ယနေ့မြန်မာနိုင်ငံ၏ကံကြမ္မာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး   အား သမ္မတဦးသိန်း စိန်ခေါင်းဆောင်သော လက်ရှိအစိုးရအသစ် နှင့်   ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံလွှတ်တော်အတွင်း၊အပြင်   ပုဂ္ဂိုလ်များအချိန်မှီ မဆောင်ရွက်နိုင်လျှင် မကြာသောကာလတွင်   တရုပ်နိုင်ငံ၏ကိုလိုနီဖြစ်လာလိမ့်မည့် အရေးကြိုတင်ဟောကိန်းထုတ်လိုပါသည်။   နေပြည်တော် အခြေအမြစ်မှလာသော သတင်းများအရ   ရက်ပိုင်းအတွင်းက ဒုတိယ သမ္မတ သီဟသူရဦးတင်အောင်မြင်ဦးတရုပ်နိုင်ငံသို့လျှို့ဝှက်ခရီးထွက်ခွါသွားကြောင်း သိရပါသည်။ ဧရာဝ တီမြစ်ဆုံရေ ကာတာကိစ္စအတွက်   ဆွေးနွေးရန်သွားကြောင်း အတည်ပြုဆဲသတင်းများအရ သိရ ပါသည်။   နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ အမေရိကန်နိုင်ငံ   ဝါရှင်တန်မြို့ သို့ရောက်ရှိနေပြီး   သမ္မတအိမ်တော်မှတာဝန်ရှိသူများနှင့်သမ္မတ၏အထူးကိုယ်စားလှယ် DerickMitchellတို့နှင့်တွေ့ ဆုံဆွေးနွေး နေပြီဖြစ်ပါသည်။
တရုပ်နိုင်ငံ သည်   ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း တို့နှင့်ပြဿနာဖြစ်နေသော South   China Sea အတွင်း Spratly ကျွန်းစုအရေးကိစ္စ နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်   မြန်မာနိုင်ငံ အား တရုပ်နိုင်ငံဘက်မှထောက်ခံရန်   ရပ်တည်ပေးရန်သမ္မတဦးသိန်းစိန်ကိုဖိအားပေးလျက် ရှိကြောင်း သိရပါသည်။   သမ္မတဦးသိန်းစိန် အနေဖြင့် တရုပ်နိုင်ငံ၏ တောင်းဆိုချက်ကို   လက်ခံလိုစိတ်မရှိကြောင်း အာဆီယံနိုင်ငံများနှင့်သာလက်တွဲသွားလိုသည့်ဆန္ဒရှိသဖြင့်တရုပ်ခေါင်းဆောင်များမကြေမနပ်   ဖြစ်နေကြပါ သည်။ Spratly ကျွန်းစုအရေးကိစ္စ ဖြစ်နေသောနိုင်ငံများအနေဖြင့်လည်း   လက်ရှိအနေအထားအရ တရုပ်တို့ကို ရင်ဆိုင်ရန် အမေရိကန်နိုင်ငံ ထံမှ   စစ်ရေးအကူညီရရေး ချဉ်းကပ်နေကြပါသည်။ သို့သော် မြန်မာအစိုးရအနေဖြင့်မူ တရုပ်   နိုင်ငံအစိုးရကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ရဲသလို   လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် အမေရိကန်အစိုးရ ကိုချဉ်းကပ်ရန်   မဝံ့မရဲဖြစ်နေရသည့် အခြေအနေမျိုးဖြစ်နေပါသည်။
ထို့အပြင်   စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏တစ်ဦးတည်းမှားယွင်းစွာဆုံးဖြတ်ခဲ့မှုကြောင့် မြန် မာနိုင်ငံ သည် တရုပ်အစိုးရ   ၏ လက်ဝေခံဘဝရောက်ခဲ့ရပါသည်။ စာချုပ်ပေါင်းများစွာကို တရုပ်တို့အလိုကျ   လက်မှတ်ထိုးရေးထိုးပေးခဲ့ရသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရသည်ချီတုတ်ခံထားရသည့် သဘောဖြစ်နေပါသည်။ တရုပ်တို့၏ တောင်းဆိုချက်အတိုင်း   သမ္မတဦးသိန်းစိန် အစိုးရသည် နယ်စပ်ဒေသရှိ ”ဝ“ နှင့် မိုင်းလား   လက်နက်ကိုင်အဖွဲ့များ ကိုယခင်အခြေအနေများအတိုင်းနေထိုင်ခွင့်ပြုရန်သဘောတူညီခဲ့ ရ ပါ သည်။ ယနေ့ မြန်မာတစ်မျိုးလုံး၏ အမျိုးသားရေးကိစ္စဖြစ်သော   ဧရာဝတီမြစ်ကယ်တင်ရေး သည် အစိုးရအာဏာပိုင်အများစုအပါဝင် တစ်မျိုးသားလုံး၏   တောင်းဆိုမှုကြောင့် သမ္မတဦးသိန်းစိန် အနေဖြင့်ရေကာ   တည်ဆောက်ရေးကိုရပ်တံ့ရန်ဆန္ဒရှိကြောင်းသိရပါသည်။သို့သော်တရုပ်အစိုးရ   ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရပေဦးမည်။ ယခင်အစိုးရလက်ထက်   တရုပ်တို့နှင့် သဘောတူလက်မှတ်ထိုးခဲ့သည့် ကိစ္စဖြစ်နေ၍တရုပ်တို့၏သဘောထားကိုပြန်လည်မေးမြန်း ဘို့လိုသလိုကုန်ကျသုံးစွဲပြီးငွေကြေးများ   မည်ကဲ့သို့ဆောင်ရွက်မည် ဆိုသည်ကိုလည်းညှိနှိုင်း ရပေဦးမည်ဖြစ်ပါသည်။   ထို့ကြောင့် သီဟသူရဦးတင်အောင်မြင်ဦး တရုပ်နိုင်ငံသို့ သွားနေရပါသည်။
 ဧရာဝတီမြစ်ဆုံရေ   ကာတာ တည်ဆောက်မှု ကိစ္စ အတွက် မြန်မာပညာရှင်များ တရုပ်နိုင်ငံသို့ သွားရောက်စဉ် တရုပ်တာဝန်ရှိသူများမှ   ရေကာတာတည်ဆောက်မှုကြောင့်ဆိုးကျိုးများဖြစ်လာ မည်ကိုသိရှိပြီး ဖြစ်သောလည်းဘာကြောင့်လုပ်ရသလဲဆိုတော့”မင်းတို့အစိုးရကိုယ်တိုင်သဘောတူလို့ ငါတို့လုပ်တာ၊မင်းတို့အစိုးရကိုမင်းတို့အပြစ်တင်၊မင်းတို့အချင်းချင်းပြဿနာဖြစ်တာငါတို့နှင့်မဆိုင် ဘူး၊ငါတို့ကတော့အကျိုး အမြတ်ရှိရင်   ဘာမဆို လုပ် မှာဘဲ” လို့ပြောလွှတ်လိုက်ကြောင်းသိရပါသည်။ အကယ်၍   တရုပ်အစိုးရက ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ရပ်စဲရေးကို   သဘောမတူခဲ့ဘူးဆိုလျှင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဆိုတာကိုလဲစဉ်းစားထား ဘို့လိုမည်ဖြစ်ပါသည်။
သို့ပါ၍ ဧရာဝတီမြစ်ကယ်တင်ရေးအတွက်   လက်ရှိဆောင်ရွက်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေး အချိန်ဆွဲ မည်ဆိုပါက   မြန်မာနိုင်ငံသည်မကြာမှီတရုပ်တို့၏ရန်အန္တရယ်   နှင့်ရင်ဆိုင်ရလာနိုင်ကြောင်းသုံးသပ် တင်ပြအပ် ပါသည်။
-ဗိုလ်မှူးအောင်လင်းထွဋ်
၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၂၉ ရက်
ဝါရှင်တန်မြို့
No comments:
Post a Comment