စဉ်ဆက်မပြတ်စုဆောင်းထားပါတယ်။ မှတ်တမ်းပုံစံ သွင်းပြီး လည်း သိမ်းဆည်းထားပါ တယ်။ တချိန်မှာ အမှန်တရားဖေါ်ထုတ်နိုင်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဟန့်တားနိုင်အောင် ရည်ရွယ်ပါ တယ်”ဟု သူက ဆိုသည်။
နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကာ အကျဉ်းချခံနေရသော ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်း သားများ ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းခေါင်းဆောင်များ၊ ၁၉၉၀ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက် ပွဲ မှ ရွေးချယ်တင် မြှောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး ဟု ငြင်းဆိုနေခြင်းသည် အမှန် တရားကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း AAPP က ထောက်ပြသည်။
ထို့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စစ်အစိုးရ အဆက်ဆက်က တည်ဆဲဥပဒေအရဖမ်းဆီးခြင်း ဟု ပြောဆို ကာ ရာဇ၀တ်ပုဒ်များဖြင့်ဖမ်းဆီးခြင်းအပြင် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်၍ စိတ္တဇ ဆေးရုံများသို့ပါ ပို့ဆောင် ဖမ်းဆီးခြင်း၊ ချဲလောင်းကစားအစရှိသည့် ပုဒ်မများဖြင့်လည်း ဖမ်းဆီးကြောင်း AAPP က ဆိုသည်။
AAPP က အသင်းစတင်ဖွဲ့စည်းခဲ့စဉ်က အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းမျှကို သာထောက်ပံ့ နိုင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ၃၀၀ ကျော် ၄၀၀ ကျော်မျှသာ ထောက်ပံနိုင်ခဲ့ပြီး ယခုလည်း နိုင်ငံရေးအကျဉ်းသား ၇ ရာကျော်အတွက်သာ ထောက်ပံ့နိုင်ခဲ့ကြောင်း၊ လက်လှမ်းမှီ သူလောက်သာကူညီနိုင်သေးကြောင်း၊ လုံလောက်တဲ့ ထောက်ပံ့မှုမျိုး ယခုထိ မထောက်ပံ့နိုင်သေးကြောင်း AAPP က ထောက်ပြသည်။
AAPP အသင်းကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို န၀တ စစ်အစိုးရ ပထမဆုံး ဖမ်းဆီးခဲ့သည့် နေ့ကို အမှတ်တရအဖြစ် မတ်လ ၂၃ ရက် ၂၀၀၀ ခုနှစ်က နိုင်ငံရေးအကျဉ်းသားဟောင်း များက ဦးဆောင်ကာ စတင်ဖွဲ့ စည်း တည်ထောင်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ အထင်အရှား ရှိသည့်ကိစ္စနှင့်ပတ်သက်၍ တောင်ငူအကျဉ်းထောင်မှ ထောင်ဒဏ် ၁၇ နှစ် ကျခံရပြီး အကျဉ်းထောင်ထဲတွင် ၁၂ နှစ်ကျော်ကြာနေခဲ့ရမှ ဒုတိယ အကြိမ် သမ္မတဦးသိန်စိန် အစိုးရ၏ လွတ်ငြိမ်းချမ်း သာခွင့်အမိန့်ဖြင့်လွတ်မြောက်လာသူ ကိုဇော်ရဲဝင်းက နိုင်ငံရေး အကျဉ်းသားများ အကျဉ်းထောင်များထဲတွင် များစွာ ကျန်ရှိနေသည်ကို နိုင်ငံတကာက ပိုမိုသိရှိစေရေးနှင့်အမြန်ဆုံးပြန် လည်လွတ်မြောက်ရေးတို့အတွက် ကိုဇာဂနာ ဦး ဆောင်သည့် အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေး အကျဉ်းသားများအား တတ်နိုင်သည့်ကူညီရေးတို့လုပ်ငန်းတို့တွင် ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်သည်ဟု ဆိုသည်။
“အခုကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွေထဲမှာ အများကြီးရှိနေတာပဲဗျာ။ သူတို့တွေ ဟာ အမျိုး သားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် တကယ့်ကိုအရေးပါတဲ့ လူတွေ ဖြစ်တယ်။ ၈၈ ကျောင်းသားခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ တလျှောက်လုံး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ တိုင်း ပြည်အကျိုးသက်သက်အတွက်ပေးဆပ်နေရတာကို ယုံကြည်စိတ်ချစွာ နဲ့ ပြန်လွှတ်ပေးသင့်တယ်”ဟု သူက ဆိုသည်။

Friday, October 21, 2011

ပုဂံ၊ညောင်ဦးတွင် စံချိန်သစ်တင်မိုး ထပ်မံရွာသွန်းခဲ့မှု့ကြောင့် ရှေးဟောင်းဘုရားနှင့်အဆောက်အဦးတချို့ပျိုကျပျက်စီးမှု့ရှိခဲ့။

b29_22
b29_22_1
ပုဂံညောင်ဦးမြို့တွင်အောက်တိုဘာ (၁၉)ရက်နေ့ညမှ (၂၀)ရက်နေ့နံနက် ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ထိုနေ့နံနက်(၉)နာရီအချိန် ညောင်ဦးမြို့ မိုးလေ၀သနှင့်ဇလဗေဒဌာန၏ တိုင်းထွာချက်များအရ မိုးရေချိန်(၈)လက်မရရှိ ခဲ့ကြောင်း သိရှိရပြီး၊အဆိုပါမိုးကြောင့်ပင် ပုဂံရှေးဟောင်းဘုရားနှင့် အဆောက်အဦး တစ်ချို့ ပြိုကျပျက်စီး ဆုံးရှုံးမှုများရှိခဲ့ကြောင်း သတင်းရရှိပါသည်။

''သရပါဟိုတယ်အနီး ကားလမ်းနံဘေးကရှေးဟောင်း ဘုရားတစ်ဆူပြိုတယ်။ပုဂံခေတ်နှောင်းပိုင်းလက်ရာလို့ ယူဆရတယ်။ ဒီဒေသက ကမ်းရိုးတမ်းဘက် မုန်တိုင်းရှိရင်မိုးရွာတတ်တယ်။ခုလည်း ဘူးသီးတောင် ၊မောင်း တော ဘက် မုန်တိုင်း ၀င်နေ လို့ ရွာတာ ပါ။ညက မိုးတစ်ညလုံး ရွာတယ်။မနက် တစ်နာရီနဲ့ နှစ်နာရီ အကြား အသည်း ဆုံးပဲ။'' ဟု ဒေသခံတစ်ဦးပြောသည်။
သရပါဟိုတယ်အနီး ပြိုကျခဲ့သောစေတီ၏ ရှေးဟောင်းဘုရားနံပါတ်မှာ (၁၉၅၅)ဖြစ်ကြောင်း သိရှိရပြီး၊ အုတ်ကျောင်း ခံစေတီ အမျိုးအစားဖြစ်ကာ၊ အုတ်ခွက်ဘုရားနှင့် ဆင်းတုတော်ဌာ ပနာပစ္စည်းများ လည်း တွေ့ရှိခဲ့ကြောင်းသိရသည်။ထို့အတူ ရွှေစည်းခုံစေတီတော်ကြီး၏ အရှေ့ဘက်အ တွင်းတံ တိုင်း၊ မြောက်ဘက်မုခ်ဦးစေတီ၏မြောက်ဘက်ခြမ်းသည် လည်းကောင်း၊အနောက်ဘက်အ၀င် မုခ်ဦးခြင်္သေ့ ကြီးနှစ်ကောင် အနက်တောင်ဘက်ခြင်္သေ့၏ နောက်ဘက်ခြေထောက်နှင့် ဖင်မြီး ပိုင်းတစ်ခြမ်းသည် လည်းကောင်း၊ရွှေစည်းခုံစေတီ အနောက်ဘက်သက်တော်ရှည်(နံကပ်ကျောင်း)အတွင်းရှိ ရှေးဟောင်းအုတ်ကျောင်းတော်ကြီးသည်လည်း
ကောင်း ထိုနေ့ကမိုးကြောင့် ပြိုကျပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။
''အုတ်ကျောင်းကြီးက စွာစော်ကဲမင်း(အင်းဝခေတ်) တည်ဆောက်ခဲ့တာ လို့ မှတ်သား ဖူးတာပဲ။ မနှစ်က ရှေးဟောင်းက အနောက်ဘက်ခြမ်း ပြုပြင်ပေးထားတာ။ ခုတော့ ရလောက်တော့မယ်မထင်ပါဘူး။ '' ဟု အဆိုပါကျောင်းမှ ဦးပဉ္ဇင်းတစ်ပါးမိန့်ကြား ပါသည်။အလားတူ ရှေးဟောင်းတံတိုင်းတစ်ချို့လည်း ပျက်စီးမှု ရှိကြောင်းဒေသခံတစ်ဦးက ပြောပါသည်။

ညောင်ဦးမြို့တွင်လွန်ခဲ့သည့် သြဂုတ်လ (၂၆) ရက်နေ့က ရွာသွန်းခဲ့သောမိုးကြောင့် (၄၇)နှစ်တာ ကာလ အတွင်း မိုးရေချိန်အများဆုံးရရှိသည့်နေ့အဖြစ် မှတ်တမ်းတင်ခဲ့ရာ၊  (၄.၇၂)လက်မရွာသွန်းခဲ့ကြောင်း သိရသည်။ယခုရွာသွန်းသော မိုးမှာမိုးရေချိန် (၈)လက်မရရှိခဲ့ရာ စံချိန်သစ်ထပ်မံတင်ခဲ့ခြင်း ဖြစ်သည်။ထိုနေ့ မိုးကြောင့် မြို့တွင်း လမ်းတစ်ချို့သဲများ၊ ရေများဖုံလွှမ်းခဲ့ရာ သက်ဆိုင်ရာမှ ရှင်းလင်းဆောင် ရွက်ပေးခဲ့ ရကြောင်းလည်း သိရှိရပါသည်။

Thursday, October 20, 2011

ပခုက္ကူ တံတားကျိုး လူ ၂၀ ထက်မနည်း သေဆုံး။

အထက်မြန်မာ နိုင်ငံတွင် ဆန်၊ ပဲ၊ ကောက်ပဲသီးနှံနှင့် ချည်ထည်များ အထူးပြု ရောင်းဝယ် ဖောက်ကားမှုဖြင့် နာမည်ကျော်သည့် ပခုက္ကူမြို့အဝင် ဧရာဝတီ မြစ်လက်တက် ရွှေတစ်ချောင်း ချောင်းကို ဖြတ်ကျော် တည်ဆောက်ထားပြီး မုံရွာ၊ မန္တလေးမြို့များနှင့် ကုန်သွယ်ရေးတွင် အရေးပါသော  ရွှေတစ်ချောင်း တံတားသည် ယနေ့ နံနက် ၆ နာရီခန့်က မိုးများ အဆက်မပြတ် ရွာသွန်းနေစဉ် ရေလယ်တိုင် ၃ တိုင် ကျိုးသွားခဲ့ပြီး တံတားအနီး တည်ဆောက်ထားသည့် ဘုန်းတော်ကြီးကျောင်းနှင့် အိမ်အချို့ ရေတွင်မျောပါကာ လူ ၂၀ ထက်မနည်း သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူ ပခုက္ကူ ဒေသခံ လုပ်ငန်းရှင် တစ်ဦးက The Voice Weekly သို့ပြောကြားသည်။ 

ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ဧရာဝတီမြစ် လက်တက် ရွှေတစ်ချောင်း မြစ်ရေ မြင့်တက်လာခဲ့ပြီး နံနက် ၆ နာရီခန့်တွင် ကမ်းပြိုကာ တံတားအနီးရှိ RC နှစ်ထပ် ဆောက်လုပ်ထားသည့် ဖျောက်ဆိပ်ပင် ဘုန်းကြီးကျောင်း မျောပါသွားကြောင်းနှင့် အခြား လူနေအိမ်များလည်း မျောပါခဲ့သောကြောင့် လူ ၂၀ ဦး ထက်မနည်း သေဆုံးသည်ဟု ယူဆရကြောင်း ၎င်းက The Voice Weekly သို့ ဆက်လက် ပြောကြားသည်။

" တံတားက နှစ်ပိုင်းပြတ် ပါသွားတာ။ သွားရေးလာရေး ခက်ခဲသွားတာပေါ့။ မန္တလေးကို သွားချင်ရင်လည်း ဒီတံတားကို ဖြတ်ပြီးမှ သွားရတာလေ။ တံတားဟိုဘက်မှာက ရုံးတွေ၊ စက်ရုံတွေလည်း ရှိတယ်။ မြို့ပေါ်မှာကတော့ ပုံမှန်ပါပဲ " ဟု ပခုက္ကူမြို့ ဒေသခံ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးရဲအောင်က ဆိုသည်။

အဆိုပါ ရွှေတစ်ချောင်း ပခုက္ကူတံတားသည် ပေတစ်ထောင်ခန့် အရှည်ရှိသည့် သံကူ ကွန်ကရစ် တံတားကြီး တစ်စင်းဖြစ်ပြီး ယင်းတံတား ကျိုးမှုကြောင့် မုံရွာ - မန္တလေးမြို့များနှင့် ဆက်သွယ် ရောင်းဝယ်နေသည့် ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံ ရောင်းဝယ်မှုမှာ ရပ်ဆိုင်းသွားဖွယ် ရှိကြောင်း ဒေသခံ လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။

မုံရွာမြို့တွင် သလ္လာရပ်ကွက် အတွင်းရှိ တက္ကသိုလ် အပြင်ကျောင်းဆောင်များတွင် ရေဝင်လျက် ရှိပြီး မုံရွာရဲစခန်းဝင်း အတွင်း၌လည်း ရေသုံးပေခန့် တက်နေကြောင်း၊ ဂန့်ဂေါ - ကလေး ကားလမ်းတွင်လည်း အနည်းဆုံး တံတား သုံးစင်းခန့် ရေတိုက်စားမှုကြောင့် ကျိုးသွားသည်ဟု မုံရွာဒေသခံများထံမှ သတင်းများ ရရှိသည်။

အဆိုပါ တံတားမကျိုးမှီ ပခုက္ကူ ဒေသတဝိုက်တွင် မိုးများ ၃ရက်ခန့် အဆက်မပြတ် ရွာသွန်းနေပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်ရောက်ခဲ့သည် မုန်တိုင်းနှင့် ဆက်စပ်၍ စစ်ကိုင်းရွှေဘို ဒေသများတွင်ပါ ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေကြောင်းလည်း ဒေသခံများထံမှ သတင်းများ ရရှိသည်။

မကွေးတိုင်း ဒေသကြီး ဆင်ဖြူကျွန်းတွင် နေထိုင်သူ ဦးသိန်းအောင်ထံမှ နောက်ဆုံး ထပ်မံရရှိသော သတင်းများအရ ဆင်ဖြူကျွန်း မြို့ပေါ်တွင် ရပ်ကွက် ခြောက်ရပ်ကွက်ခန့် ရေမြုပ်နေပြီး ဆင်ဖြူကျွန်းတံတား ချဉ်းကပ်လမ်းမှာ ကျိုးသွားကြောင်း၊ မန္တလေး၊ ချောက် မြို့နယ်များမှ လာသော ကုန်စည်များ မြို့တွင်းသို့ မဝင်နိုင် ဖြစ်နေကြောင်း၊ ဆင်ဖြူကျွန်း ဒေသတစ်ဝိုက် ကျေးရွာအချို့တွင် မြေပြို၍ လူ သုံးလေးဦးခန့် သေဆုံးသည့် သတင်းများ ထွက်ပေါ်နေသော်လည်း အပျက်အစီး ဆုံးရှုံးမှုကို အတိအကျ မသိသေးကြောင်း သိရှိရသည်။

Wednesday, October 19, 2011

မြန်မာ မလေးရှား အကျဉ်းသား လဲလှယ်ရေး အစီအစဉ် လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်။

မလေးရှားနိုင်ငံ လူဝင်မှု အကျဉ်းစခန်းတွေမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မိခင်နိုင်ငံ ပြန်ပို့မယ်ဆိုရင် သူတို့ရဲ့ဘ၀တွေ အတွက် စိုးရိမ်စရာ ရှိတယ် ဆိုပြီး မလေးရှား အခြေစိုက် ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့ တခု ဖြစ်တဲ့ ဆွာရမ် က ဒီကနေ့ ပြစ်တင် ဝေဖန်လိုက်ပါတယ်။
နှစ်နိုင်ငံအကြား ထိန်းသိမ်းခံထားရသူတွေ လဲလှယ်ရေး အစီအစဉ်အရ မလေးရှား အစိုးရ အနေနဲ့ လူဝင်မှု ပြစ်မှုတွေ ကျူးလွန် ဖောက်ဖျက်မှုကြောင့်ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံ သားတွေ ကို မြန် မာနိုင် ငံ ပြန်ပို့ ဖို့ မူအားဖြင့် သဘောတူညီထားပြီး ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေး ၀န်ကြီးက အခု သတင်းပတ်ဆန်းပိုင်းက ကြေညာခဲ့ပါတယ်။ မလေးရှား လူဝင်မှုအကျဉ်းစခန်းတွေမှာ ထိန်းသိမ်းခံထား ရတဲ့ မြန်မာနိုင်ငံ သား ၁၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
မလေးရှား အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းခံရသူတွေ မတန်တဆ များပြား ပြည့်ကြပ် လာတဲ့ ပြဿ နာကို ဖြေရှင်း တဲ့ အနေနဲ့ ဒီအစီအစဉ်ကို အကောင်အ ထည်ဖော် မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအစီအစဉ်ကြောင့် အကျဉ်းစခန်းတွေမှာ ဒုက္ခသည် အဖြစ် တရားဝင် အသိအမှတ်ပြု ခံထားရတဲ့ မြန်မာနိုင်ငံသားတွေ အပေါ်မှာတော့ သက်ရောက်မှု မရှိနိုင်ဘူးလို့ မလေးရှား ပြည်ထဲရေး ၀န်ကြီးက ပြောဆိုထားပါတယ်။
ဆွာရမ် လူ့အခွင့်အရေး အဖွဲ့ကတော့ ဒီအစီအစဉ်ကြောင့် မြန်မာနိုင်ငံသား တချို့ကို စစ်တပ်က လွှမ်းမိုး ချုပ်ကိုင်ထားတဲ့ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ဖြစ်လာနိုင်တာကြောင့်၊ ပြန်ပို့ခံရမယ့် မြန်မာနိုင်ငံသားတွေ အန္တရာယ် ကြုံရမယ့်အရေး အတွက် စိုးရိမ်ပူပန်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ဒီအစီအစဉ်ကြောင့် မလေးရှား အစိုးရဟာ ဒေသတွင်းမှာ ရက်စက်ကြမ်းကြုတ်ပြီး၊ ဒီမိုကရေစီ မရှိတဲ့ မြန်မာ အစိုးရကို ပိုမို အသိအမှတ်ပြုရာ ရောက်ကြောင်း ဆွာရမ် အဖွဲ့က ထောက်ပြပါတယ်။
မလေးရှားနိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည် မှတ်ပုံတင်နဲ့ နေထိုင်သူ ၈ သောင်း ၇ ထောင်ကျော် အပါအ၀င် မြန်မာနိုင်ငံသား စုစုပေါင်း ၃ သိန်း ၄ သောင်းလောက်ရှိပါတယ်။

မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို လူဝင်မှုရဲများက ဖမ်းဆီးထားစဉ်။(AFP)

ဒေါ်စု အမျိုးသမီးသတ္တိရှင် Oxi Day ဆု ချီးမြှင့်ခံရ ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်ဒီစီအခြေစိုက် Oxi Day အဖွဲ့ကြီး ကနေပြီးတော့ ပထမဦးဆုံး Oxi Day Crete တိုက်ပွဲဆု ချီးမြှင့်လိုက်ပါတယ်။ ဒုတိယက မ္ဘာစစ်အတွင်းကဟစ်တ လာနဲ့ မူဆိုလိုနီတို့လို အင်အားကြီးတဲ့ အာဏာရှင်တွေကို ဂရိနိုင်ငံငယ် ကလေး က No လို့ အဓိပ္ဗာယ်ရတဲ့ Oxi ဆိုတဲ့ ဝေါဟာရကို သုံးပြီးတော့ အာခံခဲ့ကြတာမှာ အမျိုးသမီးတွေ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို ဒီဆုက ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာ့ဒီမိုကရေစီရရှိရေးနဲ့ လွတ်လပ်မှုအတွက် သတ္တိရှင် အမျိုးသမီးတဦး အနေနဲ့ အခုလို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနဲ့ အီတလီ ၀င်ရိုးစွန်းတပ်တွေကို တွန်းလှန်ရာမှာ ဂရိနိုင်ငံ၊ ခရိကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ခရိတိုက်ပွဲမှာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် သတ္တိ ပြောင်မြောက်စွာ တွန်းလှန်နိုင်ကြသူတွေအဖြစ်နဲ့ မှတ်တမ်းအတင်ခံခဲ့ကြရပါတယ်။

ဒီလို သတ္တိပြောင်မြောက်သူတွေကို မှတ်တမ်းတင်နိုင်ဖို့အတွက် ၀ါရှင်တန်အခြေစိုက်၊ Oxi Day အဖွဲ့ကြီးက Oxi Day Crete တိုက်ပွဲဆု ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပထမဦးဆုံးအဖြစ်နဲ့ ဒေါ်အောင် ဆန်းစု ကြည်ကို ပေးအပ် ဖို့ ရွေးချယ် လိုက်တယ်လို့ Oxi Day အဖွဲ့ ဥက္ကဋ္ဌ အဲန်ဒရူး၊ မွန်နားတို့စ်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။
“သူ့ကို ကျနော်တို့ သိပ်ကို လေးစားမြတ်နိုးသလို သူဟာ အားကျ အတုယူစရာတယောက်ပါ။ မြန်မာနိုင်ငံအ တွက်သာ မကပါဘူး။ တကမ္ဘာလုံးအတွက်ပါ အားကျစေတဲ့ စံနမူနာပါ။ ဒုတိယကမ္ဘာစစ်ကြီးမှာ ၀င်ရိုးစွန်းနာဇီအာဏာရှင်ကို ဂရိနိုင်ငံက တွန်းလှန်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် မီးရှူးတန်ဆောင်ကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ခေတ် ဒီမိုကရေစီနဲ့လွတ်လပ်မှု မီးရှူးတန်ဆောင် ဆောင်ကျဉ်းနေသူအဖြစ် ကမ္ဘာတ၀ှမ်းက  သတ်မှတ်ကြပါတယ်။

သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ သတ္တိပြောင်မြောက်မှုအတွက် မှတ်တမ်းတင်နိုင်ဖို့ အခုလို ဂုဏ်ပြုဆု ချီးမြှင့်လိုက်တာပါ”လွန်ခဲ့တဲ့ ၂၁ နှစ်တာ ကာလအတွင်း ၁၅ နှစ်တာ အဖမ်းဆီးခံခဲ့ရတဲ့ကြားကပဲ ဒေါ်အောင် ဆန်း စုကြည်ဟာ မြန်မာနိုင်ငံသား ၅၅ သန်းအတွက် အင်အားတရပ် ဖြစ်နေ သလို မျှော်လင့်ချက် အထိမ်းအမှတ်လည်းဖြစ်ခဲ့သူပါ။ 

ဒါ့အပြင် လွတ်လပ်မှုအတွက် ရဲရဲဝံ့ဝံ့တွန်းလှန်သူအဖြစ်နဲ့ တကမ္ဘာလုံးက လေးစားမြတ်နိုးတဲ့ ဒေါ်အောင် ဆန်းစုကြည်ကို ဒီဆုပေးအပ်ဖို့ အရင်အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် နန်စီ ပလိုစီး (Nancy Pelosi) က နာမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဂရိ-အမေရိကန် အဖွဲ့ကြီးဖြစ်တဲ့ Oxi Day အဖွဲ့ဟာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကျင်းပဖို့ရှိပြီး ဒီနှစ်အတွက် အထိမ်းအမှတ်မှာတော့ ဆု ၂ ခုပေးဖို့ ရှိပါတယ်။ အမျိုးသားအတွက် Oxi Day ဆုကို မကြာသေးခင်ကမှ အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို စတင်ခဲ့တဲ့ တူနီးရှားနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ Jamel Bettaieb ကို ပေးအပ်မှာဖြစ်ပြီး အမျိုးသမီးအတွက် ပထမဆုံး Oxi Day ခရိ စစ်ပွဲဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မှာဖြစ်ပါတယ်။

“အမျိုးသမီးတွေ အတွက် ပေးတဲ့ ဆုကတော့ Battle of Crete ဆုပါ။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက ဂရိနိုင်ငံ ခရိကျွန်းမှာ နာဇီ ဂျာမဏီတပ်တွေရဲ့ ရန်ကို တွန်းလှန်ခဲ့တုန်းက အမျိုးသမီးထုက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေကို ဦးဆောင်ပြီး ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ခဲ့တာကို ရည်ရွယ်ပြီး ပေးတာပါ။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ရဖို့ အင်အားကြီးတဲ့ သူကို အံတုဝံ့တဲ့ သတ္တိရှိသူကို ကမ္ဘာတ၀ှမ်း လိုက်ရှာတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ အဖွဲ့က တွေ့ပါတယ်”

လေထီးနဲ့ ဆင်းပြီး ခရိကျွန်းကို သိမ်းပိုက်ဖို့ ကြိုးစားတဲ့ နာဇီတပ်သား အသေအပျောက် အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရတဲ့ ခရိတိုက်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ အမျိုးသမီးတွေကို ရောမပုံပြင်ထဲက ဘီလူးကြီး ဂိုလိုင်းရတ် (Goliath) ကို လောက်လေးဂွနဲ့ တွန်းလှန်ခဲ့တဲ့ ဒေးဗစ် ရဲ့ ရဲစွမ်းသတ္တိ ရှိသူလို့ တင်စားကြပါတယ်။ ဒီလို အစွမ်းသတ္တိရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာလ ၂၇ ရက်နေ့ ၀ါရှင်တန် ဒီစီမှာ ကျင်းပမယ့် Oxi Day နှစ်ပတ်လည် အခမ်းအနားမှာ ဆုပေးဖို့ စီစဉ်ထားပါတယ်။

ဒီဆုကို အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign အဖွဲ့ တာဝန်ခံ ဦးအောင်ဒင်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံရယူမှာဖြစ်ပြီး  ဒေါ်အောင်ဆန်းစုကြည်က ဒီအခမ်းအနားအတွက် ဗီဒီယိုမိန့်ခွန်း ပေးပို့ဖို့ ရှိတယ်လို့လည်း Oxi Day အဖွဲ့က ပြောပါတယ်။

မြစ်ဆုံ အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်ဟု ကချင် ကွန်ယက်အဖွဲ့ ပြောပြီ။

မြစ်ဆုံစီမံကိန်း၏ လုပ်ငန်းခွင်တွင် အခြေခံဆက် သွယ်ရေးလုပ်ငန်းများ ဆက်လက် ရှိနေခြင်းသည် အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်ကြောင်း ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(KDNG) က  ပြောကြား လိုက်သည်။
-

-
မြန်မာအစိုးရက မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားသည်ဟု ပြောသော်လည်း လတ်တလော ဆည်တည် ဆောက်ရေး အမှတ်(၇) နေရာ တောင်ဘက်ပိုင်းတွင် မြေလေ့လာ တိုင်းထွာခြင်းများဆက် လက် လုပ်ဆောင် နေသည်ဟု KDNG ၏ ပြောခွင့်ရ အားနန် က ပြောသည်။

၎င်းက “လုပ်ငန်းခွင်မှာ လုပ်ဆောင်မှု ဆက်ရှိနေတာကိုကြည့်ရင် ဆိုင်းငံ့တယ်ဆိုတာ မယုံဘူး။ တကယ် တမ်း မြစ်ဆုံရေကာ တာ တည်ဆောက်ရေးကို ဆိုင်းငံ့ထားတယ်ဆိုရင် တရုတ်ကုမ္ပဏီဘက်ကလည်း တရားဝင် ကြေညာချက် ထုတ်ပြန်မှသာ ကျမတို့ ယုံမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြစ်ဆုံစီမံကိန်းအတွက် အထောက်အကူပြုစေသည့် ဘူဒိုဇာ(မြေတူးကား)၊ ကုန်တင်ကား၊ ဘိလပ်မြေကြိတ်စက်နှင့် တရုတ်အလုပ်သမားအချို့တို့ ဆက်လက် တည်ရှိပြီးလုံခြုံရေးတင်းကြပ်မှုများ လည်း ယခင် အနေအထားအတိုင်း ဖြစ်သည်ဟု KDNG က ပြောသည်။

တဆက်တည်း၌ပင် မြစ်ဆုံဆည် ဆောက်လုပ်ရေးနေရာတွင် ရွှေတူးဖော်ရေး လုပ်ငန်းကိုလည်း တရုတ် ကုမ္ပဏီဘက်က ဆက် လက် လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။ ၎င်းအပြင် စီမံကိန်းရပ်တန့်မည့် အရိပ်အယောင် မတွေ့ရသဖြင့် မြစ်ဆုံဒေသရှိ ကချင်ရွာသူရွာသားများ၏ အနာဂတ်အတွက် မသေချာ မရေရာမှုနှင့် စိုးရိမ်ကြောက်လန့်မှုများမှာ ရှိနေဆဲဖြစ်သည်ဟုလည်း KDNG ၏ ကြေညာချက် တွင် ဖော်ပြထားသည်။

“မြစ်ဆုံဆည် ဆိုင်းငံ့တာနဲ့ ပတ်သက်ပြီး သမ္မတပြောခဲ့တဲ့အပေါ် ကျနော်တို့ ယုံကြည်မှုမ ရှိ ဘူး။ ဆောက် လုပ် ရေးနယ်မြေမှာ အလုပ်သမားတွေ၊ ဆည်ဆောက်လုပ်မယ့် စက်ကိရိယာတွေကို ကျနော်တို့ အခုထိ တွေ့ နေရတုန်းပဲ။”ဟု ဒေသခံ ကချင်ရွာ သားတဦးက ကြေညာချက်တွင် ပြောဆိုထားသည်။

အားနန်က မြစ်ဆုံရေကာတာ စီမံကိန်းဆည် ၇ခုလုံးသည် မြစ်ကြောင်းကို အမှီပြုနေကြ သည့်ပြည် သူသန်း ပေါင်းများကို ထိ ခိုက်စေသည့်အတွက် တရားဝင် ရပ်တန့်မှုရှိသည်အထိ ဆက်လက် ကြိုးပမ်းသွား မည်ဟု ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် မိုးရာသီကုန်လျှင် စီမံကိန်းကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံ မှု ကော်ပိုရေးရှင်း(CPI) ၀န်ထမ်းတဦးကို ကိုးကား၍ KDNG ၏  ကြေညာချက် တွင် ဖော်ပြ ပါရှိသည်။

မြစ်ဆုံရေကာ တည်ဆောက်ရေးစီမံကိန်းကို ၂၀၀၅ခုနှစ်တွင် မြန်မာနှင့် တရုတ်အစိုးရတို့ကသဘောတူညီ မှုရရှိပြီး လျှပ်စစ်စွမ်း အား စုစုပေါင်း ၁၃,၃၆၀မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်။ မြစ်ဆုံရေကာတာစီမံကိန်း အတွက် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာဘီလျံ ၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ရင်းနှီးမှု အကြီးမားဆုံး စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

Tuesday, October 18, 2011

“ကျင့်တဲ့တရားပဲ အရေးကြီးတယ်” ဟု မင်းကိုနိုင် မွေးနေ့ အမှာစကားပြော။

“လူဆိုတာ ရောက်တဲ့နေရာ အရေးမကြီးဘူး၊ ကျင့်တဲ့ တရားပဲ အရေးကြီးတယ်” ဟူ၍ ကျိုင်းတုံထောင်တွင်း ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က မွေးနေ့ အမှာစကား အဖြစ် ပြောဆိုလိုက်သည်။

အင်္ဂါနေ့တွင် ကျရောက်သည့် အသက် ၄၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အင်းစိန်မြို့နယ် သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ရာ ယင်းကဲ့သို့  ထောင်တွင်းမှ အမှာစကားပေး ပို့ ပြော ဆိုခဲ့ခြင်း ဖြစ်သည်။ 

“သူက အမှတ်တရနေနဲ့ ရေးပေးလိုက်တာပေါ့နော်။ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာက အရေးမကြီးဘူးပေါ့နော်။ ကိုယ့်ရဲ့ကျင့်ကြံမှု၊ ကိုယ့်ရဲ့ နေထိုင်မှု ဒါကို ရည်ညွန်းချင်တယ်လို့ ကျမ ထင်တာပေါ့နော်” ဟု ညီမဖြစ်သူ မမီမီလွင်က မဇ္ဈိမကို ပြောသည်။ 


အကျဉ်းကျနေသည့် မွေးနေ့ရှင် ကိုယ်စား ကိုမင်းကိုနိုင်၏ မိသားစုဝင်များက မွေးနေ့ ဆုတောင်း ရွတ်ဆိုနေသည်ကို သမိုင်းမြို့မကျောင်းတွင် တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ကိုမင်းကိုနိုင်မှာ ၂ဝဝ၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုဖြင့် ယင်းနှစ် သြဂုတ်လ ၂၁ ရက်နေ့က ဖမ်းဆီးခံရကာ ထောင်ကျခံနေရခြင်း ဖြစ်ပြီး မကြာသေးခင်က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်တွင်လည်း လစ်လျူရှု ခံထားရသူတဦး ဖြစ်သည်။ 

နံနက် ၈ နာရီမှစတင်ခဲ့သည့် မွေးနေ့ပွဲသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် မကြာမီက ပြန်လည် လွတ်မြောက်လာသည့် လူရွှင်တော် ဇာဂနာနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးတို့လည်း တက်ရောက်ခဲ့သည်။  ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် သံရုံးမှ သံအမတ်များလည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်များ၊ ရွေးကောက်ပွဲဝင် ပါတီများ၊ မျိုးဆက်သစ်လူငယ်များ စုစုပေါင်း  လူဦးရေ ၂၀၀၀ ခန့် တက်ရောက်ခဲ့သည်။ 

“အမြဲတမ်း ဒီလိုမျိုး မွေးနေ့ရှင် မပါဘဲနဲ့ ကျင်းပနေရတဲ့ မွေးနေ့ပေါင်းများစွာ အတွက်တော့ ကျမတို့စိတ်ထဲမှာ ခံစားမှု ကတော့ ပြောမပြတတ်အောင် ဖြစ်နေရတာပေါ့ရှင်။ လာမယ့်နှစ်မှာတော့ သူနဲ့အတူတူ ကျင်းပချင်တာပေါ့နော်။ ဒါပေမဲ့ နှစ်တိုင်း နှစ်တိုင်းတော့ မျှော်ကြတာပေါ့။ မရှိတော့လဲ မရှိသလို ကျင်းပနေရတာပါပဲရှင်” ဟု မမီမီလွင်က ဆိုသည်။

“ကိုယ်တကိုယ်တည်း အတွက် လုပ်တဲ့ပွဲ မဖြစ်စေချင်ဘူး၊ အားလုံးအတွက် အမှတ်တရ ဖြစ်စေချင်တယ်” ဟုလည်း ကိုမင်းကိုနိုင်က မွေးနေ့စကားလက်ဆောင် ပါးလိုက်သေးကြောင်း သိရသည်။ 

ကိုမင်းကိုနိုင်မှာ ၁၉၈၈ လူထု အရေးတော်ပုံတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ - ဗကသ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရကာ ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ် မတ်လအတွင်း ဖမ်းဆီးခံရကာ ၂၀၀၄ ခုနှစ်တွင်ပြန် လည် လွတ်မြောက် လာခဲ့သည်။ 

ယင်းနောက် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထပ်မံ ထိန်းသိမ်းခံရကာ ၂ဝဝ၇ ခုနှစ် ဇန်နဝါရီ တွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီး လောင်စာဆီဈေးနှုန်း ကျဆင်းရေးလှုပ်ရှားမှုကြောင့် ထပ်မံ အဖမ်းခံ ခဲ့ရခြင်း ဖြစ်သည်။ 

အကျဉ်းကျခံ ကျောင်းသားခေါင်းဆောင်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မိုးပျံပူပေါင်းနှင့် ချိုးငှက်များလွှတ်ကာ အကျဉ်းသားအားလုံး လွတ်မြောက်လာရေးအတွက် ဆုတောင်းခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ စွယ်စုံအနုပညာရှင် ကိုဇာဂနာနှင့် ၈၈ မျိုးဆက်ကျောင်းသူ မဖြိုးဖြိုးအောင်တို့က အမှတ်တရ စကားများ ပြောကြား ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြုကြောင်းနှင့် “အဂတိ လေးပါးကနေ ကင်းလွတ်ပြီးတော့မှ လုပ်ဆောင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ် မယ်”ဟု ပြော ဆိုခဲ့ကြောင်း မွေးနေ့ပွဲ ဖြစ်မြောက်ရေး တာဝန်ခံ ၈၈ မျိုးဆက်ကျောင်းသား ကိုမြတ်သူက ပြောသည်။ 

ယင်းအပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၏ မိသားစုများက မကြာခင်က လွတ်မြောက်လာပြီး မွေးနေ့ပွဲ တက်ရောက်လာသူ နိုင်ငံရေးအကျဉ်းသား ၁ဝဝ ကျော်ကိုလည်း တယောက်လျှင် ၅,ဝဝဝ နှုန်း ဖြင့် ကူညီပေးခဲ့သည်။ ပွဲတွင် မွေးနေ့ဂုဏ်ပြု တေးသီချင်းသီဆိုခြင်းနှင့် ကဗျာရွတ်ပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပခဲ့သည်။ 

“အကျဉ်းထောင်တွေကို စာကြည့်တိုက် သဘောမျိုး လုပ်ဖို့ အတွက်ပေါ့နော်။ စာအုပ်တိုက် ၄၂ တိုက်ကနေပြီးတော့မှ လှူဒါန်းထားတဲ့ စာအုပ်တွေကို ထောင် ၄၂ ထောင်ကို ခွဲပြီးတော့မှ လှူဒါန်းပေးတဲ့ အစီအစဉ်လဲ ပါတယ်” ဟု ကိုမြတ်သူက ပြောသည်။ ယင်းစာအုပ်များမှာ တန်ဖိုးအားဖြင့် ၂၇ သိန်းကျော်ဖိုး ရှိသည်။ 

မွေးနေ့ပွဲတွင် ကိုမင်းကိုနိုင် ပုံတူ ပန်းချီကား ၂၀ ကျော်ကိုလည်း ပြသခဲ့ပြီး ပွဲပြီးချိန်တွင် ပွဲတက်ရောက် သူများ ယူဆောင်သွားမှုကြောင့် သုံးချပ်သာ ပြန်ရလိုက်သည်ဟု သိရသည်။ 

“အပြန်မှာ အဲဒီပန်ချီကား သုံးချပ်ပဲ ပြန်ရတော့တယ်။ ယူသွားကြတဲ့သူတွေက ကိုမင်းကိုနိုင်ကို ချစ်လို့ပါ ဆိုပြီးတော့ တောင်းယူသွားကြတာ။ ကျနော့်ကိုတော့ မဟုတ်ဘူး။ နီးစပ်ရာ တောင်းယူသွားကြတာပေါ့။ ကျနော် အတော်နှမြော တယ်ဗျာ” ဟု ပန်းချီဆွဲထားသူ ကိုမျိုးရန်နောင်သိန်းက ပြန်ပြောပြသည်။ 

၂ဝဝ၇ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်းခဲ့သည့် ဗကသများ အဖွဲ့ချုပ်မှလည်း မွေးနေ့ပွဲသို့  မွေးနေ့သဝဏ် လွှာ ပေးပို့ခဲ့ကာ “ယနေ့အချိန်ထိ ရှင်သန်လှုပ်ရှားနေသော ဗကသများ အဖွဲ့ချုပ်၏ သမိုင်းတခေ တ်ကို ပြန် လည် ဖွင့်လှစ်ပေးခဲ့သည့် ကိုမင်းကိုနိုင်အား မိမိတို့ ကျောင်း သူ၊ ကျောင်းသားများက လေးလေးနက်နက် ဂုဏ်ပြု ဦးညွတ်ပါသည်” ဟု သဝဏ်လွှာတွင် ပါရှိသည်။ 

အလားတူ မွေးနေ့ အထိမ်းအမှတ်ပွဲများကို ရန်ကုန်တွင် သာမက ကချင်နှင့် ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ချောက်နှင့် ရေနံချောင်းမြို့နယ် တို့တွင်လည်း NLD ကွန်ယက် အဖွဲ့ဝင်များက ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။  

“ကျနော်တို့ ကြားတဲ့ သတင်းအရ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှုက သုံးကြိမ် ရှိမယ်ပေါ့။ ပထမဦးဆုံး အကြိမ် လွတ်မြောက်မှုမှာ ကိုမင်းကိုနိုင် ပါမလာဘူး၊ ကိုဇာဂနာတို့ ပါလာတယ်။ ကိုမင်းကိုနိုင် တို့ကိုတော့ နောက်ဆုံးအကြိမ်မှာ ပါလာမယ်လို့ ကျနော်ကြားထားတာ ရှိတယ်။ ဆိုတော့ လွတ်စေချင်တာပေါ့ဗျာ” ဟု ၈၈ မျိုးဆက် ကျောင်းသားတဦး ဖြစ်သူ ကိုမျိုးရန်နောင်သိန်းက ဆိုသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ဒီမိုကရေစီ အင်အားစုများ ကလည်း ကိုမင်းကိုနိုင် မွေးနေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် အခွင့်အရေးများ ဆိုင်ရာအဖွဲ့ (WRWAB) ရုံး၌  ပြုလုပ်ရာတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် ဘာသာစုံ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ဇာဂနာ Facebook အသုံးပြု။

လူမှုကွန်ယက် အင်တာနက် စာမျက်နှာ ဖြစ်သည့် Facebook တွင် စွယ်စုံရ အနုပညာရှင်ကိုဇာဂနာက  “ဇာဂနာ” အမည်ဖြင့် စာမျက်နှာ ဖွင့်လိုက်ပြီ ဖြစ်သည်။

ယင်း Face Book စာမျက်နှာကို ယခုအပတ် အောက်တိုဘာ ၁၅ ရက်နေ့က စတင် ဖွင့်ခြင်း ဖြစ်ကာ ယခုအချိန်အထိ “မင်းကိုနိုင် မွေးနေ့ဆီသို့ ထွက်သွားပါသည်” နှင့် “ဘားကုတ် (Barcode) ပါ ပါတယ်” နှင့် ဟူ၍ ပို့စ်နှစ်ခုကိုသာ တင်ထားရသေးသည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့မှု ဓာတ်ပုံကိုလည်း တင်ထားသည်။

ထောင်တွင်း အကျဉ်းကျနေစဉ်အတွင်း Facebook နှင့် ပတ်သက်၍ ရိုက်ကူးထားသည့် Social Network ဇာတ်ကား ကြည့်စဉ်ကပင် စိတ်ဝင်စားခဲ့ကြောင်းနှင့်အသုံးပြုပုံကိုလည်း လေ့လာ မည်ဖြစ်ကြောင်း အောက် တိုဘာလ ၁၅ ရက်နေ့ မဇ္ဈိမနှင့် လူတွေ့ မေးမြန်းခန်းတွင် ကိုဇာဂနာက ပြောဆိုခဲ့သေးသည်။

အောက်တိုဘာလ ၁၈ ရက်နေ့အထိ ကိုဇာဂနာ၏ Facebook စာမျက်နှာတွင် Like လုပ်ထားသူပေါင်း ၇၀၀ ခန့် ရှိနေပြီ ဖြစ်သည်။ Like လုပ်သည် ဆိုသည်မှာ ကိုဇာဂနာ စာမျက်နှာတွင် မည်သည့် အကြောင်းအရာ တင်သည်ဖြစ်စေ အလိုအလျောက် မိမိထံ အကြောင်းကြားစေရန် ပြုလုပ်ခြင်း ဖြစ်သည်။

နေပြည်တော် စီမံကိန်းကုန်ကျမှု အစိုးရဘတ်ဂျက်တွင် မဖော်ပြ။

ယခုနှစ် ဇူလိုင်လမှစ၍ တည်ဆောက်ရေး လုပ်ငန်းများ ရပ်နားထားရသည့် နေပြည်တော် အထူးခရိုင် တည်ဆောက်ရေး လုပ်ငန်းများအတွက် ကုန်ကျငွေသည် အစိုးရ၏ ဘဏ္ဍာငွေစာရင်းတွင် မပါဝင်ဟု နေပြည်တော်တွင် အင်္ဂါနေ့က ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အဆင့်မြင့်ပညာ ဦးစီးဌာန ဘဏ္ဍာရေးမှူးချုပ် (ငြိမ်း) ဦးကြည်ယုံမှ ပြောကြားသွားသည်ဟု ဆွေးနွေးပွဲတက် လွှတ်တော် အမတ်များက ဆိုသည်။

ဘဏ္ဍာရေး အခွန်ဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေး နှစ်အတွက် အစိုးရတရပ်၏ ဘဏ္ဍာရေး လည်ပတ်မှု ပုံစံကို ဦးကြည်ယုံမှ လွှတ်တော်အမတ်များကို ရှင်းလင်း တင်ပြရာတွင် ဗဟို အစိုးရ၏ ငွေလုံး ငွေရင်း အသုံးစရိတ်များ ခေါင်းစဉ်အောက်တွင် လုပ်ငန်း ဆောင်ရွက်ခြင်း အသုံးစရိတ်၊ ဆောက်ရွက်ဆဲ စီမံကိန်းများ အသုံးစရိတ်၊ စီမံကိန်း အသစ်များ အသုံးစရိတ်တို့ ပါရှိသည်။

သို့သော် မှတ်ချက်အနေဖြင့် နေပြည်တော် တည်ဆောက်ရေး စီမံကိန်းများသည် ပြည်ထောင်စု အစိုးရ၏ ဘဏ္ဍာရေး စာရင်းတွင် မပါဝင်ဝင်ဟု ဦးကြည်ယုံ၏ ကွန်ပျူတာ ပါဝါပွိုင့်ဖြင့် ရှင်းပြသည့် ရှင်းလင်းချက်တွင် ပါရှိသည်ဟု လွှတ်တော် အမတ်များက ဆိုသည်။

နေပြည်တော် စီမံကိန်း တည်ဆောက်မှုနှင့် ပတ်သက်၍ ဦးကြည်ယုံမှ နှုတ်ဖြင့် ဆက်လက် ရှင်းပြရာတွင် “ပါးစပ်နဲ့က ဘယ်လိုပြောသွားလဲ ဆိုတော့ သူ့ဟာသူ ရပ်တည်တယ်လို့ ပြောသွားတယ်။” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

စီမံကိန်းနှင့် ပတ်သက်၍ တည်ဆောက်မှု ကုန်ကျစရိတ်၊ မည်သည့် ဝန်ကြီးဌာနမှ ဘဏ္ဍာငွေ ထုတ်ပေးသည် စသည် တို့ကို မေးမြန်းမည့်သူ မရှိဟု သိရသည်။ အကြောင်းမှာ အစိုးရ၏ ဘဏ္ဍာရေးစနစ် လည်ပတ်မှုကို လာရောက် ရှင်းလင်းသူမှာ အစိုးရ အဖွဲ့ဝင် မဟုတ်ခြင်းကြောင့်ဟု လွှတ်တော်အမတ်များက ဆိုသည်။

“မေးမယ့်သူ ရှိပါသေးလား ခင်ဗျာဆိုတော့ ဘယ်သူမှလည်း မရှိဘူး။ ဖြေမယ့်လူကလည်း အငြိမ်းစား၊ မေးလည်း အဖြေရမှာ မဟုတ်ဘူး။” ဟု ဦးခိုင်မောင်ရည်က ဆိုသည်။

၂ဝဝ၅ ခုနှစ် နိုဝင်ဘာလတွင် အစိုးရဟောင်းမှ မန္တလေးတိုင်း အတွင်းရှိ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် တို့ကို နေပြည်တော် အထူးခရိုင်များ အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် ပြောင်းလဲခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ်မှ စတင်ခဲ့သည့် အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများသည် ယခုနှစ် ဇူလိုင်လအတွင်းမှ စတင်ကာ ရပ်နား ထားရသည်။

ဦးကြည်ယုံ ရှင်းလင်းတင်ပြသည့် အစိုးရ၏ သာမန်အသုံးစရိတ်တွင် ထုတ်လုပ်မှုအသုံးစရိတ်၊ စီမံခန့်ခွဲမှု အသုံးစရိတ်၊ ရောင်းချ ဖြန့်ဖြူးမှုအသုံးစရိတ်၊ သုတေသနပြုခြင်း အသုံးစရိတ်၊ ပြည်ပတင်ပို့မှု အသုံးစရိတ်၊ ထောက်ပံ့ငွေများ အသုံးစရိတ်တို့ ပါဝင်သည်ဟုလည်း လွှတ်တော်အမတ်များကပြောသည်။

လွှတ်တော်အမတ်များမှ အစိုးရ၏ ဘဏ္ဍာရေး အသုံးစရိတ်များကို လာမည့် လွှတ်တော်များ အတွင်း ဆွေးနွေးနိုင်ရန် ရည်ရွယ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲများကို စီးပွားရေး တက္ကသိုလ်များမှ အငြိမ်းစား ပါမောက္ခများက နေပြည်တော် လွှတ်တော် အဆောက်အအုံ၊ သဘင်ခန်းမဆောင်တွင် သောကြာနေ့ အထိ ရှင်းလင်း ဟောပြောမည် ဖြစ်သည်။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဆွေးနွေးပွဲများကို အင်္ဂါနေ့မှ သောကြာနေ့အထိ နံနက် ၁ဝ နာရီမှ နေ့လည် ၁၂ နာရီအထိသာ ကျင်းပမည်ဖြစ်ပြီး မွန်းလွဲ တနာရီမှ ညနေ ငါးနာရီအထိ အဆိုပါ ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲများသို့ လွှတ်တော်အမတ်များ တက်ရောက်ရမည် ဖြစ်သည်။

ရပ်ရွာ အုပ်ချုပ်ရေးမှူးများကို အောက်ခြေအဆင့်ဆင့်မှ ရွေးချယ်မည်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဗဟိုမှ တိုက်ရိုက်ရွေးချယ်မည် မဟုတ်တော့ဘဲ အောင်ခြေ အဆင့်ဆင့်က ရွေးချယ် တင်မြှောက်ရတော့မည်ဟု သိရသည်။

ယမန်နေ့က ကျင်းပခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ထည့်သွင်း၊ အတည်ပြုသင့်သည့် အချက်များကို ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

အမျိုးသားလွှတ်တော်၌ မနေ့က ဆွေးနွေး ဖြည့်စွက်ကြရာတွင် ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ခြေ ၅၀ ရာခိုင်နှုန်းကျော်၏ ဆန္ဒဖြင့် တင်မြှောက်လိုသူ ရှိလျှင် တင်မြှောက်နိုင်ကြောင်း ၎င်းတို့ ရွေးချယ်တင်မြှောက်ထာသော အုပ်ချုပ်ရေးမှူးအား အယုံ အကြည် မရှိ၍ ဖယ်ရှားပေးရန် တင်ပြလျှင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပယ်ဖျက်ပေးရမည်ဖြစ်ကြောင်း စာပုဒ်တချို့် ဖြည့်စွက်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ကျေးရွာ၊ ရပ်ကွက် တချို့၌ လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု စသည့် ဒုစရိုက်မှုများ ရှိနေတတ်သည့်အတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးအနေဖြင့် အရေးကြုံလာပါလျှင် ရှာဖွေနိုင်ရမည်၊ ဖမ်းဝရမ်း ထုတ်နိုင်ရမည် စသည့် အခွင့်အာဏာ တချို့ကို ဥပဒေကြမ်း၌ ထည့်သွင်း ပေးထားကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဝါရှင်တန်အခြေစိုက် RFA အသံလွှင့်ဌာနကို ပြောဆိုခဲ့သည်။

“ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်းရေး ကိစ္စဟာ အခြေခံ အကျဆုံး ဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ ဒီ ဥပဒေ မတိုင်ခင်ကဆိုရင် တချို့ ပါတီတွေနဲ့ နီးစပ်သူတွေ၊ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကိုပဲ ခန့်ထားခဲ့ကြတာတွေ ရှိတယ်။ အခု ဆွေးနွေးကြတဲ့ အထဲမှာ အုပ်ချုပ်ရေးမှူး တဦးရဲ့ အရည်အချင်း၊ လုပ်ပိုင်ခွင့်တွေ ပေးထားပေမယ့် အာဏာ အလွဲသုံးစား မလုပ်နိုင်အောင် ထိန်းညှိပေးထားတာတွေလည်း ပါတယ်” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

အုပ်ချုပ်ရေးမှူးတို့၏ သက်တမ်းအား ကန့်သတ်ထားပြီး တာဝန်များ၊ လုပ်ပိုင်ခွင့်များ ကျော်လွန်ကာ အာဏာ အလွဲသုံးစား ပြုလုပ်ပါက ဥပဒေအရ အရေးယူနိုင်ရေးကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း၊ ထိုဥပဒေကြမ်းအား အမျိုးသား လွှတ်တော်၌ ဆွေးနွေး အတည်ပြုပြီးပါက ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ယူရဦးမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ် ခန့်အပ်ရာတွင် သက်ဆိုင်ရာ ဒေသခံ ပြည်သူလူထု၏ ဆန္ဒအတိုင်း မဲပေးရွေးချယ်ခန့်ထားရေး အဆိုကို တင်သွင်းခဲ့ရာ ပြည်ထဲရေး ၀န်ကြီး ဒု – ဗိုလ်ချုပ်ကြီး ကိုကိုက ပယ်ချခဲ့သည်။

ပြည်သူ့လွှတ်တော်၌ ဆွေးနွေးခဲ့သော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး ဆိုင်ရာဥပဒေကြမ်း၌ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူးများ အထဲမှ တဦးအား မဲပေးကာ သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က ရွေးချယ်ခန့်ထားမည်ဟု ပါရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အပုဒ် (၂၈၉) ၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရွေးချယ် ခန့်အပ်ရာတွင် ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိ ရှိသည့် ပုဂ္ဂိုလ် တဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်ရမည်ဟု ပါရှိပြီး ပါတီနိုင်ငံရေး ကင်းရှင်းသူ ဖြစ်ရမည် ဟုလည်း ဆိုထားသည်။

သို့သော် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူချိန်က ခန့်အပ်တာဝန်ပေးထားသော အုပ်ချုပ်ရေးမှူး အများစုသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များသာ ဖြစ်ကြောင်း သိရပြီး ထိုကိစ္စသည် အများပြည်သူအကြား အငြင်းပွားနေဆဲ ဖြစ်သည်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်အား ဒေသခံများ ကိုယ်တိုင် ရွေးချယ်ခွင့်၊ ပယ်ဖျက်ပိုင်ခွင့် အပြည့်အ၀ ရမှသာ ပြည်သူများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း၊ ဥပဒေ ပြဌာန်းပြီး ထိုဥပဒေ အတိုင်း ဆောင်ရွက်ရန်၊ လေးစားလိုက်နာရန်  အရေးကြီးကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဆိုသည်။

မွန်ပြည်နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးဖြစ်ရန် မြို့နယ်အာဏာပိုင်များထံ ကျပ်သိန်း ဆယ်ဂဏန်းချီ ပေးရသော်လည်း လုပ်ဆောင်လိုသူ များပြားကြောင်း သိရသည်။

“ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တယောက်ရဲ့ ၀င်ငွေက လစဉ် သိန်းနဲ့ချီ ၀င်နေတော့ လုပ်ချင်သူတွေများတယ်။ လက်ရှိမှာတော့ အာဏာ အလွဲသုံးစား မလုပ်တဲ့ အုပ်ချုပ်ရေးမှူး မရှိသလောက်ပါပဲ” ဟု နိုင်ငွေသိန်းက ဆိုသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် မြို့နယ် အဆင့် အာဏာပိုင်များနှင့် ပူးပေါင်းကာ လယ်ယာမြေ အဓမ္မ သိမ်းယူခြင်း၊ အခွန်အခများ မတရား ကောက်ခံခြင်း တို့အပြင် လောင်းကစားဝိုင်းများ၊ ပြည့်တန်ဆာ လုပ်ငန်းများကို အခကြေးငွေယူကာ ၎င်းတို့နှင့်နီးစပ်သူ များအား လုပ်ပိုင်ခွင့်ပေးထားကြောင်း ဒေသခံ တချို့ကတိုင်ကြား သော်လည်း အရေးယူမှု မရှိဟု ထားဝယ် ဒေသခံတဦးက ပြောသည်။

“ပြည့်တန်ဆာ လုပ်ငန်းက အရင်တုန်းက ကော့သောင်းမြို့ပေါ်မှာ များတာ။ အခုဆို ထားဝယ်မှာလည်း ကျယ်ပြန့်လာနေပြီ။ အာဏာပိုင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတော့ တိုင်ပေမယ့်လည်း အရေးယူမယ့်လူမရှိဘူး” ဟု ၎င်းက ဧရာဝတီကို ပြောသည်။

ရခိုင်ပြည်နယ် အတွင်းရှိ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အများစုမှာလည်း အာဏာအလွဲသုံးစား လုပ်ကာ အခွန်ကောက် ခံခြင်း၊ အစိုးရ၏ ချေးငွေများကို ခေါင်းပုံဖြတ်တောက် ခြင်းများ လုပ်ဆောင်နေကြဆဲ ဖြစ်ကြောင်း ရခိုင်ဒေသခံများ ထံမှ သိရသည်။

Monday, October 17, 2011

အိန္ဒိယ-မြန်မာ အပြန်အလှန် ငြင်းချက်ထုတ်။

အိန္ဒိယ ဆန့်ကျင်ရေး သူပုန်များ တည်နေရာအား ဂြိုလ်တုမြေပုံ ပေးပါက တိုက်ပေးနိုင် မည်ဖြစ်ကြောင်း မြန်မာဘက်က ပြောကြားလိုက်သကဲ့သို့ အိန္ဒိယဘက်မှလည်း ကချင်လွတ်မြောက်ရေးတပ် KIA နှင့် အဆက်အဆံ မရှိကြောင်း ပြောဆိုခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်အဟုန် တိုးမြှင့်ရန် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် ဝန်ကြီး ၁၃ ဦးပါ ကိုယ်စား လှယ် အဖွဲ့ လေးရက်ကြာ လာရောက်စဉ် မြန်မာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု-ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ Shiv Shanker Menon တို့ နယူးဒေလီမြို့၌ တွေ့ဆုံ ပြောဆိုခဲ့ကြခြင်း ဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် Hindustan Times သတင်းစာကြီးတွင် ရေးသားထားသည်။

စနေနေ့က အဆုံးသတ်ခဲ့သော ဦးသိန်းစိန် ခရီးစဉ်အတွင်း အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာ တခုဖြစ်သည့်နှစ်နိုင်ငံ နယ်စပ် လုံခြုံရေး ကိစ္စတွင် အပြန်အလှန် စွပ်စွဲချက်များအား အသီးသီး တုန့်ပြန်လိုက်ကြခြင်းလည်း ဖြစ်သည်။
The Red Corridor ver 1
KIA တပ်များသို့ နယူးဒေလီ အစိုးရမှ ရဟတ်ယာဉ်များဖြင့် ရိက္ခာများ ချပေးခဲ့သည် ဟူသော စွပ်စွဲချက်နှင့် အိန္ဒိယ ပိုင် Tirap-Changlang ဒေသတွင်း KIA တပ်များ တပ်စွဲထားသည် ဟူသော မြန်မာဘက်မှ စွပ်စွဲချက်ကို အိန္ဒိယ ဘက်မှ ငြင်းဆို လိုက်သည်။

အောက်တိုဘာလအတွင်း အိန္ဒိယ Naxelite နှင့် PLA သူပုန်များက မြန်မာ့ မြေပိုင်နက်အတွင်း စစ်သင်တန်း စခန်း များ ဖွင့်လှစ်ရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း မြေပုံများနှင့်တကွ အိန္ဒိယ အထူးရဲတပ်ဖွဲ့က မကြာမီက ဖော်ထုတ် သိရှိ ခဲ့သည်။

မြန်မာဘက်မှ အဆိုပါ သူပုန်များအပေါ် အရေးယူ ဆောင်ရွက်မှုများ ရှိပါကြောင်း အိန္ဒိယဘက်မှ ယုံကြည် လက်ခံ လာရန် ကြိုးစားသော်လည်း အိန္ဒိယဘက်မှမူ အခိုင်အမာ သက်သေပြစေလိုသည်။

သို့သော် မြန်မာနိုင်ငံတွင် ဆည်မြောင်း လုပ်ငန်းများ အပါအဝင် စီမံကိန်း လုပ်ငန်းများစွာ အကောင်အ ထည် ဖော်နိုင် ရန်အတွက် နယူးဒေလီက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးယူခွင့် ပြုလိုက်သည်။

စက်တင်္ဘာ လဆန်းပိုင်းက မြန်မာတပ် စစ်ဆင်ရေး တခုအတွင်း အိန္ဒိယ အာသံသူပုန် ULFA စစ်ဦးစီးချုပ် Paresh Buruah သေနတ် ဒဏ်ရာ ရရှိသွားကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြု ပြောဆိုခဲ့သည်။

သို့သော် အိန္ဒိယ လုံခြုံရေး သတင်းရပ်ကွက်ကမူ မြန်မာစစ်တပ် အနေဖြင့် အိန္ဒိယ သူပုန်များနှင့် စည်းဝါးရိုက် ပူးပေါင်း ကြံစည်မှုများ ရှိနေနိုင်သည်ဟု သံသယရှိနေကြသည်။ မြန်မာတပ် စစ်ဆင်ရေးများ မဝင်နိုင်မီ တရက် အလိုတိုင်း အိန္ဒိယသူပုန်များက ရှောင်တိမ်းသွားနိုင်ကာ ဗလာ စခန်းများအား ပစ်ခတ်နေလေ့ ရှိသည်ဟု ဆိုသည်။
နှစ်နိုင်ငံ လေးလပါတ် အစည်းအဝေးများ မကျင်းမမီ မြန်မာဘက်မှ လုပ်ကြံ စစ်ဆင်ရေးများ ခင်းပြလေ့ ရှိကြောင်း လည်း အဆိုပါ စစ်ဘက်သတင်းရပ်ကွက်က ဆိုသည်။

အိန္ဒိယ အစိုးရ အဆိုအရ မြန်မာပိုင် ဒကာ Taga ဒေသတွင် အိန္ဒိယ အရှေ့မြောက် သူပုန်များဖြစ်ကြသည့် NSCN (K) , PLA နှင့် ULFA စခန်းများ ကီလိုမီတာ ၂၀-၃၀ ကျော် တည်ရှိနေပြီး PLA နှင့် UNLF တို့ မဏိပူရပြည်နယ် မိုးရေးနယ်စပ်တွင် တောင်မြောက် တပ်စွဲထားသည်ဟု ဆိုသည်။

နှစ်နိုင်ငံ တာဝန်ကျ တပ်မှူးများ လစဉ် တွေ့ဆုံလေ့ရှိပြီး တပ်ရင်း တပ်မမှူးများကလည်း သုံးလတ ကြိမ် တွေ့ ဆုံလေ့ ရှိကာ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိများက လည်း ခြောက်လ တကြိမ် တွေ့ ဆုံလေ့ ရှိကြသည်။

အိန္ဒိယအနေနှင့် နယ်စပ်တလျှောက် တပ်မတော်ချင်း ဆက်သွယ်ရေးများ တိုးမြှင့်စေလိုပြီး နှစ်နိုင်ငံ တပ်မကြီးမှူးများ နှစ်နှစ်တကြိမ် တွေ့ဆုံလိုကြောင်း တင်ပြခဲ့သည်။

နှစ်ဖက် နယ်စပ် တလျှောက် ထိရောက်သော ပူးတွဲစစ်ဆင်ရေးများ မြှင့်တင်ရန်အတွက် ယမန်နှစ်က နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လာရောက်ခဲ့စဉ်က ရရှိခဲ့သည့် သဘောတူချက်များ အပေါ်တွင် အခြေခံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဇာဂနာကို တားမြစ်ထားမှုများ ရုပ်သိမ်းရန် PEN တောင်းဆို။

ထောင်မှ လွတ်မြောက်လာသူ ဟာသပညာရှင်လည်းဖြစ် ကဗျာဆရာလည်း ဖြစ်သူ ဇာဂနာအပေါ် အစိုးရမှ တားမြစ် ပိတ်ပင်ထားမှုများအားလုံး ရုပ်သိမ်းပေးရန် နိုင်ငံတကာရှိ စာပေနှင့် သတင်းသမား များ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားသည့် လန်ဒန်အခြေစိုက် PEN International က
တောင်းဆိုလိုက်သည်။

“ဇာဂနာ အပေါ် ချုပ်ချယ်မှုများသည် လူ့အခွင့်အရေး ပုဒ်မ ၁၉ ပါ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း ဖြစ်၍ တားမြစ်မှုများအားလုံး ရုပ်သိမ်းပေးရန် တောင်းဆိုသည်” ဟု လန်ဒန်အခြေစိုက် PEN International ၏ အောက်တိုဘာ ၁၂ ရက်နေ့စွဲပါ ထုတ်ပြန်ချက်က ဆိုသည်။
Zaganar3
ထောင်မှ လွတ်မြောက်လာပြီး ဖုန်းတလုံး ဖြင့်အလုပ်ရှုပ်နေသော ကိုဇာဂနာကို တွေ့ရစဉ် (ဓါတ်ပုံမဇ္ဈိမ)
ဇာဂနာမှာ စစ်အစိုးရ လုပ်ရပ်များကို ထိထိမိမိ သရော်သည့် နိုင်ငံရေး ပြက်လုံးများကြောင့် အနုပညာ လှုပ်ရှားမှုများ ကို ထုတ်လွှင့်၊ ဖော်ပြခြင်း မပြုရန် ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်တွင် တရားဝင် စာထုတ်ကာ ပိတ်ပင်ခဲ့ သည်။ ယင်းအပြင် နာဂစ်မုန်တိုင်း ဒုက္ခသည်များကို ကူညီနေစဉ် ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃၅နှစ် ချခံခဲ့ရသည်။

မြစ်ကြီးနားထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုဇာဂနာက ပြည်တွင်းထုတ် ဂျာနယ်များတွင် မိမိ၏ ဓာတ်ပုံ အား ပြန်လည် ဖော်ပြလာသော်လည်း အနုပညာ ဆက်လုပ်ခွင့် ရ၊ မရနှင့် ပတ်သက်၍ မသိရသေးကြောင်း ပြောဆို သည်။

“ ကျနော့်ပုံကို ဘယ်ဂျာနယ် ဘယ်စာစောင်မှ မထည့်ရဘူး၊ အသံတောင် မသုံးရဘူးဆိုပြီး အမိန့် ထုတ်ထားတယ်။ထောင်က ထွက်လာတဲ့ အခါကျတော့ ကျနော့်ပုံကို ဂျာနယ်တွေမှာ မျက်နှာဖုံးတွေနဲ့ ထွက်လာကော၊ အဲဒါတွေက ပြီးသွားလား၊ မပြီးသေးဘူးလားဆိုတာ ကျနော်မသိဘူး” ဟု ဇာဂနာက မဇ္ဈိမကို ပြောသည်။

ကဗျာဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် လုပ်ငန်းများတွင် နာမည်ကျော်သည့်  စွယ်စုံရ ဟာသပညာရှင် ဇာဂနာ (ခေါ်) ကိုသူရမှာ အနုပညာ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့် ရ၊ မရ မသိရသေးသော်လည်း လွတ်လာပြီး ရက်ပိုင်းအတွင်း စီးပွားရေး ကြော်ငြာများ ရိုက်ကူး၊ သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရှိနေသည်ဟု သိရသည်။

ဇာဂနာ အနေဖြင့် ရုပ်ရှင်၊ ဗီဒီယိုနှင့် စီးပွားရေး ကြော်ငြာများ ရိုက်ကူးပါက  ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်လွှင့်ခွင့်ပေး၊မပေးကိုမူ မသိရသေးကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ပြောသည်။

“ အခုထိတော့ ခွင့်ပြုတယ် ဆိုတာမျိုး ဆက်သွယ် မလာသေးဘူး၊ ရုပ်ရှင် ဆင်ဆာအဖွဲ့ကို တင်တော့မှ ဇာတ်လမ်း စိစစ်ရေးက ပယ်မလား၊ ပိတ်မလား အဲဒါကိုပဲ ကြည့်ပြီးမှပဲ လုပ်ခွင့်ရ၊ မရ သိရမယ်" ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌ တဦးက ဆိုသည်။

ပြန်ကြားဝန်ကြီးဌာနက ရုပ်ရှင်လောကရှိ အနုပညာရှင်များနှင့် ပတ်သက်သည့် အမိန့်ထုတ်ပြန်ချက်များကို ရုပ်ရှင် အစည်းအရုံးမှ တဆင့် ပေးပို့ အကြောင်းကြားလေ့ရှိရာ ဇာဂနာ၏ အနုပညာ အလုပ်များ ခွင့်ပြုရေးမှာ “ဝန်ကြီးပေါ် မူတည်တယ်၊ ပေါ်လစီကိုး” ဟု သူက ဆိုသည်။

မြန်မာ့ရုပ်ရှင် ဆင်ဆာအဖွဲ့ကို  ပြန်ကြားရေး ဝန်ကြီးဌာနမှ အာဏာပိုင်များ ဦးစီးသည့် မြန်မာ့ ရုပ်ရှင်လုပ်ငန်းနှင့် ရုပ်ရှင် အစည်းအရုံးမှ တတ်သိ ပညာရှင်တို့ဖြင့်  ပါဝင် ဖွဲ့စည်းထားပြီး အစိုးရကို ထိခိုက်မည်ဟု ယူဆသည့် စကား လုံးများ (ဒိုင်ယာလော့ခ်)၊ ဇာတ်လမ်း ဇာတ်ကွက်များကို ဖြတ်တောက် ပြင်ဆင်ခိုင်းသလို ဇာတ်ကား ထုတ်ခွင့် မပြုခြင်း၊ အနုပညာရှင်များကို ဇာတ်ကား ရိုက်ခွင့်ပိတ်ပင်ခြင်းများဖြင့် အရေးယူလေ့ရှိသည်။

ဟာသ အနုပညာရှင် ဇာဂနာ အပါအဝင် ပိတ်ပင်ခံထားရသည့် အနုပညာရှင်များမှာ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ကျော်သူ၊ လူရွှင်တော် ဦးပါပါလေး၊ ဦးလူမော်၊ ဦးလူဇော်တို့လည်း ပါဝင်သည်။

“ဗိုလ်ချုပ်ကျော်ဆန်းတို့ ဘယ်လို ဆုံးဖြတ်မလဲ မသိသေးဘူး။ ကိုသူရကိုတော့ ထောင်ထဲ ထည့်ပြီးတော့ အပြစ်ပေး လိုက်တယ်။ ကျနော့်ကို ကျတော့ အပြင်လွှတ်ထားပြီး အနုပညာ လုပ်ခွင့်မပေးဘူး။” ဟု နာရေး ကူညီမှုများ လုပ်ကိုင်နေသည့် ရုပ်ရှင်မင်းသား ကျော်သူက ပြောသည်။

ကျော်သူမှာ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုတွင် လမ်းလျှောက် ဆန္ဒပြသည့် သံဃာတော်များ အား ဆွမ်းကပ်ရာတွင် ဇာဂနာနှင့်အတူ လှုပ်ရှားခဲ့သူ ဖြစ်သည်။